အမျိုးသမီးတွေကို ဘယ်လိုစွဲဆောင်နိုင်အောင်လုပ်ရမယ်၊ ဘယ်လိုလွှမ်းမိုးနိုင်အောင် လုပ်ရမယ်ဆိုတာက အမျိုးသားတွေရဲ့ အိမ်မက်တစ်ခုလိုပါပဲ။ မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး၊ မဖြစ်သေးတာပဲရှိတာပါ။ ဒီတော့ ဘယ်လိုနည်းလမ်းတွေက အမျိုးသမီးတစ်ယောက်ရဲ့  အသည်းနှလုံးကို ပိုင်ဆိုင်နိုင်မလဲဆိုတာ ကြည့်ကြရအောင်။
၁) ပင်ကိုယ်အစွမ်းအစတွေကို လျှိုမထားပါနဲ့ ။
ဝါသနာအရ ဂီတာတီးတာ၊ ဟင်းချက်တတ်တာ ဒါမှမဟုတ် ဓာတ်ပုံရိုက်ပေးရတာတွေကို ခုံမင်နှစ်သက်တဲ့ ယောက်ျားလေးတွေက မိန်းကလေးတွေကို ပိုပြီးဆွဲဆောင်နိုင်ပါတယ်။ ကိုယ်ကြိုက်နှစ်သက်တဲ့ မိန်းကလေးအရှေ့ မှာကိုယ့်ရဲ့ ပင်ကိုယ်ပါရမီအစွမ်းအစတွေကို ထုတ်ဖော်ပြဖို့ ဝန်မလေးပါနဲ့။ ဂီတာတီးသီချင်းဆိုပြတာ၊ ကိုယ်ကျွမ်းကျင်ရာဟင်းလျာတွေကို ချက်ကျွေးတာ ဒါမှမဟုတ်လဲ ကိုယ် တတ်ကျွမ်းတာ တစ်ခုခုလုပ်ပေးတာက ရှက်စရာမဟုတ်ပါဘူး။ မိန်းကလေးတွေက အရည်အချင်းအစွမ်း အစရှိတဲ့ ယောက်ျားလေးတွေကို ပိုပြီးစိတ်ဝင်စားတတ်ကြပါတယ်။

၂) ဆင်ခြင်ချိန်ဆ ဥာဏ်ရှိပါ။
မိန်းကလေးတွေတင် မကပါဘူး။ အမျိုးသမီးတိုင်းက လက်ဆောင်ပေးခံရခြင်းနဲ့  ဂရုပြုအာရုံစိုက်ခံရတာကို ကြိုက်ကြတာချည်းပါပဲ။ ဒီလိုဂရုတစိုက်နဲ့  ယုယမှုတွေပေးနေရင် သူတို့ က ကျေနပ်နေတတ်ကြပါတယ်။ ဈေးကြီးတဲ့ ပစ္စည်းတွေပေးနေတာထက်  အမှတ်တရဖြစ်စေမယ့် လက်ဆောင်ပစ္စည်းမျိုးတွေပေးပါ။ သူတို့ မကြိုက်နှစ်သက်တဲ့ ဘောလုံးပွဲတွေ အကြောင်းပြောမယ့်အစား “ကိုယ် ဒီနေ့ တနေကုန် မင်းကိုသတိရနေတာ” အစရှိတဲ့ သူတို့ကိုအလေးအနက်ထားတဲ့ စကားလုံးတွေက သူတို့ ကိုသာယာပျော်ရွင်စေနိုင်ပါတယ်။


၃) ဟာသဥာဏ်ရှိပါ။
ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ကောင်လေးနဲ့  ဂိုက်ပေးကြမ်းတဲ့ ကောင်လေးတွေကို နှိုင်းယှဉ်ကြည့်ရင် ဟာသဥာဏ်ရွှင်တဲ့ ခပ်ပေါပေါနေတတ်တဲ့ ယောက်ျားလေးတွေကို မိန်းကလေးတွေကပိုပြီး သဘောကျကြပါတယ်။ မိန်းကလေးတစ်ယောက် စိတ်ဓာတ်ကျပြီး စိတ်ဆင်းရဲနေချိန်တွေမှာ ပျော်ရွင်ရယ်မောနိုင်အောင် ဟာသတွေပြောပေး၊ လုပ်ပေးနိုင်ရင် သူတို့ က ကိုယ့်ကိုအပေါ်ကိုပိုပြီး အားကိုးချင်စိတ်တွေရှိလာမှာပါ။


၎) သဘာဝကျကျ ပြုံးပါ။
အရပ်အမောင်း၊ ခန္ဓာကိုယ်အချိုးအစားတွေကိုက အဓိကမကျပါဘူး။ ဆွဲဆောင်မှုကောင်းတဲ့ သဘာဝကျကျနဲ့  ဟန်ဆောင်မှုကင်းမဲ့တဲ့ အပြုံးမျိုးကိုမိန်းကလေးတွေ က နှစ်သက်ကြပါတယ်။ ပြုံးပြခြင်းက ပျော်ပျော်ရွင်ရွင် နေတတ်ခြင်းကို ကိုယ်စားပြုနိုင်ပါတယ်။ သွားတွေကိုလည်း သန့် သန့် ရှင်းရှင်းထားဖို့ မမေ့ပါနဲ့ ။ ဒါမှ မိန်းကလေးတွေက ကိုယ့်ကိုကိုယ့်ကိုယ်ကိုအမြဲဂရုတစိုက်နေတတ်သူတစ်ယောက်အနေနဲ့ သတ်မှတ်မှာပါ။


