ကျွန်တ်ာရေးလို့တဲ့ဆောင်းပါးကတော အချစ်ရေးမှသည်
အိမ်ထောင်ရေးသို့ဆိုတဲ့ခေါင်းစဉ်လေးနဲ့
ရေးချင်ပါတယ် အချစ်ရေးဆိုတဲ့စကားကိုကြားလိုက်တာနဲ့ အချစ်ရေးဆိုတာ
လူငယ်တွေနဲ့ပဲဆိုတယ်
လူကြီးတွေနဲ့မဆိုင်ဘူးအဲဒီလိုထင်ကောင်းထိုင်နိုင်လိမ့်မယ်
.တွေးကောင်းတွေးနိုင်လိမ့်မယ် တ ကယ်
တမ်း အိမ်ထောင်ရေးမှာအချစ်ရေးက အဓိကကျပါတယ် ဥပမာအနေနဲ့ပြောမယ်ဆိုရင် အထပ်ပေါင်း
မြောက်များစွာဆောင်လုပ်တဲ့အဆောင်ဦးတစ်ခုဟာ
အောက်ကအခြေခံဖောင်ဒေးရှင်းမခိုင်ရင် ပြိုလဲ
ပျက်စီးရသလို အိမ်ထောင်ရေးတည်းဟူသော အဆောင်အဦးခိုင်မှာနေဖို့အတွက် အချစ်ရေးတည်း
ဟူသောဖောင်ဒေးရှင်းကခိုင်မာတောင့်တင်းနေဖို့အရေးကြီးပါတယ် လူတွေကပြောကြတယ် အိမ်
ထောင်ရေးမှာအဓိကငွေတဲ့ ငွေရှိရင် အိမ်ထောင်ရေး ခိုင်မှာပြီ တဲ့
အပြန်အလှန်ကြည်နူးတတ်တာ
လည်းငွေတဲ့ ငွေမရှိရင် အိမ်သူသက်ထားဇနီးမယားကလည်းမကြည်ဖြူဘူးတဲ့ တကယ်တမ်းဆန်းစစ်
ကြည်တော့ငွေဆိုတာ အထက်တန်းကျကျမျက်နှာပန်းလှတာကတောသေချာပါတယ် ငွေကြောင်း
မျက်နှာလည်းပွင့်တယ် အထက်တန်းကျပါတယ် သို့သော်ငြားလည်း မိန်းမနဲ့ယောက်ျား
 ယျောာ်းနဲ့မိန်းမ အိမ်ထောင်တစ်ခုပြုလာကြပြီးဆိုတော
တစ်ယောက်ကိုတစ်ယောက်ဂရုစိုက်မှု တစ်
ယောက်ကိုတစ်ယောက်အလေးထားမှုကိုလိုလာကြပြီးလေ (relation of  love ) ဒါမှ အိမ်ထောင်ရေး
သာယာမှာပါ၊ တကယ်လိုများ အိမ်သူသက်ထားဇနီးမယားကို လင်ယောက်ျားကအလေးမထား လင်
ယောက်ျားကိုလည်းအိမ်သူသက်ထားဇနီးမယားကအလေးမထားဘူးဆိုရင် အဲဒီအိမ်ထောင်ရေးဟာ
ဘယ်တောမှသာယာနိုင်မှာမဟုတ်ပါဘူး၊ အိမ်ထောင်ရေးသာယာနိုင်မှာလည်း ဘာသာရေးတွေလူမှု
ရေးတွေကိုဆက်လို့လုပ်လို့ရမှာပေါ့၊ ဒါကြောင်းတစ်ယောက်ကိုတစ်ယောက်အလေးထားတယ် သစ္စာရှိ
ရှိတယ်ဆိုတာက တကယ်တမ်း တစ်ယောက်ကိုတစ်ယောက် ၊်တကယ်ချစ်နိုင်မှပေါ့ တကယ်တမ်းကျတော
မိန်းမရော ယောကျာ်းပါ အလိုချင်ဆုံး
