အသက်ကိုကြည့်ပြီး လူအမျိုးမျိုးက သတ်မှတ်မှု အမျိုးမျိုး ထားကြတယ်။ ဘယ်လောက်ရှိမှ ဘာလုပ်ရမယ် ဆိုတာမျိုး။ မဲပေး၊ ဈေးဝယ်။ ကားမောင်း၊ မိန်းမတောင်း။ စစ်ထဲဝင်၊ ပင်စင်ယူ။ ဘယ်လောက်ရှိမှ ဒီ(ဆိုဒ်)ဝင်၊ ဒီရုပ်ရှင်ကြည့် စသဖြင့်။ ပြဿနာ ရှိလာရင် ဆရာဝန် ပါရတတ်တယ်။
ဆေးပညာထဲမှာ Forensic Medicine ဆိုတဲ့ မှုခင်းဆေးပညာ သပ်သပ်ရှိတယ်။ အသက်ကို တိတိကျကျ ဘယ်၍-ဘယ်မျှ ရှိတယ်ဆိုတာ စစ်ပြီး၊ တရားရုံးမှာ ထွက်ရတာလဲပါတယ်။ တရားခံ-တရားလို အသက်ကို ဇာတာနဲ့ မရဘူး။ ဆရာဝန်ကနေ သွားပေါက်တာကြည့်၊ ဓါတ်မှန် ရိုက်ပြီး သိတာတွေနဲ့ ဆုံးဖြတ်ရတယ်။ ၉ တန်းစာမေးပွဲ အစိုးရစစ်ခေတ်တုံးက အသက် ၁၅ နှစ် မပြည့်လို့၊ ဗေဒင်ဆရာနဲ့ ဇာတာသစ်လုပ်၊ တရားရုံးသွား ကြမ်းကျိမ်၊ လိမ်ကြည့်လည်း မရပါ။ ဥပဒေဟာ ဥပဒေတဲ့။ စာမေးပွဲ မကျဘဲနဲ့ တတန်းတည်းကို ၂ နှစ် နေခဲ့ရတယ်။ ဥပဒေဆိုတာကို နည်းနည်းလေးမှ အတိမ်းအစောင်း မခံပါလားလို့ မှတ်သား နာခံခဲ့ရတယ်။ အဲဒီခေတ်က ကြာခဲ့ပါပြီ။ ကြာရင် သာသွားတတ်သလို၊ ခြာသွားတတ်တာလည်း ရှိတယ်။

Bone age “အရိုးကြည့်-အသက်သိ” ဆိုတာနဲ့ ဆရာဝန်တွေက ဆုံးဖြတ်ချက်ပေးရတယ်။ Long bones ခေါ်တဲ့ ပေါင်ရိုး၊ ခြေသလုံးရိုး၊ လက်ဖျံရိုး၊ လက်ချောင်းရိုးတွေမှာ ထိပ်ဖျားပိုင်းတွေက အရိုးကို လာဆက်တာက သူ့အသက်နဲ့သူ။ X-ray ရိုက်ရတယ်။ တံတောင်ဆစ်ရိုးဆက်ရင် ၉-၁၃ နှစ်၊ Iliac crest တင်ပါးဆုံအပေါ်-ရှေ့ထိပ်ရိုးဆက်ရင် ၁၂-၁၆ နှစ်၊ ညှပ်ရိုး (ကော်လာ-ဘုန်း) ၁၂-၂၂ နှစ် စသဖြင့် သိနိုင်တယ်။

ကလေးတွေ အသက်ကြတော့ ငယ်သွားပေါက်တာကို ကြည့်ရတယ်။ အထက်-အောက် အလည်ရှေ့သွား ၄ ချောင်းက ၆-၁၂ လ၊ အထက်-အောက် ဘေးရှေ့သွား ၄ ချောင်းက ၉-၁၆ လ၊ ပဌမအန်ရှေ့သွား ၄ ချောင်းက ၁၃-၁၉ လ၊ အထက်-အောက် စွယ်သွား ၄ ချောင်းက ၁၆-၂၃ လ၊ အထက်-အောက် ဒုတိယအံသွား ၄ ချောင်းက ၂၂-၃၃ လမှာ ပေါက်တယ်။ ကြီးသွား ၃၂ ချောင်းမှာ ၆ နှစ်က စပေါက်တယ်။ ၁၃ နှစ်မှာ ၂၈ ချောင်းရှိပြီး၊ အံဆုံးတွေက ၁၇-၂၁ နှစ်ရောက်မှ ပေါက်တယ်။ အံဆုံးမပေါက်သ၍ အသက် ၁၈ နှစ် မပြည့်သေးဘူးပေါ့။ တရားတပေါင် ဖြစ်လေ့ရှိကြတဲ့ အသက်ကတော့ ၁၆-၁၈ နှစ် ဖြစ်ပါတယ်။

Voting age ဆိုတဲ့ မဲပေးပိုင်ခွင့်ကိုလည်း တကမ္ဘာလုံးမှာ အများဆုံး သတ်မှတ်တာက ၁၈ နှစ်ပါ။ ၁၆ နှစ်နဲ့ မဲပေးလို့ရတာ ၇ နိုင်ငံ ရှိသွားပါပြီ။ ၁၇ နှစ် ရှိရင် မဲပေးလို့ရတာ ၆ နိုင်ငံ၊ ၂ဝ နှစ်က ၄ နိုင်ငံ၊ ၂၁ နှစ်က ၁၆ နိုင်ငံ၊ အသက်အကြီးဆုံးက ဥဇဗက်ကစ္စတန် ၂၅ နှစ်ရှိမှ ပေးရတယ်။ ဆလိုဗေးနီးယားမှာ ၁၆ နှစ်တော့ ဟုတ်ပါရဲ့ အလုပ်ရှိမှ မဲပေးရတယ်။ အလုပ်လက်မဲ့တွေက ပေးတဲ့မဲနဲ့ တက်လာတဲ့ အစိုးရကမှ အလုပ်အကိုင်တွေ ဖန်တီးပေးမယ် ထင်ရတယ်။ လက်တွေ့မှာ အဲလိုလည်း ဟုတ်ချင်မှ ဟုတ်တာပါ။ မဲဆွယ်တုံးမှာ သည်းခြေကြိုက်တွေ ပြောပြီး၊ အာဏာရတော့ ဘာမှမလုပ်တဲ့ အစိုးရက အများကြီး။ ဘာမဲဖြစ်ဖြစ် ငါ့ပုံးထဲ ရောက်အောင်လုပ်ပြီး၊ တက်အုပ်ချုပ်တာတွေလည်း ရှိတာဘဲ။