၅) ရိုမန့် တစ်ဆန်ပါ။
ပန်းစည်းဝယ်ပြီး လက်ဆောင်ပေးတာ၊ ဖယောင်းတိုင်မီးညှိပြီး ဖယောင်းတိုင်မီးအလင်းရောင်ကြားမှာ ကြည်ကြည်နူးနူးနဲ့  ညစာစားသောက်ဖို့ အစီအစဉ်တွေလုပ်ပေးပါ။ ဒီလိုရိုမန့် တစ်ဆန်ပြီး သူမကို ကလေးတစ်ယောက်လို အစစအရာရာကို ဂရုတစိုက်ပေးတတ်ခြင်းကလည်း မိန်းကလေးတွေကိုစွဲမက်စေနိုင်တဲ့ အချက်တစ်ချက်ပါပဲ။


၆) ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ။
ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတဲ့ အမျိုးသားတွေကိုပဲ အမျိုးသမီးတွေက မျက်စိကျနေတတ်ပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိမှုရှိတဲ့သူတွေက သူတို့ ရဲ့ ချစ်သူရည်းစားတွေကို လုံခြုံမှုကိုပိုပေးစွမ်းနိုင်ပါတယ်။
မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ်သဘောကျနေတဲ့ ကောင်လေးတစ်ယောက်ကို ဘယ်လိုစကားလုံးမျိုးတွေနဲ့ မက်ဆေ့(ဂ်ျ)ပို့ပြီး ရင်းနှီးမှုရယူနိုင်မလဲဆိုတဲ့ အချက်လေးဟာ တစ်ဖက်သတ်ချစ်နေရတဲ့ ပျိုမေတွေအတွက်သာမက နှစ်ဦးစလုံးက တစ်ဦးနဲ့တစ်ဦး စိတ်ဝင်စားနေပေမယ့် ဘယ်ကနေဘယ်လိုစပြီး လမ်းကြောင်းထွင်ရမှန်းမသိတဲ့ သူတွေအတွက်တော့ တကယ့်ကိုအသုံးဝင်စေတာမို့ ခုလိုဖော်ပြပေးလိုက်ပါတယ်။
ထက်ဆု, Htet Hsu Pai on 2013-10-17 15:41
မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ်သဘောကျနေတဲ့ ကောင်လေးတစ်ယောက်ကို ဘယ်လိုစကားလုံးမျိုးတွေနဲ့ မက်ဆေ့(ဂ်ျ)ပို့ပြီး ရင်းနှီးမှုရယူနိုင်မလဲဆိုတဲ့ အချက်လေးဟာ တစ်ဖက်သတ်ချစ်နေရတဲ့ ပျိုမေတွေအတွက်သာမက နှစ်ဦးစလုံးက တစ်ဦးနဲ့တစ်ဦး စိတ်ဝင်စားနေပေမယ့် ဘယ်ကနေဘယ်လိုစပြီး လမ်းကြောင်းထွင်ရမှန်းမသိတဲ့ သူတွေအတွက်တော့ တကယ့်ကိုအသုံးဝင်စေတာမို့ ခုလိုဖော်ပြပေးလိုက်ပါတယ်။
Hey u ;) 
ဒီအရေးအသားလေးက ရိုးရှင်းတက်ကြွပြီး ချိုမြိန်ပါတယ်။ ပြုံးနေတဲ့ မျက်နှာပုံလေးကလည်း ရင်းနှီးမှုကိုပြပါတယ်။ ဘယ်အချိန်မှာ ပို့ရမလဲဆိုတော့ မင်းရဲ့ မင်းသားလေး အခန်းထဲဝင်မလာခင် တစ်မိနစ်လောက်အလိုပေါ့။ ဒါမှမင်းသူ့ကိုမြင်ရတဲ့အချိန်ဟာ သူ့ဖုန်းကိုထုတ်ပြီး မင်းမတ်ဆေ့(ဂ်ျ)လေးကို ဖတ်နေချိန်ဖြစ်မှာပါ။ သူဖတ်ပြီးချိန်မှာတော့ မင်းကိုမလွဲမသွေ လှမ်းကြည့်မှာပါ၊ အဲဒီအချိန် မင်းပြုံးပြလိုက်ရင်တော့ သူကလဲ ဟိုင်းလို့ ပြန်နှုတ်ဆက်ဖို့ သေချာပါတယ်။
Morning sleepyhead .. hope you have a great day! Xo
မင်္ဂလာမနက်ခင်းပါဆိုတဲ့ မက်ဆေ့(ဂ်ျ)လေးကပေးတဲ့ အဓိပ္ပာယ်ကတော့ မင်းအိပ်ရာက နိုးနိုးချင်း အရင်ဆုံး သတိရမိတာဟာ သူ့ကိုပါလို့ သဘောရစေပါတယ်။ ပြီးတော့ သူ့ရဲ့ တစ်နေ့တာလုံးအတွက် အစခရီးမှာ မင်းအကြောင်းကို တွေးမိသွားပြီ ဆိုတာပါပဲ။
Would You Rather .. get your foot stuck in a bear trap or hang out with me this weekend?
''ဒီအပတ်ရုံးပိတ်ရက်မှာ ငါနဲ့လျှောက်လည်မလား''လို့ ဆိုချင်တာပါ။ ဒါဟာ သိပ်ချစ်စရာကောင်းတဲ့ မေးနည်းလေးပါ။ ကိုယ့်ဆန္ဒကို တစ်ခါတလေ ဒီလိုမျိုး ပွင့်ပွင့်လင်းလင်း ပြောပြဖို့လည်းလိုပါတယ်။ ယောက်ျားလေးတွေက ဒါမျိုးနှစ်သက်ပါတယ်။
Serious issue: cant stop thinking about u.
''လုံးဝသေချာတာတစ်ခုကတော့ ငါမင်းအကြောင်း စဉ်းစားတာကို ရပ်တန့်လို့ မရနိုင်ဘူး'' လို့ဆိုလိုတာပါ။ ဒီမက်ဆေ့(ဂ်ျ)လေးကိုရရင် မင်းချစ်သူ မပြုံးပဲမနေနိုင်ပါဘူး။ အချိန်အကြာကြီး ခွဲနေရသူတွေ ပို့လေ့ရှိတဲ့ မက်ဆေ့(ဂ်ျ)လေးပါ။
ံHey, Its Sara! We met at Sams place on Saturday. I just checked out that band you told me about!
မကြာသေးခင်ကမှ ဆုံခဲ့တဲ့သူတစ်ယောက်ကို ပို့ချင်တယ်ဆိုရင်တော့ အခုလိုမျိုး ရေးကြည့်လိုက်ပါ။ သူ့စိတ်ထဲမှာ မှတ်မှတ်ရရ ရှိနေသေးတယ်ဆိုရင်တော့ သင့်ကိုတစ်ခုခု ပြန်ပို့ပါလိမ့်မယ်။
Bored @ home & up for a Sunday Funday?
အခုလို ဟာသနှောတဲ့ အပြောမျိုးလေးနဲ့ တနင်္ဂနွေလိုနေ့မျိုးအတွက် ညစာစားဖော် ရှာနိုင်ပါတယ်။ 
At Coffee Shop & can't study anymore. Save me?
သင်ခန်းစာတွေလေ့လာပြီးလို့ ငြီးငွေ့နေချိန်မျိုးမှာ ချစ်သူနဲ့ အပန်းဖြေချင်မှာပါ။ ဒါဟာ သင်ပျော်စရာတစ်ခုခုလုပ်ဖို့ စဉ်စားချိန်မှာ သူ့ကိုအရင်စဉ်းစားမိတယ် ဆိုတာကို ပြလိုက်တာပါပဲ။
Good luck tonight .. ull be the hottest guy on the field ;) 
ညဘက်မှာ ဂိမ်းကစားတတ်တဲ့ ချစ်သူမျိုးကို ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ ဒီမက်ဆေ့(ဂ်ျ)လေးက သင့်အတွက် အချစ်တိုးစေပါတယ်။ သူ့ကို နိုင်စေချင်တဲ့စေတနာတွေကို ဖော်ပြရာရောက်ပြီး တွန်းအားပေးရာလည်း ရောက်ပါတယ်။ 
Just got to this Concert .. Wish u were here!
သင်ရောက်နေတဲ့နေရာကို သူ့ကို အသိပေးနည်းတစ်မျိုးပါပဲ။ သူ့ကိုလည်းအတူ ရှိစေချင်ကြောင်း ဖော်ပြလိုက်တာပါ။ သူကလည်း အဲဒီမှာပဲ ရှိနေမယ်ဆိုရင်တော့ နောက်တစ်နေ့ နှစ်ဦးသားဆုံတဲ့အခါ အတွေ့အကြုံတွေ ဖလှယ်ရင်း စကားပြောဖို့ အကြောင်းအရာအသစ်တစ်ခု ရနိုင်ပါတယ်။ 
Hey bday boy.. whats ur birthday wish? ;)
မွေးနေ့ဆုတောင်းလေး တစ်မျိုးပေါ့။ ပို့နေကျ Hppay Birthday ဆိုတာမျိုး ထက်တော့ ဆန်းသစ်မှာပါ။ 
Sweet dreams .. ;)
စကားလုံးလေးနှစ်လုံးတည်းပေမယ့် အိပ်ရာဝင်ချိန် သူ့ခေါင်းထဲမှာ သင့်အကြောင်းကိုတွေးရင်း အိပ်ပျော်သွားစေနိုင်ပါတယ်။ သင်ဆုတောင်းပေးသလိုပဲ ကံကောင်းရင် သူရဲ့ချိုမြိန်တဲ့ အိပ်မက်လေးတွေထဲအထိ သင်လိုက်ပါသွားနိုင်မှာပါ