ကတစ်ယောက်ကိုတစ်ယောက်အလေးထားမှုမေတ္တာတရားတေတွေကိုသာ တစ်ယောက်ကိုတစ်
ယောက်မေတ္တာတရားမပျက်သမျှတောအဲဒီအိမ်ထောင်ရေးဟာ သာယာနေမှာသေချာပါတယ် .ဒီနေရာ
မှာကျွန်တော်ကြားဖူးတဲ့ ဇာတ်လမ်းတစ်ပုဒ်ကိုတင်ပြချင်ပါတယ်၊
မြို့တစ်မြို့မှာပေါ့နော် လင်မယား
နှစ်ရှိတယ် လင်ကတောပညာလည်းမတတ်ဘူး ဇနီးမယားကတောပညာတတ်တယ် ဒါပေမယ့်သူတို့
လင်မယားဟာ ပိုက်ဆံမချမ်းသာဘူး လင်ယောက်ျားက အလုပ်ကြမ်းမှာအလုပ်လုပ်ရပြီး ဇနီးမယားက
တောပညာတတ်တဲ့အတွက်ကြောင့် ကုမ်ပဏီတစ်ခုမှာအလုပ်လုပ်ပါတယ် တစ်နေ့တော အစည်းဝေး
တစ်ခုမှာ စကားပြောရင်း ကော်ပီးသောက်လိုက်တယ် သူမသောက်လိုက်တဲ့ကော်ပီခွက်မှာနှုတ်ခမ်း
ဆို့ဆေးပေသွားတယ် အဲဒါကိုမန်နေဂျာကမြင်တော မင်းဟာနှုတ်ခမ်းနီကောင်းကောင်းလေး
တစ်တောက်ကိုမ၀ယ်နိုင်ဘူးလား ဒါကလူကြီးသူကြီးတွေနဲ့စကားပြောတဲ့အခါမှာ စားတာသောက်
တာကိုအရေးထားရတယ်  စသည်ဖြင့်ဆူပူကြိမ်းမောင်းငေါက်ထုတ်လိုက်တာ မိန်းခလေးကအလုပ်ပြီး
တာနဲ့ စိတ်တွေညစ်ပြီးတောအိမ်ကိုပြန်လာတယ် လင်ယောက်ျားက ဇနီးမယားစိတ်ညစ်တာကိုမြင်
လို့ မိန်းမဘာကြောင်းစိတ်ညစ်တာလဲမေးတယ်
မိန်းမကဖြစ်ပုံအခြင်းရာတွေကိုအကုန်လုံးကိုပြောပြ
တယ် မိန်းမကထပ်ပြိးတောနှုတ်ခမ်းနီးကောင်းကောင်းတစ်တောက်ဝယ်ပေးဖို့ရန်လင်ယောကျာ်းကို
ပူဆာတယ် သူလိုချင်တဲ့နှုန်ခမ်းနီဟာ ဈေးကအလွန်ကြီးနေတဲ့အတွက်ကြောင်း လင်ယောက်ျားက
မ၀ယ်ဖို့ရန် လျှော့ပြောတယ်
အကိုတို့မှာဆင်းရဲတဲ့အတွက်ကြောင်းဘာမဟုတ်တဲ့နှုတ်ခမ်းနီတစ်တောက်ကိုဝယ်
လိုက်လို့ပိုက်ဆံတွေကုန်တာပဲအဖတ်တင်မှာဖြစ်ကြောင်းမိမိဇနီးမယားကိုလျှော့ပြောသော်လည်း
မိန်းမက မန်နေဂျာဆီမှာအဆူခံရတာကိုပဲစိတ်ထဲမှာမကျေနပ်ဘဲ့ လင်ယောက်ျားကိုမ၀ယ်ပေးနိုင်
ရင် အတူတူမနေနိုင်ကြောင်း စကားများကြတော့အဲဒီနေ့မှာ ဇနီးသည်မိန်းမကသူ့ကိုမချစ်လို့မ
ဝယ်ပေးတာအထင်လွဲပြီး သူ့ထက်သာတဲ့ ချမ်းသာတဲ့ယောကျာ်းတစ်ယောက်ကိုသူလက်ထပ်