မဲပေးသူတွေကို အသက်နဲ့သာ ကန့်သတ်ပြီး၊ အရွေးခံမဲ့သူတွေကိုတော့ သွေးစစ်သလို လုပ်တာတွေလည်း ရှိတယ်။ Blood group matching သွေးအုပ်စု စမ်းတယ်-စစ်တယ်ဆိုတာ သွေးလှူသူနဲ့၊ လူနာတည့်-မတည့် စမ်းရတာပါ။ “သွေးစစ်ပေးတဲ့ ဆရာနဲ့ တည့်-မတည့် စမ်းတာမဟုတ်ပါ။”

မဲပေးရာမှာ ခွဲခြားသလို မင်္ဂလာဆောင်နိုင်တဲ့ အသက်ကိုလည်း သတ်မှတ်ထားကြတယ်။ အများအားဖြင့် ၁၈-၁၆ နှစ် ဖြစ်တယ်။ ယောက်ျားလေး-မိန်းကလေး မတူဘူး။ သတို့သမီးအသက်က ပိုငယ်လေ့ရှိတယ်။ ဆူဒန်မှာ အပျိုဘော်ဝင်ရင် ရပြီတဲ့။ မဒါဂါးစကား၊ တန်ဇန်နီးယား၊ တူနီးရှား၊ ဗင်နီဇွဲလား၊ ပါရာဂွေး၊ မိန်းကလေး ၁၄ နှစ်၊ အပျိုဖြစ်တဲ့ အရွယ်ပါဘဲ။ ဘရူနိုင်းနဲ့ ကူဝိတ်မှာ ကန့်သတ်ချက်မရှိလို့ အပျိုမဖြစ်သေးလဲ ရပုံကြတယ်။ အယ်လ်ဂျီးရီးယား၊ အင်ဒိုနီးရှား၊ စင်္ကာပူ၊ ဟောင်ကောင်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယမှာ ၂၁-၁၈ နှစ်။ တရုပ်မှာတော့ ၂၂-၂ဝ နှစ်ရှိမှ လက်ထပ်လို့ရတယ်။ အသက် ငယ်ငယ်နဲ့ အိမ်ထောင်ပြုပေးတဲ့ ထုံးစံဟာ ရှေးကျပါတယ်။ ဗုဒ္ဓလက်ထက် ရှင်သာရိပုတ္တရာရဲ့ညီ အငယ်ဆုံး (ရေဝတ) ကို ၇ နှစ်သားမှာ မိဘတွေက မင်္ဂလာဆောင်ပေးခဲ့ကြတယ်။

၂၁ ရာစုထဲရောက်ပေမဲ့ အီရန် မှာ ယောက်ျားလေး ၁၄ နှစ်၊ မိန်းကလေး ၉ နှစ်၊ လင်မယားဖြစ်လို့ရတယ်။ ကျွန်တော်တို့ လူမျိုးတွေအတွက်တော့ ဆေးပညာအရ ငယ်လွန်းတယ်။ တလောက ဆေးခန်းမှာ ကလေးလာမွေးတဲ့ မိန်းကလေးကို အသက်မေးတော့ တိတိကျကျ ပြောပါတယ်။ ၁၅ နှစ်နဲ့ ၁ဝ လ။ ဆရာဝန်က အားနာလို့ သူ့စာအုပ်မှာ ၁၆ နှစ် လုပ်လိုက်ရတယ်။ အကောင်းတော့ မွေးပါရဲ့ ကလေးက လသားနဲ့ ဆုံးသွားရှာတယ်။ (ယူနီဆက်ဖ်) ရဲ့ ၁၈ နှစ်မပြည့်ဘဲ လက်ထပ်ထိမ်းမြားသူ အမျိုးသမီးဦးရေ သန်း ၆ဝဝ ကျော်ထဲမှာ ဒီကလေးမ ပါချင်မှပါမယ်။ ဒုက္ခသည်မို့ ဟိုမှာလည်း စာရင်းပျောက်၊ ဒီမှာလည်း စာရင်းမပေါက်။

ပင်စင်ပေးတဲ့ အသက်ကိုလည်း သတ်မှတ်ကြတာ နိုင်ငံတိုင်းမှာပါ။ ဒါပေမဲ့ ပင်စင်ယူရမဲ့ အသက်၊ ပင်စင်ခံစားခွင့်၊ (ပင်စင်-ဖန်းဒ်)၊ စသဖြင့် ပင်စင်ယူရမဲ့လူတွေ မနစ်နာရအောင်၊ ပိုကောင်းအောင် ကြိုးပမ်းမှုတွေသာ ရှိပြီး၊ ပင်စင်သွားရမှာကို မသွားဘဲ ပေကပ်နေတာမျိုးကိုတော့ (ဝီကီ-ပီးဒီးယား) (ဝီကီ-မြန်မာ) တွေမှာ ရှာလို့မရဘူး။ ဆရာဝန်ကိုလည်း အသက်ကျော် နေ-မနေ လာမမေးပါ။

အသက် သတ်မှတ်ချက်ကြောင့် စာမေးပွဲ ဝင်မဖြေရတဲ့ ပြဿနာလေးက အသေးအဖွဲပါ။ အသက် ၁၆ နှစ်က ၁၈ နှစ် အကြားကို လူငယ်လို့ သတ်မှတ်တဲ့ တိုင်းပြည်တွေမှာ သူတို့လေးတွေကို လူကြီးတွေနည်းတူ တရားစီရင် ပြစ်ဒဏ် ပေးနေတာတွေကတော့ မျိုးဆက်ကို ဆိုးသထက်ဆိုးအောင် လုပ်ရာကျတယ်။ ကျန်းမာရေးအရဘဲ ပြောရရင်၊ (ဘီ)ပိုး ကာကွယ်ဆေးကို မွေးစကနေ အသက် ၁၈ နှစ် အောက်၊ သေချာပေါက် ထိုးပေးရပါတယ်။

ဥပဒေသုံးနဲ့ အရပ်သုံး ဝေါဟာရတွေ ရှိတယ်။ Age of majority ဆိုတာ လူလားမြောက်တဲ့ အရွယ်၊ လူကြီးပိုင်းဝင်တဲ့ အသက်ကို ခေါ်တယ်။ Age of license ဆိုတာကတော့ ဒါကိုလုပ်ခွင့်ရှိတယ်လို့ သတ်မှတ်တဲ့ အသက်ဖြစ်တယ်။ Age of consent ဆိုတာကတော့ လိင်ဆက်ဆံတာမှာ စိတ်အလိုတူ-မတူ ပြောပြနိုင်တယ်လို့ သတ်မှတ်တဲ့ အသက်ဖြစ်တယ်။ Age of criminal responsibility ဆိုတာက ရာဇဝတ်မှု ကျူးလွန်တာ လုပ်ပေမဲ့ အသက်ငယ်သေးလို့ အပြစ်ပေး အရေးယူဘို့ မသင့်သေးဘူးလို့ သတ်မှတ်သက်ဖြစ်တယ်။