လွမ်းတယ်ဆိုတာ မင်းတို့နှစ်ယောက်ရဲ့ ရွှေရောင်လွှမ်းတဲ့အတိတ်က ပျော်စရာအကြောင်းကိုသာ ရွေးချယ်ပြီး သတိရနေမယ်ဆိုရင် ဒါဟာ ချိုမြိန်တဲ့အလွမ်းတစ်ခုဖြစ်မှာပါ။ အတ္တမာနတွေကို ခဏတာ ခ၀ါချပြီး ကိုယ်ခံစားရသမျှကို ဖွင့်ဟ၀န်ခံ သင့်ပါတယ်။ ဘ၀ကတိုပါတယ်။
ထက်ဆု on 2013-11-12 15:46
        တစ်စုံတစ်ယောက်ကို လွမ်းတဲ့အခါ ဒါဘာကြောင့်လဲလို့ အမြဲတမ်းသိချင် မိတတ်ကြတယ်။ များသောအားဖြင့်တော့ အဲဒီလူကိုချစ်လို့ ၊ ကြိုက်လို့ ၊ စွဲလမ်းလို့ စတဲ့အကြောင်းတွေကြောင့်ပေါ့။ တစ်ခါတစ်လေတော့ ကိုယ်မုန်းနေမိတဲ့လူကို သတိရမိ တတ်တာမျိုးလဲရှိပါတယ်။ အတူရှိနေချိန်တုန်းက တစ်ချိန်လုံးရန်ဖြစ်နေရတဲ့ သူမျိုး ကိုယ့်အနားမှာမရှိတော့လို့ သတိရနေတာမျိုးလဲရှိပါတယ်။
        ဒါပေမယ့် မင်းလွမ်းနေရတဲ့သူနဲ့ မင်းရဲ့ ချစ်ခြင်းကို ဆက်လက်ထိန်းသိမ်း ထားချင်တယ်ဆိုရင်တော့ သူ့အပေါ်ထားတဲ့ မင်းရဲ့ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း သိနေဖို့လိုအပ်ပါတယ်။
-      မင်းအဲဒီလူနဲ့ချစ်နေတဲ့အခါမျိုးမှာ သူ့ကိုအထူးတလည်သတိရနေတာမျိုး။
-      တစ်ခါတစ်လေမှာ စွဲလမ်းမှုအတုအယောင်လဲ ဖြစ်နေနိုင်ပါတယ်။ (ဥပမာ-ရက်အနည်းငယ်အတွင်း ပြန်လည်မေ့ပျောက်သွားတာမျိုးပေါ့။)
-      သူ့ရဲ့အရည်အချင်းကို လေးစားနေမိတာမျိုး  ။
-      မင်းစိတ်ညစ်ချိန်တိုင်း မင်းအနားမှာရှိနေပေးတတ်တဲ့သူမျိုး ။
စတဲ့ အကြောင်းပြချက် လေးတွေကြောင့် သတိတရ လွမ်းဆွတ် မိတတ်ပါတယ်။
အကြောင်းပြချက်က ဘာပဲဖြစ်ဖြစ် တစ်စုံတစ်ယောက်ကို လွမ်းရတယ်ဆိုတာ နှစ်သက်မြတ်နိုးဖွယ်ကောင်းတဲ့ ခံစားချက်တစ်ခုလဲ ဖြစ်ပါတယ်။ သူ့အကြောင်းကို တစ်နေ့လုံး ၊ တစ်ညလုံးတွေးနေမိတဲ့အခါ သူဟာ မင်းအနားကို တဖြည်းဖြည်း ရောက်လာသလိုမျိုး ခံစားမိနိုင်ပါတယ်။ လွမ်းတယ်ဆိုတာ ဆိုးဝါးလှတဲ့ခံစားချက်တစ်ခုလို့ တော်တော်များများက ခံယူထား ကြတယ်။ ဒါကိုသဘောမတူပါဘူး။ လွမ်းတယ်ဆိုတာ မင်းတို့နှစ်ယောက်ရဲ့ ရွှေရောင်လွှမ်းတဲ့အတိတ်က ပျော်စရာအကြောင်းကိုသာ  ရွေးချယ်ပြီး သတိရနေမယ်ဆိုရင် ဒါဟာ ချိုမြိန်တဲ့အလွမ်းတစ်ခုဖြစ်မှာပါ။ ပျော်စရာ အခိုက်အတန့် လေးတွေကို မြတ်မြတ်နိုးနိုးမှတ်သားထားမယ်ဆိုရင် ပြန်တွေးမိတဲ့အခါ အပြုံးလေးတစ်ခုတော့ မင်းမျက်နှာမှာ ပေါ်လာနိုင်မှာပါ။
        လူတွေလုပ်မိတတ်တဲ့ နောက်ထပ်အကြောင်းအရာတစ်ခုကတော့ သူတို့ လွမ်းနေရတဲ့သူတွေရှေ့ရောက်ရင် ခံစားချက်ကို ဖုံးကွယ်ထားတတ်ကြတာပါပဲ။ အတ္တမာနတွေကို ခဏတာ ခ၀ါချပြီး ကိုယ်ခံစားရသမျှကို ဖွင့်ဟ၀န်ခံ သင့်ပါတယ်။ ဘ၀ကတိုပါတယ်။ တကယ်လို့များ တစ်ယောက်ယောက်ကို ချစ်မိပြီ ၊ ဒါမှမဟုတ် လွမ်းနေမိပြီဆိုရင်တော့ သူ့ကိုအသိပေးရမှာပေါ့။ ဒီလိုဆို သူကကိုယ်ခံစားနေရတာတွေကို နားလည်နိုင်ပြီး  ဒီအချစ်ခရီးလမ်းက ပျက်စီးဖို့ ခဲယဉ်းသွားပြီဖြစ်ပါတယ်။