မယ်ဆိုပြီးကွာရှင်းလိုက်ပါတယ်၊ သူလက်ထပ်လိုက်တဲ့ယောက်ျားက ပိုက်ဆံချမ်းသာတယ် သူ့မဟာ
စားဝတ်နေရဲအတွက်ပူပင်စရာမလိုပါဘူး သူယူထားတဲ့ယောကျာ်းကလည်းပြုစုယုယမှုတွေ အရေး
စိုက်မှုတွေကိုက အယင်ယောကျာ်းထက်တောင်အဆပေါင်းများစွာသာနေတယ်၊ သူမအတွက်တောရွေး
ချယ်မှုမှန်သွားပြီးလို့ ကြေနပ်အားရလို့မဆုံးပါဘူး၊ ဒါပေမယ့်
သူမပျော်ရွှင်မှုဟာသိပ်မကြာလိုက်ပါဘူး
သူမရွေးချယ်မှုက သူမကိုလက်ထပ်တဲ့ယောက်ျားဟာ
မိန်းမရှိတယ်ဆိုတာကိုသိလာရတယ်၊ ပြီးတော
သူမကိုလည်း သုံးလေးလလောက်သာ အလေးထားတယ် ဂရုစိုက်တယ် တကယ့်ကိုဇနီးမယားတစ်
ယောက်လိုဆက်ဆံပေါင်းသင်းခဲ့တယ်၊ ခုတော သူမကို ကျွန်မတစ်ယောက်လိုဆက်ဆံလာတယ်
သဘောထားတင်းမာလာတယ် သူမကပြောတောလည်း နင်ဟာငါ့ကိုငွေရေးကြေးရေးကြောင်းလက်
ထပ်ခဲ့တာမဟုတ်ဘူးလား နင်လိုချင်တဲ့ငွေရေးကြေးရေးရလို့ရှိရင်
အဆင်ပြေပြီးမို့လားလို့ပြောဆို
ကြိမ်းမောင်းပြီးသူလုပ်ချင်တာကို ယောက်ျားဟာ ဆက်လုပ်တောတာပါပဲ၊
သူမလိုချင်တာဘာလဲလို့
ခုမှသူမသိလာလိုက်ပြီ၊ သူမလိုချင်တာ ငွေရေးကြေးရေးမဟုတ်ဘူ လင်ယောက်ျားတစ်ယောက်
ဆီက အလေးထားမှု ဂရုစိုက်မှု တန်ဖို့ထားမှု ခုတောသူမလိုချင်တာ ငွေရေးကြေးရေးကဘယ်လောက်
ပင်ပြည်စုံနေသော်လည်း အချစ်ရေးမပါပဲလက်ထပ်ခဲ့တဲ့အတွက်ကြောင်းသူမဟာ
စိတ်ဆင်းရဲနေရပြီး
ပထမချစ်လို့လက်ထပ်ခဲ့ကြတဲ့  ယောကျာ်းကတောသူမကိုမချစ်လို့ နှုတ်ခမ်းနီမ၀ယ်ပေးခဲ့တာမ
ဟုတ်ပါဘူး သူမကို သူများဆီမှာအလုပ်လုပ်နေရတာကို မမြင်ရဲလို့
ကိုယ့်ပိုင်အလုပ်လုပ်နိုင်အောင်လို့
ငွေကိုတန်ဖို့ရှိရှိအသုံးချနိုင်အောင်လို့ဘာမဟုတ်တဲ့နှုတ်ခမ်းတစ်တောက်နဲ့ငွေတွေကိုမဖြုန်းတီးမ
မကုန်စေချင်တဲ့အတွက်ကြောင်း မ၀ယ်ပေးလိုက်တာ ဒါကိုသူမကနားမလည်တော စိတ်ကောက်ပြီး
အိမ်ကဆင်း နောက်အိမ်ထောင်ပြုသွားတယ် ခုတောသူမမျှော်မှန်းထားတဲ့အတိုင်း
ငွေရေးပြည့်စုံတိုင်း