Age of majority မှာ အသက် ၁၄ နှစ်ကနေ ၂၁ နှစ်အထိ ရှိတဲ့ ၁၄၈ နိုင်ငံစာရင်းကို ပြုစုထားတယ်။ ၁၈ နှစ် လို့ သတ်မှတ်တာတဲ့ ၁၁၆ နိုင်ငံက အများဆုံးဖြစ်တယ်။ မြန်မာပြည်က စာရင်းမပေါက်သေးဘူး။ တိုင်းပြည်က လူလား မမြောက်သေးလို့တော့ မဟုတ်ပါ။ ၁၈ နှစ်ဖြစ်နိုင်ပါတယ်။ ဖြစ်သင့်ပါတယ်။ ၁၈ နှစ်ပြည့်သူတွေကနေ ကျွန်တော်တို့ တိုင်းပြည် ရှေ့ရေးကို ပြဋ္ဌာန်းပါလိမ့်မယ်။ သူတို့ကို သင်ပေး၊ တင်ပေးကြရပါမယ်။

၁၈ နှစ် ပြည့်ပြီးလို့ လိုင်စင်ရှိပေမဲ့ လမ်းမှားဆိုတာသိရင် ကားမောင်းချင်ကြမည် မထင်။ “ခွဲစိတ်ဆရာဝန် ဆိုတာ ဘယ်လိုခွဲရမယ်ကိုသာ သိတဲ့သူမဟုတ်။ မWHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကနေ ပိုးရှိနေသူတွေကို အရင်သတ်မှတ်ထားတဲ့ကာလထက် စောပြီး ဆေးတိုက်ပေးဘို့ Guidelines လမ်းညွှန်အသစ် ထုတ်လိုက်ပါတယ်။ ဒါကို မလေးရှားမှာ ကျင်းပနေတဲ့ International AIDS conference အစည်းအဝေးမှာ ထုတ်ပြန်လိုက်တာပါ။

လူနာရဲ့ CD4 count အရေအတွက် 500 cells/cumm ၅ဝဝ ထက်အောက် နည်းလာတာနဲ့ ဆေးပေးရပါမယ်။ CD4 ဆိုတာ ဗိုင်းရပ်စ်ကနေ တိုက်တာခံရတဲ့ သွေးဖြူဥတွေဖြစ်ပါတယ်။ သူ့အရေအတွက်ဟာ လူနာရဲ့ ခုခံအားကို ညွှန်ပြနေပါတယ်။ ၅ဝဝ အထိရှိနေရင် ပုံမှန်ဖြစ်ပြီး ၂ဝဝ အထိကျလာရင် ကူးစက်ရောဂါတွေဝင်လာဘို့ အန္ကရာယ် ရှိလာနေပါပြီ။

၂ဝ၁ဝ ခုနှစ်ကထုတ်ခဲ့တဲ့ လမ်းညွှန်ချက်ဟာ CD4 count ၃၅ဝ ဖြစ်ပါတယ်။ ၁ဝ နှစ်ကျော်တုံးကတော့ ၂ဝဝ ဆိုမှ ဆေးဝယ်ကြရပါတယ်။ သီးခြား အုပ်စုတွေကိုတော့ HIV ပိုးတွေ့တာနဲ့ CD4 အရေအတွက် ဘယ်လောက်ရှိနေနေ၊ ဆေးသောက်စေရပါမယ်။ Active TB တီဘီပိုးလက်ရှိ ရှိနေသူတွေနဲ့ Hepatitis B အသဲရောင် (ဘီ) ရောဂါ ရနေသူတွေကို ပြောတာပါ။ နောက်ပြီး လိင်အတူနေဘက်ဇနီးခင်ပွန်းမှာ ပိုးရှိနေပြီး ကိုယ့်မှာမရှိသေးသူတွေ၊ ကိုယ်ဝန်ဆောင်နေသူတွေနဲ့ ကလေးနို့တိုက်နေရသူတွေလဲ ဒီစာရင်းထဲမှာပါသလို အသက် ၅ နှစ်အောက် ကလေးတွေကလဲ ပါပါသေးတယ်။

တချို့ဆရာဝန်တွေကတော CD4 levels ကိုကြည့်မနေတော့ဘဲ ဆေးပေးပါမယ်။ ဒီလိုလပ်နိုင်ရင် ကူးစက်ရောဂါပိုးတွေ ဝင်မှာကို တားဆီးနိုင်မယ်၊ အသက်ပိုရှည်နိုင်မယ်လဲ ထင်ရတယ်။

WHO guidelines ဆိုတာ တကယ်တော့ ဆင်းရဲသေးတဲ့နိုင်ငံတွေက အစိုးရတွေအတွက် ပေါ်လစီချဘို့ရာ အကူအညီ ပေးဘို့ ဖြစ်ပါတယ်။ လမ်းညွှန်သစ်အရ ဆင်းရဲတဲ့နိုင်ငံတွေနဲ့ မချမ်းသာတဲ့နိုင်ငံတွေက လူပေါင်း ၂၆ သန်းဟာ ဆေး စသောက်ရပါလိမ့်မယ်။ အဟောင်းအတိုင်းဆိုရင် လူနာပေါင်း ၁၇ သန်းကသာဆေးသောက်ရပါမယ်။ တကယ် ဆေးသောက်နေရသူ (နေနိုင်သူ) ၁ဝ သန်းရှိပါတယ်။ ပိုးကူးစက်ခံနေရသူပေါင်း တကမ္ဘာလုံးမှာ ၃၄ သန်းရှိပါတယ်။

ဆေးဘိုးနဲ့ ဆေးစစ်ကုန်ကျစရိတ်တွေကို တွက်ချက်ရပါတယ်။ အားလုံးက ဈေးနှုန်းကျလာနေပါတယ်။ ကျန်းမာရေး ဘတ်ဂျက် တိုးလာနိုင်တဲ့တိုင်းပြည်တွေကလဲ အလှူရှင်တွေအပေါ်မှီခိုရ သက်သာလာတယ်။ ဥပမာ တောင်အာဖရိကမှာ AIDS budget ကို ၅ဝဝ% အထိတိုးလာနိုင်ပါပြီ။

လမ်းညွှန်သစ်အရ ရိုးရှင်းတဲ့ဆေး ၃ မျိုးကို ဆေးတတောင့်ထဲမှာသာ ထည့်ထားတာကို သုံးပါမယ်။ Tenofovir + Efavirenz နဲ့ Lamivudine ဒါမှမဟုတ် Emtricitabine ကိုရောထားပါတယ်။ လမ်းညွှန်သစ်ကနေ ကူးနိုင်ခြေ ရှိနေသူတိုင်းကိုတော့ ဆေးသောက်ဘို့ ပြောမထားပါ။ ဥပမာ မူးယစ်ဆေးစွဲနေသူတွေ၊ လိင်လုပ်ငန်း လုပ်နေသူတွေ၊ ဂေးတွေ၊ ယောက်ျား အကျဉ်းသားတွေ၊ ဖနီးခင်ပွန်းမှာ ပိုးရှိသေူတွေဖြစ်ပါတယ်။ သူတို့ကို နေ့စဉ် Tenofovir pill ပေးနေရင် ကူးလာမှာကို တားနိုင်ပါတယ်။