အစားအစာတွေကို ဇာတ်ဝင်ပစ္စည်းအသုံးအဆောင်တွေအနေနဲ့ အိပ်ရာထဲမှာ အသုံးချရတာ တကယ့်ကိုလန်းပါတယ်။ မှန်မှန်ကန်ကန် သုံးစွဲတတ်မယ်ဆိုရင်ပေါ့လေ။ အသုံးပြုထုံးတွေနဲ့ပတ်သက်ပြီး စာရေးဆရာမ ဒေါက်တာ Jennifer Landa ကိုမေးမြန်းဖြစ်ခဲ့ပါတယ်။ ဒေါက်တာ Jennifer Landa ဟာ ‘အမျိုးသမီးများအတွက် ကာမဆန္ဒဖြေဖျောက်နည်း’ စာအုပ်ကိုရေးသားခဲ့သူဖြစ်ပြီး၊ BodyLogicMD နဲ့ ဆေးဘက်ဆိုင်ရာအရာရှိချုပ်တစ်ဦးဖြစ်ပါတယ်။
၁။ချိုမြိန်ပါစေ။
ချာကလက်နဲ့ မလိုင်တွေကို အသုံးချနိုင်ပါတယ်။ သင့်အမျိုးသားကို မျက်လုံးကို ပ၀ါစည်းထားပြီး ချစ်တင်းမနှောခင် နမ်းရှုပ်သုံးသပ်ခြင်းနဲ့အတူအစပျိုးပါ။ ကီဝီသီး၊ သရက်သီး၊ တလည်းသီးစတဲ့ အရသာရှိရှိအသီးတွေကို တစ်ပါတည်း ခံစားရတာပေါ့။ အခြားကာမခလုတ်တွေကိုလည်း ရေခဲတုံး၊ချိုချဉ် စတာလေးတွေနဲ့ ကလိလို့ရပါတယ်။
၂။ ချစ်တင်းမနှောခင် နမ်းရှုပ်သုံးသပ်ရာမှာ အသုံးချပါ။
စ်တင်းနှောရာမှာ အစားအသောက်တွေက အာရုံငါးပါးစလုံးကို ခံစားထိတွေ့မှုပေးပါတယ်။ မလိုင်၊ ပျားရည်၊ ချောကလက် စတဲ့ တစ်ခုခုကို ချစ်တင်းမနှောခင် ခန္ဓာကိုယ်မှာသုတ်လိမ်းပြီး နမ်းရှုပ်သုံးသပ်ပါ။ သင်တို့ရဲ့ အထွတ်အထိပ်ကာလ ကို ပိုမိုအသက်ဝင်လာစေမှာ သေချာပါတယ်။
၃။ ဒါတွေကို အပြင်မှာထားခဲ့။