စိတ်ချမ်းသာမှုမရှိဘူး ဆိုတာကိုနားလည်လာပြီး အချစ်ဦးအိမ်ထောင်ဦးယောက်ျားကလည်း ငါဟာ
နှုတ်ခမ်းနီတစ်တောက်မ၀ယ်ပေးနိုင်တဲ့အတွက်ကြောင်း၊
ဇနီးမယားတစ်ယောက်ကိုဆုံးရှုံးခဲ့တယ် လို့စိတ်ထဲမှာ
နာကြည်းချက်နဲ့ နှုတ်ခမ်းနီအကြောင်းကိုသေချာလေ့လာပြီး ရောင်းချရင့်နဲ့
နောက်တော့စီးပွားရေး
မှာအောင်မြင်လာပြီး  ကုမ်ပဏီထောင်လို့ချမ်းသာသွားတယ် ၊
ကျွန်တော်ပြောဆိုချင်တာက မိန်းမပဲ
ဖြစ်ဖြစ် ယောက်ျားပဲဖြစ်ဖြစ်ပေါ့ တစ်ယောက်ကို တစ်ယောက်
အပြန်အလှန်နားလည်မှုရှိဖို့လိုပါတယ်၊
( relationship of  love ) တစ်ယောက်ကိုတစ်ယောက်အပြန်အလှန်ချစ်ခြင်းမေတ္တာ မပါဘဲ့အိမ်
ထောင်ပြုမယ်ဆိုရင် အဲဒီအိမ်ထောင်ရေးဟာသိပ်မကြာပါဘူး အချစ်ဟာရေးဟာ အိမ်ထောင်ရေးတစ်ခု
တည်မြဲဖို့အတွက်အဓိကကျတယ် ဒီနေရာမှာအချစ်ရေးကိုပြောနေလို့သဘောတစ်မျိုးပေါက်မသွားစေ
ချင်ဘူး မေတ္တာတရားကိုဆိုလိုတာပါ  တကယ်တမ်းလင်မယားဖြစ်လာကြပြီးဆိုရင် လူစိမ်းတစ်
ယောက်လိုနေလို့မဖြစ်တောဘူး တစ်ယောက်နဲ့တစ်ယောက်
ရင်းရင်းနှီးနှီးတိုင်ပင်ဆွေးနွေးအကြံတွေ
ပေးလို့ကြင်နာယုယထားပြိးနေသွားဖို့လိုအပ်လာတယ်၊ တစ်ချို့အိမ်ထောင်ရေးတွေရှိတယ် လင်
မယားဖြစ်နေကြပေမယ့် တစ်ယောက်နဲ့တစ်ယောက်စကားမပြောကြဘူး၊ အဲဒီလိုအိမ်ထောင်ရေးဟာ
ဘယ်လိုသာယာကြလိမ့်မလဲ ဇနီးမယားနဲ့ လင်ယောက်ျားမှာ နှစ်ယောက်စုံလုံး
ရာခိုင်နှုန်းအပြည့်
နားလည်မှုရှိဖို့လိုတယ် ၊ နှစ်ယောက်မှာ တစ်ယောက်ကဘယ်လောက်ပဲနားလည်မှုရှိနေပါစေ တစ်
ယောက်ကနားလည်မှုမရှိဘူး ဆိုရင်အိမ်ထောင်ရေးဟာမသာယာတောဘူး လင်ယောကျာ်းတစ်ယောက်
အလုပ်ကိုကေားင်ကောင်းလုပ်နိုင်ဖို့အတွက် အလိမ္မာဇနီးတွေလိုအပ်သလို
အိမ်သူသက်ထားဇနီးမယား
တွေအတွက်လည်း လင်ယောက်ျားကောင်းဆိုတာလိုအပ်တယ်လေ ၊ဒါကြောင်း လင်ကောင်းမယား
အပါယ်ကိုမသွားရဘူး၊ မယားကောင်းတဲ့လင်ယောကျာ်းက လည်း