WHO အဆိုအရ ဒီနည်းလမ်းသစ်ကြောင့် ၂ဝ၂၅ အထိ လူပေါင်း နောက်ထပ် ၃ သန်းကို ကယ်ရာကျနိုင်တယ်လို့ ဆိုပါတယ်။ နည်းသစ်ကို လက်ရှိ အာဂျင်တီးနား၊ ဘရာဇီးလ်နဲ့ အယ်လ်ဂျီးရီးယားနိုင်ငံတွေမှာ လုပ်နေပြီးဖြစ်ပါတယ်။ ဆေးပေးသင့်တဲ့စာရင်းထဲမှာ လူနာ ၁၆ သန်းသာရှိရာကနေ အခု ၂၆ သန်းအထိ ရှိလာပါမယ်။ ဒါဟာ ပိုးရှိနေသူတွေထဲက ၈ဝ% နဲ့ညီပါတယ်။ ငွေအားဖြင့် ၁ဝ% တိုးလာဘို့ရှိပါတယ်။ ဒေါ်လာ ၂၃ ဘီလီယန်နဲ့ညီမျှပါတယ်။

AIDS, TB နဲ့ ငှက်ဖျားတိုက်ဖျက်ရေးလုပ်နေတဲ့ Global Fund နဲ့ Doctors Without Borders အဖွဲကနေ ၂၁ နိုင်ငံက လူနာပေါင်း ၂၈၆ဝဝဝ ကိုဆေးကုပေးနေတဲ့ အဖွဲ့တွေက ကြိုဆိုလိုက်ပါတယ်။

ဒါပေမဲ့ Health GAP အဖွဲ့ကတော့ ငွေလှူသူတွေနဲ့ ဆေးထုတ်သူတွေကို ဆက်ပြီးဝေဖန်လိုက်ပါတယ်။ ဒါဟာ အနိမ့်ဆုံးနဲ့ အနည်းဆုံးကိုသာ လုပ်ပေးရာကျတယ်လို့ ဆိုပါတယ်။ အလှူရှင်တွေရော၊ ကုလအရာရှိတွေရော၊ တောင်ပိုင်းကမ္ဘာက အစိုးရတွေရောဟာ ခွဲခြားမှုတွေ များနေတယ်လို့ Asia Russell နပြောလိုက်ပါတယ်။ခွဲဘဲနေသကလေးသူငယ် လိင်စော်ကားမှု Child sexual abuse ဆိုတာ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ “အသက်မပြည့်သေးတဲ့ ကလေးကို လိင်ပိုင်းဆိုင်ရာစော်ကားမှု ကျူးလွန်တာ” ကို ခေါ်ပါတယ်။ တိတိကျကျပြောရရင် “ကျူးလွန်သူကနေ ကလေးငယ်တွေကို လိင်ကျေနပ်မှု ရချင်လို့ နှိုးဆွမှုမှာအသုံးချတာ၊ လွှမ်းမိုးမှု၊ အယောင်ဆောင်မှု၊ အားသုံးမှု၊ ဆွဲဆောင်မှုတွေနဲ့ လိင်ကိစ္စအလို့ငှာ တလွဲအသုံးချတာ ဖြစ်တယ်။ ကလေးငယ်မရဲ့ အသက်ဟာ ဥပဒေအရရော ဇီဝကမ္မအရပါ သဘောတူညီချက် ပေးနိုင်ခြင်း မရှိသေးတဲ့အရွယ်ပါ။

အသက်မပြည့်ဆိုတာ ဘာလဲ
မဲပေးဘို့က ၁၈ နှစ်၊ အရက်ဝယ်ချင်ရင် ၁၈ နှစ် (မြန်မာပြည်မှာ အကန့်အသတ်မရှိ)၊ အရေးပေါ်တာဆေး ဝယ်ချင်ရင် ၁၅ နှစ် (မြန်မာပြည်မှာ အကန့်အသတ်မရှိ)။ သားအိမ်ဝကင်ဆာ ကာကွယ်ဆေးထိုးရမဲ့ အသက် ၉ နှစ်။ လိင်စော်ကားတာ ခံရနိုင်တဲ့အသက် တကမ္ဘာအလုံးမှာ အကန့်အသတ်မရှိ။

အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန (CDC) သုတေသနတခုအဆိုအရ အဲလိုအမှုပေါင်း တနှစ် ၃့၆ သန်း တိုင်တန်းတာရှိတယ်။ အသက် ၁၈ နှစ်အောက် ယောက်ျားလေး ၆ ယောက်မှာ ၁ ယောက်နဲ့ မိန်းကလေး ၄ ယောက်မှာ ၁ ယောက် အဲလိုမျိုး တနည်းနည်းနဲ့ စော်ကားခံနေကြရတယ်။ အသက်နဲနဲပိုကြီးလာလေလေ စော်ကားခံရတာ များလေလေ ဖြစ်တယ်။ ဥပမာ ၃ နှစ်အောက်ကလေးတွေက ၁ဝ% ရှိပြီး ၁၂ နှစ်အထက်က ၃၆% ရှိတယ်။ မသန်မစွမ်းဖြစ်နေကြသူ (အမြင်အားနည်း၊ အကြားအားနည်း၊ စိတ်ရောဂါသည်) ဖြစ်ရင် ပိုပြီး ခံရတဲ့နှုန်း မြင့်တယ်။

နမ်းခြင်း၊ မဖွယ်မရာ ကိုယ်ခန္ဓာနေရာ (လိင်အင်္ဂါ၊ နို့ နဲ့ တင်ပါး) တွေမှာ ထိကိုင်ခြင်း၊ အာသာဖြေခြင်း၊ ပါးစပ်-လိင်အင်္ဂါတွေ ထိစပ်ခြင်း၊ လိင်အင်္ဂါနဲ့ လက်ချောင်းထိုးသွင်းခြင်း၊ ဓါတ်ပုံနဲ့ ဗီဒီယိုတွေကြည့်စေခြင်း၊ အဝတ်အစား ဖေါ်ချွတ်စေခြင်း၊ နှုတ်အားဖြင့် လိင်စိတ်ဆိုင်ရာ စကားတွေပြောဆိုခြင်း၊ အခကြေးငွေယူတဲ့ လိင်လုပ်ငန်းမှာ အသုံးချခြင်း စတာတွေပါတယ်။ ထိတွေ့မှုမပါဘဲနဲ့လဲ ဖြစ်နိုင်တယ်။ ဥပမာ ကလေးသူငယ် ညစ်ညမ်းဗီဒီယိုလုပ်ငန်း။