သခွားသီး၊ ငှက်ပျောသီးစတာတွေကို အမျိုးသားအဂါင်္တု အစားထိုးအနေနဲ့ ပျော်စရာအဖြစ် အသုံးချနိုင်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးအင်္ဂါနဲ့ နူးညံ့တဲ့ဘက်တီးရီးယား ထိန်းညှိုမှုနဲ့ မကိုက်ညီတာတွေဖြစ်တတ်ပြီး အခြားဘက်တီးရီးယားကြောင့် ဖြစ်တဲ့ ကူးစက်ရောဂါတွေပါဖြစ်လာနိုင်ပါတယ်။ အဲ့ဒီ့တော့ သခွားသီး၊ ငှက်ပျောသီးတွေကို မသုံးပါနဲ့၊ စားပဲစားပါ။
အုံးဆီဟာ အရမ်းအံ့သြစရာကောင်းတဲ့ အစာတစ်မျိုးပါ။ ဟင်းချက်ဆီလို အသုံးတဲ့လှသလို ချစ်တင်းနှောတဲ့အခါမှာလည်း ကျန်းမာရေးချောဆီအဖြစ်သုံးနိုင်ပါတယ်။ အခြားအနံ့တွေဟာ အုန်းဆီကို အလွယ်တကူလွှမ်းသွားနိုင်တဲ့အတွက် အခြားသဘာဝပစ္စည်း တွေကို ရောနှောအသုံးပြုနိုင်ပါတယ်။ မရွံတတ်ဘူးဆိုရင် ပါးစပ်ထဲမှာတောင် ချောဆီအဖြစ်တစ်ခါတည်းဖျော် နိုင်ပါတယ်။
၅။ သကြားကို ဟိုဟာနဲ့ ဝေးဝေးထား။
ကြားအလွန်အကျွံသုံးရင် ကျန်းမာရေးအတွက် ထိခိုက်နိုင်စေနိုင်သလို သင့်အမျိုးသမီးအင်္ဂါအတွက်လည်း မကောင်းပါဘူး။ သကြားဓါတ်ကြောင့် တဆေးထွက်နှုန်းများလာပြီး မနှစ်မြို့ဖွယ် ကူးစက်ရောဂါတွေ လဲရလာနိုင်ပါတယ်။ ရေခဲချောင်း၊ သစ်သီး စတဲ့ ချိုတဲ့အရာတွေကို အိပ်ရာထဲမှာ အသုံးချမယ်ဆိုရင် အမျိုးသမီးအင်္ဂါနဲ့ဝေးဝေးထားပါ။                                                

အချစ်ဆူးတွေစူးမိပြီး အရူးအမူးချစ်မိခဲ့တဲ့နောက်ပိုင်းမှာ သစ်စိမ်းချိုးချိုးသလို ခံလိုက်ရတဲ့အခါ အသည်းကွဲတဲ့စိတ်ဒဏ်ရာနဲ့  ရူးမိုက်ပြီးဆက်ချစ်နေမှာလား။ ဖြစ်ချင်ရာဖြစ်ဆိုပြီး လုပ်ချင်ရာတွေ လျှောက်လုပ်တော့မှာလား။ ကြံရာမရတော့ပဲ စိတ်ထင်ရာမဆိုင်းပါနဲ့ဦး။ ဒါလေးတွေကိုဖတ်ကြည့်ပါ။
၁) အသည်းကွဲရင် အရင်ဆုံး vodka ပုလင်းကို သတိရတတ်ကြပါတယ်။ သတိရတတ်ရင် အသိလေးပါထားပါ။ အသည်းကွဲလို့ vodka သောက်ရင်း အသောက်လွန်သွားခဲ့ရင် နောက်တစ်နေ့မနက်မှာ ခံစားရတဲ့ အရက်နာကျတဲ့ ခေါင်းကိုက်ဝေဒနာဟာ အသည်းကွဲတာထက်ပိုဆိုးနိုင်တယ်ဆိုတာကိုပေါ့။
ဒီလိုသောက်စားမူးယစ်နေမယ့်အစား သီချင်းနားထောင်ရင်း အနီးအနားမှာရှိတဲ့ပန်းခြံထဲ လေ့ကျင့်လုပ်တာကမှ ကျန်းမာရေးအတွက် ကောင်းကျိုးတွေရနိုင်ပါသေးတယ်။
ဒါမှမဟုတ်လည်း အလှပြင်ဆိုင်သွားပြီး ဆံပင်ညှပ်၊ဆေးဆိုးတစ်ခုခုလုပ်ရင်လုပ်။ အသုံးအဆောင်ပစ္စည်း အသစ်တွေဝယ်ရင်ဝယ်။ ဒီလိုနဲ့  စိတ်သစ်လူသစ်နဲ့  သာယာတဲ့မနက်ဖြန်တွေကို အကျိုးရှိရှိအသုံးချပါ။

