သာ့သနာ့အာဇာနီလောင်းလျာသူငယ်ကိုရခိုင်ပြည်နယ်၊စစ်တွေခရိုင်၊မြောက်ဦးမြို့နယ်ပေါက်ပင်ကွင်းကျေးရွာ၌ ခမည်းတော် ဦးကျော်အောင်နှင့် မယ်တော် ဒေါ်မိဝင်ယေ ရို့မှ၁၈၇၅ ခုနှစ်၊ မေလ (၂၅) ရက်၊ ၁၂၃၇ ခုနှစ်၊ ကဆုန်လပြည့်ကျော်(၁)ရက် အင်္ဂါနိန့်တွင် မီးရှူးသန့်စင် ဖွားမြင်တော်မူခသည်။ မွီးချင်းသုံးဦးအနက် ဆရာတော်သည် အကြီးဆုံး သားကြီးသြရသဖြစ်သည်။အသက်(၁၂)နှစ်အရွယ်တွင် ဘာကြီးတော်စပ်သူဆရာတော်ဘဒ္ဒန္တစန္ဒိမာ(စန္ဒိယာရာမကျောင်း၊စစ်တွေ)ထံပါးတွင်သျှင်သာမဏေဘဝဖြင့်ပိဋကတ်စာပီများကိုသင်ယူခသည်။ထိုနောက်မော်လမြိုင်မြို့ကဒိုးကောဝှပ်ကျောင်း၊မန္တလေးမြတောင်တိုက်၊ပတ္တမြားတိုက်၊ခင်မကန်တိုက်နှင့်၊ဝိသုဒ္ဒါရုံကျောင်းတိုက်ဆရတော်ဘုရားများထံတွင်ပိဋကတ်ကျမ်းကန်များကို နှံ့နှံ့စပ်စပ် သင်ယူလေ့လာခသည်။ သီရိလင်္ကာနိုင်ငံသား အသျှင်အနာဂါရိယဓမ္မပါလ၏ ပင့်ဖိတ်ချက်အရ သျှင်သာမဏေဘဝဖြင့်ပင် ၁၈၉၀ ခုနှစ်၊ နိုဝင်ဘာလ (တန်ဆောင်မုန်းလ)တွင် အစိုးရအရာဟိဦးသာဒိုးဝေနှင့်ပြည်တွင်းအခွန်အရာဟိတဦး လိုက်ပါပို့ဆောင်၍အိန္ဒယနိုင်ငံသို့ရောက်ဟိလာခသည်။ထိုနောက်ရည်မှန်းချက်ကြီးမားစွာဖြင့်ဟန္ဒီ၊သက္ကစသောဘာသန္တရစာပီများကိုအားကြိုးမာန်တက်လေ့လာသင်ယူခပြီး၁၂၆၉ခုနှစ်၊တပို့လဆန်း(၉)ရက်နိန့်တွင် ကုန်သည်ကြီး ဦးရွှေစားဦး ဒေါ်မိချမ်းရို့၏ ပစ္စယာနုဂ္ဂဟရို့ဖြင့် ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ပန်းဝါမြို့တွင် ရဟန်းအဖြစ်သို့ ရောက်ဟိတော်မူခသည်။ဆရာတော်ဘုရား၏ တသက်တာ အံ့ချီးဖွယ်ရာ သာသနာပြု (ပရဟိတလုပ်ငန်း)များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ ဗုဒ္ဓဘာသာ လုံလုံးလျားလျား ကွယ်ပျောက်နီခသော မိဇ္ဈိမဒေသ အိန္ဒိနိုင်ငံ၌ အခက်ခဲ့ပေါင်းများစွာကို ရင်ဆိုင်လျက် ဘ၀တစ်ခုလုံးကို နစ်မြုပ်ကာ သာသနာပြုတော်မူခသည်။ရတနာဂီရိတွင်သီပေါမင်းကြီးနှင့် အိန္ဒိနိုင်ငံ၌သာသနာရေးကိစ္စများကိုအကြိမ်ကြိမ်ဆွေးနွေးတော်မူခသည်။သံဝေဇနိယဌာနများတွင်အမြော်အမြင်ကြီးမားစွာဖြင့် မြန်မာဘုန်းတော်ကြီးကျောင်းများကိုတည်ဆောက်တော်မူခသည်ကုသိနာရုံတွင် ဒေသခံများအတွက် အခြေခံပညာမူလတန်းကျောင်း၊ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်းနှင့် ဗုဒ္ဓဒီဂရီကောလိပ်ရို့ကိုဖွင့်ပီးခပြီးအခမဲ့ဆီးပီးခန်းများကိုလည်းဖွင့်ပီးခသည်ဓမ္မပဒ၊မဟာသတိပဌာနသုတ်၊အနတ္တလက္ခဏာသုတ်နှင့်သိဂိင်္တိသုတ်ရို့ကိုဟိန္ဒီဘာသာသို့လည်းကောင်း၊”သောရောဒယ”နှင့်”အဉ္ဇနနိဒါန်းအမည်ဟိစာအုပ်ရို့ကိုသက္ကတဘာသာမှမြန်မာဘာသာသို့လည်းလောင်း၊ဒေသခံများသာသနာပြုရာတွင်လွယ်ကူချောမွိ့စီရန်အခြားစာအုပ်များကိုဟိန္ဒီဘာသာသို့လည်းကောင်းပြန်ဆိုရွီးသားတော်မူခသည် ဘိက္ခုသစ္စ၀ံသ၊စာပီပညာသျှင်ဒေါက်တာရာဟုလာသံကိစ္စည်း၊ဒေါက်တာဗုဒ္ဓရက္ခိတ၊ဘိက္ခုကဿပ(ယ္ခုနာလန္ဒာတက္ကသိုလ်၏ဖေါင်ဒါ)၊ ဘိက္ခုအာနန္ဒာကောသလ္လ၊ဘိက္ခု အဉ္ဇုတာနန္ဒနှင့် ဘိက္ခုပညာဝံသစသော အိန္ဒိယနိုင်ငံသား ပညာတတ်တပည့်ရဟန်းတော်များ မွီးထုပ်ပီးခပါသည်။ မြန်မာနိုင်ငံတွင်ကျင်းပသောဆဋ္ဌသင်္ဂါယနာတင်ပွဲသို့အိန္ဒိယရဟန်းတော်များ၏ကိုယ်စားကြွရောက်တော်မူခပြီး၊ ၁၉၅၅-ခုနှစ်တွင် ခတ္တမန္ဒူမြို့၌ နီပေါ ဘုရင်မင်းမြတ် ဦးဆောင် ကျင်းပခသော ကမ္ဘာ့ဗုဒ္ဓဘာသာ အစည်းအဝေးသို့လည်းတက်ရောက်တော်မူခသည်၁၉၅၆ခုနှစ်၊အောက်တိုဘာလ၁၄ရက်နိ့တွင်အိန္ဒိယနိုင်ငံဗဟိုတရားရေးရာဝန်ကြီးဒေါက်တာအမ္ဗေဒကာအပါအ၀င်အိန္ဒိယနိုင်ငံသားဟိန္ဒူဘာသာဝင်၆သိန်းကျော်ရို့အားအိန္ဒိယနိုင်ငံနာဂပူမြို့၌ဗုဒ္ဓဘာသာအဖြစ်သို့သွင်းပီးတော်မူခရေအတွက်ဗုဒ္ဓဘာသာဝင်များနှင့် ဗုဒ္ဓဘာသာကို စိတ်ဝင်စားသူ ကမ္ဘာသူ ကမ္ဘာသားများ၏ အံ့ချီးထောပနာပြုမှုများကို အကြီးအကျယ်ရဟိ တော်မူခသည်။ဤမျှကြီးကျယ်သောသာသနာပြုလုပ်ငန်းများပရဟိတလုပ်ငန်းများကိုဆောင်ရွက်တော်မူခသောကမ္ဘာ့သာသနာပြုဆရာတော်ဘဒ္ဒန္တစန္ဒြမဏိမဟာထေရ်မြတ်သည်၁၉၇၂ခုနှစ်၊မေလ(ဂ)ရက်နိ့တွင်အိန္ဒိယနိုင်ငံယူပီပြည်နယ်ကုသိနာရုံမြန်မာကျောင်းတိုက်၌ဘဝနတ်ထံပျံလွန်တော်မူခပါသည်။ဆရာတော်ဘုရားပျံလွန်တော်မူခြင်းကြောင့်နိုင်ငံပေါင်း(၃၂)နိုင်ငံမှဝမ်းနည်းကြောင်းသ၀ဏ်လွှာများ၊ကြီးနန်းစာဖြင့်(၅၆၉)စောင်နှင့်၊လက်ရေးမူဖြင့်(၇၀၉)စောင်ရို့ကိုပို့ပီးခကတ်ပါသည်။ထို(၁၂၇၈)စောင်သောဝမ်းနည်းမှုသ၀ဏ်လွှာများရောက်ဟိလာခြင်းကဆရာတော်ဘုရားကြီးအားကမ္ဘာကမည်ရွှေ့မည်မျှလေးစားကြည်ညိုကြသည်၊ မည်ရွှေ့မည်မျှတန်ဖိုးထားကြသည်ကို သက်သီသာဓက မီးမောင်းထိုးပြခြင်းပင်ဖြစ်ပါသည်။ ကျော်မိုးလွင်

0 comments:

Post a Comment

 
Top