အမေရိကန်ပြည်ထောင်စု၊ ပင်ဆယ်လ်ဗေးနီးယား၊ ကျောင်းစိတ်ပညာရှင်များအသင်းရဲ့ ၂ဝ၁၁ ထုတ် လက်စွဲစာအုပ်ထဲမှာ အမျိုးအစား ၁ဝ မျိုးပါတယ်။
၁။ Rape အဓမ္မကျင့်ခြင်း (မုဒိန်း)
၂။ Sexual assault လိင်စော်ကားခြင်း၊
၃။ Involuntary deviate sexual intercourse သဘောမတူ ပြုကျင့်ခြင်း၊
၎။ Aggravated indecent assault မဖွယ်မရာပြုခြင်း၊
၅။ Molestation စော်ကားခြင်း၊
၆။ Incest အမျိုးခြင်းပေါင်းသင်းခြင်း၊
၇။ Indecent exposure မဖေါ်အပ်သည်ကို ချွတ်ဖေါ်ခြင်း၊
၈။ Prostitution ပြည့်တန်ဆာလုပ်ခြင်း၊
၉။ Sexual abuse လိင်တလွဲသုံးခြင်း
၁ဝ။ Sexual exploitation လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်း

တလွဲအသုံးချခံရသူတွေဟာ မိန်းကလေးတွေရော၊ ယောက်ျားလေးတွေပါဖြစ်တယ်။ အဖြောင့်သမား (ယောက်ျား+မိန်းမ) တွေကရော ဂေး (လိင်တူ) တွေကပါလုပ်တယ်။ ၂ဝဝ၉ ခုနှစ်က နိုင်ငံပေါင်း ၂၂ နိုင်ငံကို ဆန်းစစ်မှုလုပ်တော့ ဒီလိုတွေ တွေ့ရှိခဲ့တယ်။
(က) ကျူးလွန်ခံရသူတွေ
• မိန်းကလေး = ၁၉့၇%
• ယောက်ျားလေး = ၇့၉% (ခ) နေရာဒေသတွေ
• အာဖရိက = ၃၄့၎%၊
• အာရှ = ၂၃့၉%၊
• အမေရိက = ၁ဝ့၁%
• ဥရောပ = ၉့၂%၊ (ဂ) ကျူးလွန်သူတွေ
• ၆ဝ% အသိမိတ်ဆွေတွေ (အိမ်နီးချင်း၊ ကလေးထိန်း၊ ဆရာသမား၊ ကိုးကွယ်ထားသူတွေ)၊
• ၃ဝ% အမျိုးတော်သူတွေ၊
• ၁ဝ% တစိမ်းတရံတွေ၊
• ၁၄-၄ဝ% အရွယ်ရောက် အမျိုးသမီးတွေ၊
• ၆% အရွယ်မရောက်သေး မိန်းကလေးတွေ။

ကျူးလွန်သူတွေရဲ့ နောက်ကြောင်းကိုလိုက်ရင် သူတို့ဟာ အရင်ကလဲ အဲလိုလုပ်ဘူးသူတွေဖြစ်တတ်တယ်။ ၁၇-၁၂-၁၂ နေ့မှာ လူ ၂ ဦးကနေ အရွယ်မရောက်မိန်းကလေးတွေကို စော်ကားတယ်ဆိုတဲ့သတင်း ဘီဘီစီမှာ ပါခဲ့တယ်။ (ပေါလ် သောမတ်စ်) အသက် ၅ဝ ကနေ အမှုပေါင်း ၂၅ ခုနဲ့ အသက် ၄ဝ ရှိ (ဂျယ်ရီ လီ) မှာ အမှုပေါင်း ၃ မှုကို ၁၄ နှစ်အတွင်းမှာ ကျူးလွန်ခဲ့ကြတာဖြစ်တယ်။ ကျူးလွန်းသူတွေဟာ အရက် ဒါမှမဟုတ် မူးယစ်ဆေး သုံးစွဲသူတွေဖြစ်တတ်တယ်။ သူတို့ဟာ အသက်ပြည့်သူတွေနဲ့ဆိုရင် လိင်ကျေနပ်မှုအရနည်းသူ၊ စိတ်လှုတ်ရှားမှုကို မထိန်းနိုင်သူတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေသူတွေ ဖြစ်တာတွေ့ရတယ်။

စော်ကားခံထားရသူတွေ ဘယ်လိုနေမလဲ
• ၄ဝ% မှာ လက္ခဏာမပြပါ။ မပြဘူးဆိုတာ အကောင်းပကတိတော့ မဟုတ်ပါ။
• ခံစားရမှာတွေက ရေတိုနဲ့ ရေရှည် ကျန်းမာရေးထိခိုက်တာတွေဖြစ်တယ်။ စိတ်ကျန်းမာရေး၊ စိတ်လှုတ်ရှားမှု ရုပ်ပိုင်းနဲ့ လူမှုရေးပိုင်းတွေမှာ အနုတ်သဘောတွေ အနည်းနဲ့ အများ သက်ရောက်တာ ခံကြရတယ်။
• စိတ်ဓါတ်ကျခြင်း၊ အပြစ်ရှိနေတယ်လို့ ခံစားနေရခြင်း၊ ကြောက်စိတ်ဝင်နေခြင်း၊ ဒဏ်ခံရပြီးနောက် စိတ်ဖိအား များနေခြင်း၊ သီးခြားနေလိုစိတ်နဲ့ စိုးရိမ်စိတ်ကဲနေခြင်း၊ အစားအသောက်မှာ ပြဿနာရှိခြင်း၊ ကိုယ့်ကိုယ်ကို အထင်သေးခြင်း၊ စတာတွေဖြစ်နေနိုင်တယ်။
• အမူအယာပြဿနာတွေလဲ ရနေနိုင်တယ်။ ကျောင်းမှာ စာသင်ရတာ စိတ်ဝင်စားမှုနည်းလာတာ၊ မူးယစ်ဆေးဝါး လိုက်စားချင်လာတာ၊ ဖျက်လိုဖျက်ဆီး လုပ်ချင်စိတ်ပေါက်တာ၊ ရာဇဝတ်မှုကျူးလွန်ချင်လာတာ၊ ကိုယ့်ကိုယ်ကို သတ်သေချင်စိတ်ဝင်လာတာတွေ။
• လိင်ကိစ္စမှာ ပေါ့ပေါ့တွက်ရာကနေ စိတ်ချရတဲ့ လိင်ဆက်ဆံရေးကို လိုက်နာတာနည်းလို့ လိင်ကတဆင့် ကူးစက်ရောဂါတွေ ပိုရကြတယ်။ မီးကောင်ပေါက်အရွယ်မှာ မလိုချင်တဲ့ ကိုယ်ဝန်ရတာ ၂၅% ရှိတယ်။
• ၂ဝ၁ဝ ခုနှစ်တုံးက ကလေးပေါင်း ၁၅၃၇ ယောက်ဟာ ဒီလိုခံရတာတွေနဲ့ ဆက်စပ်ပြီး သေဆုံးခဲ့ကြရတယ်။
• တကြိမ်တခါ မဖွယ်မရာအပြုခံရဘူးသူတွေဟာ တနည်းနည်းနဲ့ ထပ်စော်ကားခံရတာတွေလဲ တွေ့ရတယ်။