၂) ရည်းစားရှိနေရင်တောင် ရည်းစားဖြစ်နေစဉ်ကာလတစ်လျှောက်လုံးမှာ သူ့အတွက်ပဲ အချိန်တွေ၊ ငွေတွေကုန်နေရလို့  တစ်ကိုယ်ရည် တစ်ကာယသမားက အကောင်းဆုံးပါပဲ။ ရည်းစားမထားတဲ့ အခါကျတော့ သူငယ်ချင်းတွေနဲ့  တွေ့ဆုံ ပျော်ပါးဖို့ ၊ခရီးထွက်ဖို့အချိန်တွေ၊ ငွေတွေပိုထွက်လာနိုင်တာပေါ့။ ဒီလိုအချိန်တွေကို အသုံးချပြီး စိတ်လွတ်လက်လွတ်သာ အပန်းဖြေလိုက်ပါ။
၃) “ဆိတ်ဆိတ်နေထောင်တန်တယ်”တဲ့။ ဒေါသစိတ်ကိုအလိုလိုက်ပြီး ဖေ့စ်ဘွတ်ခ်အစရှိတဲ့ ဆိုရှယ်လ်နက်ဝေါ့ခ်တွေမှာ ရည်းစားဟောင်းကို ပုတ်ခတ်ရေးသားတာ၊ ဆဲရေးတိုင်းထွာပြီးရေးတာတွေက စိတ်ထွက်ပေါက်ခဏရစေနိုင်ပြီး သူ့ဘက်က ဘာမှတုံ့ပြန်မှုမရှိရင် စိတ်ထဲမှာ မတင်မကျနဲ့ကိုယ်ပဲ စိတ်အနှောက်အယှက်ဖြစ်ရမှာပါ။ သူ့ဘက်ကလဲ ပြန်ပုတ်ခတ်ပြောဆိုလာရင် ဆတ်ဆတ်ထိ မခံနဲ့ပြန်ခံနေရမှာလဲ ကိုယ်ပဲလေ။ နောက်တစ်ခုအရေးကြီးတာက ဒီလိုဆိုရှယ်လ်မီဒီယာ တိုးတက်နေတဲ့ ခေတ်ကြီးမှာအရာတိုင်းက တည်မြဲနေနိုင်တယ်။ ကိုယ်ပုတ်ခတ်ပြောဆိုရေးသားထားတာတွေကို နောက်တစ်နေ့ရောက်မှ ဒေါသပြေလို့  ပြန်ဖျက်လိုက်နိုင်ခဲ့ရင်တောင် တခြားသူတွေက၂စက္ကန့်  အတွင်းမှာပဲ Screen Shotဖမ်းရိုက်ထားနိုင်ပါတယ်။ကိုယ့်သိက္ခာကိုယ်မချကြပါနဲ့ ။ဒီလိုအဖြစ်မျိုးတွေကဖြစ်နေကြပါ။
၎)သူ့အကြောင်းတွေကို ဖေ့စ်ဘွတ်ခ်မှာမြင်တွေ့နေရလို့ စိတ်မချမ်းမသာဖြစ်နေရင် လျစ်လျှူရှုနိုင်ဖို့ကြိုးစားပါ။ စိတ်လိုက်မာန်ပါဘလော့ခ်လုပ်လိုက်ရင်လဲ သူ့သူငယ်ချင်းတွေက ကိုယ့်အကောင့်မှာရှိဦးမှာပါပဲ။ အားလုံးကိုဘလော့ခ်လိုက်လုပ်မှာလား၊ လျစ်လျှူရှုပြီး ကိုယ့်ဘ၀နဲ့  ကိုယ်သာသာယာယာနေလိုက်မှာလားဆိုတာကို စဉ်းစားဆုံးဖြတ်ပါ။

ကျွန်ုပ်တို့ အားလုံးလူတွေနဲ့ဆက်ဆံရာမှာ ပတ်သက်မှုနည်းလမ်းမျိုးစုံနဲ့ ဆက်ဆံရပါတယ်။ ပတ်သက်ဆက်နွယ်မှုဆိုတာ ကျွန်ုပ်တို့ရဲ့ လူတွေနဲ့ဆက်ဆံရေးကို ဘယ်လိုထိန်းသိမ်း ထားလဲဆိုတာအပေါ်မှာ မူတည်ပါတယ်။ ဆိုလိုတာက လူတစ်ယောက်ကို သင်က မိတ်ဆွေလို့မှတ်ယူထားပေမယ့် အကြောင်းမတိုက်ဆိုင်လို့ ပြဿနာဖြစ်တဲ့အခါ မိတ်ဆွေလို့ဆက်လက်မမှတ်ယူထားနိုင်တော့တာမျိုး ၊ ပြဿနာပိုပြီးကြီးထွားလာဦးမယ်ဆိုရင် မိတ်ဆွေကနေ ရန်သူဖြစ်သွားတာမျိုး စတာ တွေရှိပါတယ်။ မိသားစု ပြဿနာဆိုတာ နက်နဲပြီး ကိုင်တွယ်ရခက်ခဲတတ်ပါတယ်။ ဒီတော့ -
(၁)    သိတတ်ပါ ။

        ကိုယ့်ထက်အကြီးပြောတာကို အရင်ဆုံးအောင်နားထောင်ပါ။ ဒါဆိုရင် သူတို့ ဘာဆိုလိုတယ်ဆိုတာကို နားလည်နိုင်ပြီး အပြန်အလှန်အနေနဲ့ မင်းဘာလုပ်ချင်တယ် ဆိုတာကိုလဲ သူတို့ကပြန်နားထောင်ပေးပါလိမ့်မယ်။
(၂)    စိတ်ရှည်ပါ ။

        မိဘတွေစိတ်ဆိုးနေချိန်မှာ ပြန်အော်တာမျိုး၊ ပြိုင် ငြင်းတာမျိုးမလုပ်ပါနဲ့ ။ သူတို့ စိတ်ဆိုးပြေချိန်မှသာ တကယ့်ပြဿနာရဲ့အကြောင်းအရင်းနဲ့ သူတို့ယူဆတာက ဘယ်လိုဖြစ်နေတယ် စသည်ဖြင့် ဆွေးနွေးပါ။
(၃)    မင်းဘာဖြစ်ချင်တယ်ဆိုတာကို ရှင်းပြပါ။