နိဗ်ဗာန်ကိုဝင်ရတယ်လို့စာတွေမှာဖွဲ့ဆိုထားတာရှိပါတယ်၊
ကျွန်တော်တို့ဗုဒ်ဓဟာလည်းပဲ နားလည်မှုနဲ့
လင်ယောကျာ်းရဲ့အလိုကိုသိတတ်မှုရှိတဲ့ ယသော်ဓရာအလောင်းဇနီးနဲ့
ကာလအားဖြင့်လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်းကလကြာအောင်
ပါရမီးမြောက်သောအချစ်ဇာတ်လမ်း
တွေကိုခင်းခဲ့သည်၊ ထို့ကြောင်းဗုဒ်ဓသည်အလောင်းတော်ဘ၀နဲ့
ချောမောလွယ်ကူစွာလုပ်နိုင်ခဲ့
တဲ့အတွက်ကြောင်း ၊အတုမရှိဗုဒ်ဓဟုဖြစ်လာသည်မဟုတ်ပါလား ၊ကျွန်တော်တို့သည် ဗုဒ်ဓဆုပန်
အလောင်းတော်မဟုတ်သော်လည်းပဲ ပါရမီမြောက်တဲ့အချစ်မျိုး ဘ၀တစ်ခုကိုတည်ဆောက်ကြမယ်ဆို
ရင် ဒီဘ၀အတွက်လည်းသာယာအေးချမ်းမယ် နောက်နောင်ဘ၀တွေမှာလည်း အေးချမ်းသာယာလာ
မှာသေချာပါတယ်၊ ဒီဘ၀မှာ အပြန်အလှန်မေတ္တာတရားနဲ့မချစ်ခဲ့ဘူး အိမ်ထောင်ရေးဘ၀ကိုမတည်
ဆောက်ခဲ့ဘူးဆိုရင် နောက်ဘ၀တွေမှာ တစ်ယောက်အသံကိုကြားရင် နားခါးသွားမယ် တစ်ယောက်
အရုပ်ကိုမြင်ရင်မကြင်နတတ်တောဘူး ၊ လင်နဲ့မယားနားလည်မှုရှိမှ
မိမိပတ်ဝန်းကျင်ဆွေမျိုးအသိုင်းဝိုင်း
လည်းငြိမ်းချမ်းမယ် ရှေ့သွားနောက်လိုက်ညီမယ်
စီးပွားရေးတွေလည်းအဆင်ပြေလာမယ်၊ မိမိတို့
ကိုစွဲလို့ရလာတဲ့သားသမီးတွေကိုလည်း အထက်တန်းကျအောင် မျက်နှာပန်းလှအောင် မိမိတို့
အထောက်ပံ့ပေးနိုင်မှာဖြစ်တယ်၊ မိသားစုမှာ အမေနဲ့အဖေ
ညီညွတ်မှုမရှိဘူးဆိုရင် သားသမီးတွေလည်း
သစ်ကြားမှာဝါးညှပ်သလိုအဖြစ်မျိုးနဲ့ ဘ၀တွေပျက်စီးဆုံးရှုံးသွာတတ်တယ်၊
အိမ်ထောင်ပြုမှုဟာ လူသားမျိုးနွယ်စုတစ်ခုအတွက်လည်း အလွန်တရာမှအရေးကြီးတယ် ၊နိုင်ငံ
တော်အတွက်လည်းအရေးကြီးတယ် ၊ ဘာသာသာသနာစောင့်ရှောက်ရာမှာလည်းအလွန်တရာ
မှအရေးကြီးတယ်၊ ဒါကြောင်း မိမိတို့ဘ၀တစ်ခုလုံးခုတ်မောင်းစီးသွားမယ်
အိမ်ထောင်ရေးသင်္ဘော
ကြီးကိုကောင်းကောင်းမွန်မွန်တည်ဆောက်နိုင်ကြပါစေ။

                          ကျော်မိုးလွင်

0 comments:

Post a Comment

 
Top