အွန်လိုင်း မယဉ်ကျေးမှု သတိပြု
အမေရိကားမှာ အသက် ၂၁ နှစ်သား (ဒီဗွန် ကင်န်) ကနေ ၁၃ နှစ်သမီးလေးကို ဖေ့စ်ဘွတ်မှာတွေ့ပြီး ဆက်ဆံတဲ့အထိ ဖြစ်ခဲ့တယ်။ အမှန်က မိန်းကလေးကိုယ်တိုင်က ၁၈ နှစ်ပြည့်ပြီလို့ ညာခဲ့တာဖြစ်ပါတယ်။ မြန်မာပြည်မှာက ဖေ့စ်ဘွတ်ကို သုံးကြတာများတယ်။ နာမည်ရင်းမဟုတ်သူကများပြီး About မှာ လိမ်ညာထားသူတွေလဲ မနည်းဘူး။ သတိပေးချင်တာက သားကောင်လဲဖြစ်နိုင်ပြီး ရာဇဝတ်သားလဲ ဖြစ်နိုင်တယ်။

၂ဝ၁၁ မတ်လထဲမှာ ဥရောပရဲအဖွဲ့ Europol ယူရိုပိုလ် ကနေ အဖွဲ့ဝင်ပေါင်းက ၆၇ဝ ရှိတဲ့ အွန်လိုင်းရာဇဝတ်မှုဂိုဏ်း Paedophile ring ဆိုတာကိုဖြိုခွဲပြီး ကလေးပေါင်း ၂၃ဝ ကိုကယ်ခဲ့ရတယ်။ Pedophilia ဆိုတာ စိတ်ရောဂါတမျိုးသာ ဖြစ်တယ်။ ၁၆ နှစ်သားလေးတွေကနေ အသက် ၁၁ နှစ်အရွယ် အပျိုဘော်မဝင်သေးတဲ့ မိန်းကလေးတွေအပေါ်မှာ အထူးစိတ်ဝင်စားတာကိုခေါ်ပါတယ်။

ဘာသာရေး
မြန်မာပြည်မှာ ဘာသာရေးမုန်းတီးမှုတွေ ဖြစ်နေသေးချိန်မှာ ရေးတော့မရေးချင်ပါ။ ဒါပေမဲ့ သတိထားစရာ စုံစေ့ချင်လို့ ထည့်ပါရစေ။ ၆-၁၁-၂ဝ၁၂ နေ့သတင်းတခုထဲမှာ ဗြိတိန်မှာ မွတ်ဆလင်တွေကနေ စောင့်ရှောက်ရေး ဂေဟာတွေမှာ အရွယ်မရောက်သေးတဲ့၊ ခုခံမှုလည်း အားနည်းနေတဲ့ မိန်းကလေးတွေကို အုပ်စုလိုက် အဓမ္မကျင့်ကြတယ်လို့ ပါခဲ့တယ်။ သတင်းကိုတင်တဲ့အခါ ရှေးခေတ် အော်တိုမန် တာ့ခ်တွေကနေ ဆားဗီးယန်း အော်သိုဒေါက်စ် ဘရားကျောင်းထဲမယ် ခရစ်ယန်အမျိုးသမီးတွေကို အုပ်စုလိုက် အဓမ္မဆက်ဆံမှုပြုနေကြတဲ့ ပန်းချီကားနဲ့ တွဲထားပါတယ်။ လန်ကရှိုင်းယား နဲ့ လီဗာပူးမှာ ဖြစ်ခဲ့တာကတော့ ဘာသာသူတူ မွတ်ဆလင် မိန်းကလေးငယ်တွေဖြစ်ပါတယ်။

အခုရဟန်းမင်းကြီးရဲ့အရင် (ပုတ်ပ်) လက်ထက်မှာ လိင်နဲ့ဆိုင်တဲ့သတင်းတွေ အများကြီးထွက်ခဲ့ပါတယ်။ တခြား ဘာသာတွေမှ မဟုတ်ပါ။ သင်္ကန်းဝတ်နဲ့ မတော်တရော်ပုံတွေ၊ ဗီယိုတွေ တွေ့နေကြတယ်မဟုတ်ပါလား။ ဘာသာရေးသာ မဟုတ်သေးပြန်ပါ။ ပျောက်စေဆရာ၊ ဗေဒင်ဆရာတွေလဲ ပါတာဘဲ မဟုတ်ပါလား။

ဘယ်လိုတာကွယ်မလဲ
• အသိတွေ၊ မိတ်ဆွေ (ဖေ့စ်ဘွတ် ဖရင်းတွေလဲပါတယ်)၊ အိမ်နီးချင်းတွေကို ကြပ်ကြပ် သတိထားပါ။
• တစိမ်းတရံမှန်ရင် စကားတောင်သွားမပြောနဲ့ ဥပဒေသ ဒီနေရာမှာ သိပ်အသုံးမကျပါ။
• အမျိုးတော်တာဘဲ ပွေ့ဖက်နမ်းရှုံ့တာ ကိစ္စမရှိပါ မလုပ်ပါနဲ့။
• မမြင်ကွယ်ရာမှာ အမျိုးတော်တော်၊ အသိဖြစ်ဖြစ် ဘယ်သူနဲ့ထားခဲ့ရပါစေ၊ စိတ်မချပါနဲ့။
• အများကြည်ညိုခံရတဲ့ ပုဂ္ဂိုလ်ဘဲဆိုပြီး ကိုယ့်ကလေးကို လွှတ်ထားမပေးပါနဲ့။
• ကိုယ့်ကလေးနဲ့ကိုယ် ဆက်သွယ်ရေး ကောင်းကောင်းထူထောင်ပါ။ မေးတာကို အားပေးပါ။ ဖြေရာမှာ အားမနည်းပါနဲ့။
• မမှန်ဘူးထင်တာကို ပြန်ပြောဘို့၊ တိုင်တန်းဘို့ အားပေးပါ။ တရားဥပဒေက ခွင့်ပြုတာလဲ သင်ပေးပါ။
• ကိုယ့်ကလေးကိုယ် လိင်ကျန်မာရေး အခြေခံလောက်သင်ထားပေးပါ။ လိုအပ်ရင် ဆရာဝန်အကူအညီယူပါ။