        မင်းမိသားစုမှာ မင်းကကလေးတစ်ယောက်ဖြစ်နေပြီး မိသားစုတွင်း ဖြစ်နေတဲ့ အရာတွေကို မနှစ်သက်ဘူးဆိုရင် သူတို့နဲ့အတူထိုင်ပြီး ပြဿနာကိုဆွေးနွေးပါ။ မင်းရဲ့ ခံစားချက်ကို ပြောပြပါ။ ဒါမှသာ သူတို့လုပ်နေတာနဲ့ တကယ်လုပ်သင့်တာက ဘယ်လို ဆိုတာကို နားလည်နိုင်မှာပါ။
(၄)    မင်းရဲ့မျှော်လင့်ချက်များကို ရှင်းပြပါ။

        တကယ်လို့မင်းက မိဘနေရာမှာဖြစ်နေခဲ့ပြီး သားသမီးတွေရဲ့ အပြုအမူ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး မနှစ်သက်ဘူးဆိုရင် သူတို့ကို မအော်ပါနဲ့ ။ ခနဲ့တဲ့ စကားမျိုး၊ ခံရခက်တဲ့စကားမျိုးနဲ့ မဆုံးမပါနဲ့။ စိတ်အေးအေးထားပြီး ရှင်းပြပါ။ သူတို့ကို အချိန်ပေးပါ။ သူတို့အပေါ်မင်းဘယ်လောက်ချစ်တယ်ဆိုတာကို သူတို့သိပါစေ။ ဒါမှသာ သူတို့ကမင်းနဲ့ရင်းနှီးတဲ့ခံစားချက်မျိုး ရနိုင်မှာဖြစ်ပြီး သူတို့ရဲ့ အကြောင်းကိစ္စ မှန်သမျှကို မင်းနဲ့ဆွေးနွေးလာမှာဖြစ်ပါတယ်။
(၅)    မိသားစုအတွက် အပြန်အလှန်အချိန်ပေးပါ။

        မိသားစုသီးသန့်တွေ့ဆုံချိန်ယူပါ။ မိသားစု စုံညီ အပြင်ထွက်လည်တာမျိုးလုပ်ပါ။
(၆)    မိသားစုအတွက် တာဝန်ယူပါ ။

        မိသားစုအတွက် ကိုယ်တတ်နိုင်တဲ့တာဝန်ကို ယူပါ။
(၇)    မင်းရဲ့ ကလေးတွေနဲ့ ခင်မင်ရင်းနှီးမှုယူပါ။

        ကလေးတွေက သူတို့ရဲ့နေ့စဉ်ကြုံတွေ့နေရတဲ့ ကိစ္စကြီးငယ် မှန်သမျှ မင်းနဲ့ လွတ်လပ်စွာပြောဆိုနိုင်ခွင့် ရှိအောင်လုပ်ပေးပါ။
(၈)    တစ်ဦးနှင့်တစ်ဦး ပွင့်လင်းစွာ ဆက်ဆံပါ။

(၉)    ပြဿနာကြုံလာတဲ့အခါ စိတ်ဓါတ်ကျသွားအောင် အပြစ်မတင်ပါနဲ့ ။

        လင်မယားကြားမှာ ငွေရေးကြေးရေး ၊ စီးပွားရေး အဆင်မပြေဖြစ်လာတဲ့အခါ စိတ်ဓါတ်ကျအောင် အပြစ်တင်မယ့်အစား အားပေးစကားပြောပြီး အတူဖြေရှင်းပါ။
(၁၀)  ပြဿနာဖြေရှင်းနည်း မမှားအောင် ကိုယ်တွယ်ပါ။

        မိသားစုတွင်းကြုံတွေ့နေရတဲ့ ပြဿနာဆိုတာ ကိုယ်တစ်ဦးတည်း ကြုံရတာ မဟုတ်ပါဘူး။ အခြားမိသားစုတွေမှာလည်း အလားတူ ပြဿနာတွေရှိပါတယ်။ ဒါဟာ ပြဿနာကိုမင်းဘယ်လိုကိုင်တွယ် ဖြေရှင်းလိုက်နိုင်လဲဆိုတာအပေါ်မှာ မူတည်ပါတယ်။
(၁၁)  တစ်ဦးနဲ့တစ်ဦးကြားက သံယောဇဉ်ကို ကောင်းစွာထိန်းသိမ်းပါ။

        သာယာတဲ့အိမ်ထောင်စုတစ်ခုအတွက် တစ်ဦးအပေါ်တစ်ဦးအချိန်ပေးနိုင်ရန် လိုအပ်ပါတယ်။
(၁၂)  ကလေးတွေရဲ့ ခံစားချက်ကို နားလည်နိုင်ပါစေ ။

(၁၃)  သားသမီးများအနေနဲ့လည်း မိဘစိတ်ဓါတ်ကျအောင် မလုပ်မိပါစေနဲ့ ။

        ဥပမာ - မင်းရဲ့ စာမေးပွဲရမှတ်နည်းတာကို လက်ခံနိုင်ပေမယ့် စာမေးပွဲ ကျလောက်တဲ့အထိ ဆိုးသွမ်းမှုမျိုးကိုတော့ မိဘတိုင်းစိတ်ပျက်မှာပါ။
        ကောင်းမွန်ပျော်ရွှင်တဲ့ မိသားစုဘ၀တိုင်းအတွက် သိထားသင့်တယ်လို့ ယူဆပြီး တင်ပြလိုက်ရပါတယ်။


သင့်ကို ယုံကြည်အားကိုးလို့  သူကိုယ်သူ လိင်တူချစ်သူပါလို့ ဖွင့်ပာထွက်လာတဲ့သူငယ်ချင်းရဲ့  ခံစားချက်တွေ နားထောင်ပေးလိုက်ခြင်းက သူ့ကိုကူညီရာရောက်ပါတယ်။ စိတ်ပိုင်းဆိုင်ရာပါ ကူညီဖေးမတဲ့နည်းလမ်းမျိုးတွေလဲရှိပါတယ်။
ဆူးချိုး on 2013-11-12 15:47
သူငယ်ချင်းတစ်ယောက်က တစ်နေ့ မှာ သူဟာလိင်တူချစ်တူတစ်ယောက်ပါလို့  ဖွင့်ဟပြောလာတဲ့အချိန် သင်ကဘယ်လိုပုံစံမျိုးနဲ့ တုံ့ ပြန်မိမလဲ။ ရှာင်ဖယ်သွားမှာလား ဒါမှမဟုတ် ဖေးမအားပေးတဲ့ သူငယ်ချင်းအဖြစ် သူ့ ဘက်မှာဆက်လက်ရပ်တည်ပေးသွားမှာလား။
ဒီလိုအခြေနေမျိုးမှာဆိုရင် ဖေးမအားပေးဖို့ ထက် ရှောင်ဖယ်သွားကြတဲ့ သူတွေကပိုများနေကြပါတယ်။ ရှောင်ဖယ်သွားတတ်တဲ့သူတွေ အများစုကတော့ သူတို့ ကိုလည်း ပတ်ဝန်းကျင်က လိင်တူချစ်သူလို့ ထင်မှတ်သွားမှာကို စိုးရိမ်နေကြလို့ ပါပဲ။ ဒါမှမဟုတ်ရင် ဆန့် ကျင်ဘက်လိင်ကို စိတ်ဝင်စားဖို့ အတင်းတိုက်တွန်းပြောဆိုတတ်ကြပါတယ်။ လိင်တူချင်းချစ်ကြိုက်တယ်ဆိုတဲ့ စိတ်ခံစားမှုကို ပြုပြင်လို့ မရသလို လုပ်ယူလို့ လည်းမရနိုင်ပါဘူး။ ဒီတော့ အားပေးဖေးမတဲ့ စကားတွေ မပြောပြတတ်ရင်တောင် ရှောင်ဖယ်သွားဖို့ မသင့်ဘူးထင်ပါတယ်။
သင့်ကို ယုံကြည်အားကိုးလို့  သူကိုယ်သူ လိင်တူချစ်သူပါလို့  ဖွင့်ပာထွက်လာတဲ့သူငယ်ချင်းရဲ့  ခံစားချက်တွေ နားထောင်ပေးလိုက်ခြင်းကလည်း သူ ကိုကူညီရာရောက်ပါတယ်။ စိတ်ပိုင်းဆိုင်ရာပါ ကူညီဖေးမတဲ့ နည်းလမ်းမျိုးတွေလဲရှိပါတယ်။ ဒီလိုလိင်တူချစ်သူတွေရဲ့ ဘဝကိုစာနာနားလည်ပေးပြီး သူတို့ ဘက်မှာရပ်တည်ပေးတာတွေကလည်းသူတို့ ရဲ့  စိတ်ပိုင်းဆိုင်ရာကိုဖေးမပေးရာရောက်ပါတယ်။ လျှို့ ဝှက်စရာကိစ္စမျိုးတွေရှိရင် လျှို့ ဝှက်ထားပေသင့်တာပေါ့။ သူ့ နောက်ကွယ်ရာမှာလည်း သူကလိင်တူချစ်သူတစ်ယောက်ဖြစ်တယ်ဆိုပြီး အတင်းစကားတွေပြောဆိုလှောင်ပြောင်တာတွေလဲ မလုပ်သင့်ပါဘူး။ ဒါတွေက လူတစ်ယောက်ရဲ့ စိတ်ခံစားချက်ကိုဂူသွင်းလိုက်သလိုပါပဲ။
အချို့ အချို့ တွေရဲ့ ရှေးရိုးစွဲအယူအဆနဲ့ ဘာသာရေးအယူအဆတွေအရ လိင်တူချစ်တူတွေကဘာဘာညာညာဆိုပြီး ပညတ်ပုတ်ခတ်ပြောဆိုတတ်ကြပါတယ်။ အစွဲလို့ ပဲပြောရမှာပေါ့၊ လိင်တူချစ်တူလို့ ဆိုလိုက်ရင် လိင်တူချစ်သူတွေမှာ AIDS ရောဂါရှိတယ်ဆိုပြီးပဲ မြင်နေကြပါတယ်။ ဒါကလုံးဝမှားယွင်းတဲ့ အယူအဆတစ်ခုပါပဲ။ AIDS ရောဂါနဲ့ ပတ်သက်တဲ့ အသိပညာနည်းပါးတဲ့ သူတွေကသာဒီလိုမှားယွင်းတဲ့ အယူအဆကို ယုံကြည်လက်ခံနေကြတာပါ။ နောက်တစ်ခုကတော့ လိင်တူချစ်သူတွေကို စိတ်ရောဂါသည်တွေလို့ သတ်မှတ်ခဲ့တဲ့ အယူအဆတွေကိုလည်း၁၉၉၀ ခုနှစ် မှာWHO (World Health Organization) က စိတ်ရောဂါသည်စာရင်းမှာ လိင်တူချစ်သူတွေမပါဝင်ကြောင်းကို သိပ္ပံနည်းကျကျနဲ့ ဖော်ထုတ်ရှင်းလင်းခဲ့ပါတယ်။ လိင်တူချစ်သူတွေကိုမုန်းတီးတဲ့သူတွေဆီမှာသာ လိင်တူချစ်တူတွေကိုကြောက်ရွံတဲ့ ရောဂါရှိနေတာပါလို့ လဲပြောခဲ့ပါသေးတယ်။

                               ကျော်မိုးလွင်

0 comments:

Post a Comment

 
Top