ကလေးတွေကို လိင်မှုဆိုင်ရာ မဖွယ်မရာသတင်းတွေ (ဂူဂယ်လ်) မှာ ရိုက်ရှာရင် တသီတတန်းကြီး တွေ့ပါလိမ့်မယ်။ ဗာတီကန်စီတီး၊ ပင်တာဂွန်၊ ဟောလိဝုဒ်၊ နာမည်ကြီး ထိပ်သီးတွေပါနေတယ်။ သူများတွေဆီမှာ အဲလောက်တောင် ဖြစ်နေသလား၊ မကဲ့ရဲ့ပါနဲ့။ ကိုယ့်ဆီမှာ ဂူဂယ် ရှာဖွေအင်ဂျင်က ဝင်မရလို့သာ လူမမယ် မြန်မာကလေးတွေ ဘယ်လောက်ထိ စော်ကားမှုခံနေရသလဲ မသိနိုင်တာသာ ဖြစ်ပါမယ်။ ပြုပြင်စရာတွေ သိန်းခြောက်သောင်းထဲမှာ ဒီအကြောင်းလဲ ထည့်ကြပါခင်ဗျား။ “အရွယ်ငယ်သေး မိန်းကလေး စော်ကားခံရမှုကျွန်တော့် အသက်က (၂၇) နှစ်ပါ။ ကောင်မလေးက ကျွန်တော့်ထက် (၂) နှစ်ခွဲလောက် ကြီးပါတယ်။ သူက ပြောပါတယ်။ ယောက်ျားက အသက်ငယ်နေလို့ရှိရင် ဥာဏ်ရည် မမှီတဲ့ကလေးတွေ မွေးတတ်တယ်လို့ ပြောပါတယ်။ အဲဒါ ဟုတ်ပါသလား။ ဘယ်အသက်အရွယ်မှာ မွေးတတ်တယ်လို့ ရှိပါသလား။ ကျွန်တော်တို့က နောက်တစ်နှစ်ခွဲ လောက်နေမှ လက်ထပ်မှာပါ။


လုံးဝ မစိုးရိမ်ပါနဲ့။ အသက်ကြီး မိဘ ဆိုရင် ဖြစ်နိုင်ခြေရှိတယ်။ ယောက်ျားရော-မိန်းမပါ သိပ်ငယ်ရင် ပိုဂရုစိုက်ရတာသာ ရှိပါတယ်။ ၁၈ နှစ်အထက် အားလုံး သိပ်ကောင်းတဲ့ အရွယ်တွေပါ။ ယောက်ျား ၄ဝ အောက်၊ မိန်းမ ၃၅ အောက် ကောင်းတာပါဘဲ။ အသက်ကြီး ယောက်ျားဆိုတာ မိန်းမထက် ကြီးတဲ့သူကို ဆိုလိုတာ မဟုတ်ပါ။

မွေးရာပါ ချို့ယွင်းနေတဲ့ကလေး မွေးလာတာကို ပတ်ဝန်းကျင် နဲ့ မျိုးဗီဇ ကို လွှဲချနိုင်ပါတယ်။ ရှာလို့ရတဲ့ အကြောင်းခံတွေ ထဲမှာ သန္ခေစရှိခါစမှာ Antibiotics ပဋိဇီဝဆေးသုံးတာ၊ ဥပမာ Sulfonamide နဲ့ Nitrofurantoin ဆေး၊ ကိုယ်ဝန်ဆောင် နေတုံး တချို့ရောဂါပိုးဝင်တာ၊ အာဟာရ ချို့တဲ့တာ၊ ဥပမာ Iodine, Vitamin A, Vitamin A B 2, Vitamin C, Vitamin E နည်းတာ၊ Petroleum ဓါတ်ဆီ အဆိပ်သင့်တာ၊ Fusarium mycotoxin zearalenone အဆိပ်သင့်တာတွေပါတယ်။ သတိပြုဘို့ ကောင်းတာက ဒီအထဲမှာ မိဘ အသက်ကြီးလို့ကြောင့်ဆိုတာ မပါတာ တွေ့ရပါလိမ့်မယ်။

ဒါတောင် ၆ဝ% လောက်က ဘာလို့ ဖြစ်လဲ မသိရပါ။ အဲဒါ ကျွန်တော်တို့လူမျိုးတွေ ထင်မှတ် လက်ခံတဲ့ အချက်အတိုင်း ဆိုရင် ကံတရားအရ ဖြစ်တာပေါ့။

ခုခေတ်မှာ အသက် ငယ်ငယ်လေးတွေရော ကြီးသူတွေပါ ကိုယ်ဝန်ရသူ တိုးလားနေတယ်။ ၂ဝဝ၆ ခုနှစ်က အင်္ဂလန်နဲ့ (ဝေးလ်စ်) မှာ စစ်တော့ အသက် ၃ဝ ကျော် ကိုယ်ဝန်ဆောင် ၄၈% ရှိတယ်။ ၁၉၈၆ တုံးက ၂၈% သာ ရှိရာကနေ တိုးလာတာပါ။ အသက် ၃၅-၃၉ အုပ်စုကလဲ တိုးလာတယ်။ ၄ဝ ကျော်က အနှစ် ၂ဝ အတွင်းမှာ ၁့၁% ကနေ ၃့၅% ဖြစ်လာလို့ ၂ ဆတိုးလာတယ်။ အမေရိကန်တွေ ဘယ်လိုရှိတယ်ဆိုတာလဲ အောက်မှာ ဆက်ရေးပါမယ်။

အသက် ၃၅ နှစ်ကျော်မှာ ကိုယ်ဝန်ဆောင်တာ လုံးဝမစိုးရိမ်ပါနဲ့လို့တော့ မပြောပါ။ ၃ဝ ကျော်တာနဲ့ ကလေးရနိုင်တဲ့ အခွင့် အလမ်းကစ နည်းလာတယ်။ ၃၅ နဲ့ ၃၉ ကြား အမျိုးသမီးတွေမှာ ၂ဝ% အခွင့်အလမ်းမရှိတာ တွေ့ရတယ်။

အရင်ကတော့ အသက်ကြီး ကိုယ်ဝန်ဆောင်ဆိုတာ ကလေးတွေ အများကြီး မွေးထားပြီးတဲ့သူကို ပြောကြပေမဲ့ အခုခေတ်မှာ အသက်သာ နဲနဲကြီးပေမဲ့ ကလေးမွေးမများ သေးသူတွေ ဖြစ်လာတယ်။ အမှန်က ကလေးများများ မွေးသူတွေသာ အခက်အခဲတွေ ပိုကြုံလေ့ရှိတာပါ။ ခေတ်အမျိုးသမီးများဟာ ဗဟုသုတရော အာဟာရပါ ပိုပြည့်ဝ ကြံ့ခိုင်နေတာ များလာတယ်။ အရွယ်ရလာသူတွေဟာ သူ့တို့ ကိုယ်ခန္ခာကို ပိုသိကြတယ်။ ဖြစ်လာမှာကို ခံနိုင်ရည် ပိုရှိကြတယ်။ ပိုလွတ်လပ်မှုရှိတယ်။ အမှိခို နည်းတတ်ကြတယ်။ အသက် ပိုရလာလို့ သွေးတိုး၊ ဆီးချိုစတာတွေ မရှိဘို့သာ အရေးကြီးတာပါ။

တခုကတော့ ဖြစ်နိုင်ပါတယ်။ မွေးလာမဲ့ ကလေးဟာ ချို့ယွင်းတာမျိုးက ငယ်သူတွေထက်တော့ ပိုဖြစ်နိုင်တယ်။ စောစောက သုတေသနကဘဲ ပြောတယ်၊ ၃၅-၃၉ အတွင်း ၅ဝဝ မှာ ၁ ယောက် အဲလိုဖြစ်ရင်၊ ၄ဝ-၄၅ အတွင်းတွေက ၂၅ဝ မှာ ၁ ယောက် ဖြစ်တယ်။ ၄၅ ကျော်ရင် ၇ဝ မှာ ၁ ယောက်လို့ ဆိုပါတယ်။ ဒါ့ကြောင့် Maternal serum screening မိခင်သွေးစစ်တာနဲ့ တခြား စမ်းသပ်မှုတွေ လုပ်သင့်ကြတယ်။ Chorinic villas sampling ဒါမှမဟုတ် Amniocentesis ရေမြွာရည်စစ်နည်းတွေ ပြောတာပါ။ သူများနိုင်ငံတွေမှာ အဲလို စစ်လို့ ကြိုသိရရင် ကိုယ်ဝန်ကို ရပ်ပြစ်နိုင်တယ်။

အသက် ၄ဝ ကျော်မှာ ကိုယ်ဝန်ဆောင်ရင် Stillbirth ကလေး အသေမွေးနှုံး များတတ်သေးတယ်။ ၂ဝ-၃၉ အတွင်းမှာ လူ ၁ဝဝဝ ထဲက ၅-၆ ယောက်၊ ၄ဝ ကျော်ရင် ၉ ယောက်။ ဒါ့ကြောင့် သူတို့ကို တခြား ကိုယ်ဝန်တွေထက် ANC မမွေးမီ စောင့်ရှောက်ခြင်း ပိုလုပ်ပေးရလိမ့်မယ်။ ဒါတွေက လွဲရင် ကလေးတွေ အားလုံး ကျန်းမာကြပါတယ်။

အသက်ကြီးသူတွေကို မွေးတဲ့အခါမှာလည်း ပိုဂရုစိုက်စရာ လိုကြပါတယ်။ ၃၅ နှစ်ကျော်သူတွေကို Induced labour မွေးစေအောင် ကူညီလုပ်ပေးခြင်း၊ Epidural ခါးထုံဆေးနဲ့ မွေးပေးခြင်း၊ Oxytocin ညှစ်အား ကောင်းဆေး သွင်းမွေးခြင်း၊ Forceps delivery ညှပ်ဆွဲ မွေးပေးခြင်း၊ LSCS ဗိုက်ခွဲမွေးပေးခြင်းတွေ ပြောတာပါ။ အမှန်က ဆရာဝန်တွေက Risk ဖြစ်လာနိုင်ခြေ-အန္တရာယ် ရှောင်ချင်ကြတာလည်း ပါနေတာပါ။ ဒါပေမဲ့ မိခင်လောင်းရော ဆရာဝန်-ဆရာမတွေပါ Stress စိတ်ဖိအား မများဘဲ၊ သိပ်အစိုးရိမ်လည်း မကြီးသင့်ကြဘူး။



Demography of American Motherhood အမေရိကန် မိခင်တွေ ပုံစံပြောင်းလာနေ

အသက်အရွယ် ရနေတဲ့ မိခင်တွေကနေ Autism မွေးရာပါရောဂါနဲ့ ကလေးမွေးလာဘို့ အခွင့်အလမ်း သူတို့ထက်ငယ်တဲ့ မိခင်တွေထက် ပိုများတယ်။ အသက်အရွယ်ကြီးတဲ့ ဖခင်နဲ့ အသက် ၃ဝ အောက်အရွယ် ဇနီးသည်တွေကနေလဲ အဲလို ဖြစ်နိုင်ခြေ များတယ်လို့ Journal Autism Research မှာရေးလိုက်ပါတယ်။ ကယ်လီဖိုးနီးယားမှာ ၁၉၉ဝ နောက်ပိုင်း မွေးဖွါးစာရင်း ၅ သန်းကိုလေ့လာပြီးမှ ကောက်ချက်ချခဲ့တာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ ရောဂါနဲ့ ကလေးပေါင်း ၁၂၁၅၉ ယောက်ရှိတယ်။


ဒိအရင် လေ့လာမှုအရ သိထားခဲ့တာက ဖခင်တွေရဲ့ အသက်ကြီးလေလေ ဖြစ်နိုင်ခြေများလေလေ။ အခုလေ့လာမှုသစ်မှာ ဖခင်ရဲ့ အသက် ၄ဝ ကျော်ပြီး၊ မိခင်က အသက် ၂ဝ အောက်ဆိုရင် မွေးလာတဲ့ကလေးမှာ Autism ရောဂါ ဖြစ်နိုင်ခြေ များတာ တွေ့ရတယ်။ ငယ်ရွယ်တဲ့ ဖခင်တွေထက် ၅၉% အထိများတယ်။ Autism ရှိတဲ့ကလေးရဲ့ ဥာဏ်ရည်က တခြားကလေးတွေနဲ့ မတူပါ။


ထူးခြားချက်ကတော့ မိခင်က အသက် ၃ဝ ကျော်နေပြီး၊ ဖခင်က ၄ဝ ကျော်နေရင် ၁၃% ပိုများတယ်။ မိခင်အသက် ၅ နှစ် ပိုကြီးလေလေ ဖြစ်နိုင်ခြေ ၁၈% တိုးလေလေဖြစ်တယ်။ မိခင်အသက် ၄ဝ ကျော်ရင် ၂ဝ ကျော်သူတွေထက် ၅ဝ% ပိုတယ်။ ၂၅ နှစ်အောက်တွေထက် ၇၇% ပိုတယ်။


အရင်အထင်ဖြစ်တဲ့ ဖခင်အသက်ကြီးတာသာမက မိခင်အသက်ကြီးရင်လဲ ပိုတယ်လို့ အသစ်ကနေ သိလာရတယ်။ အစ္စရေး စာရင်းဇယားတွေကို လေ့လာတော့ ဖခင်အသက် ၄ဝ ကျော်ရင် ၃ဝ ကျော်တွေထက် မွေးလာတဲ့ကလေးမှာ Autism ရောဂါ ၅ ဆပိုတာ တွေ့ရတယ်။


၆-၅-၂ဝ၁ဝ နေ့ကထုတ်ပြန်တဲ့ The New Demography of American Motherhood အစီရင်ခံစာဟာ ၁၉၉ဝ ကျော်နဲ့ ၂ဝဝ၈ တုံးက ကလေးမွေးဖွါးသူ မိခင်တွေကို လေ့လာခဲ့တယ်။

• Age အရင်ကထက် အသက်ပိုကြီးလာကြတယ်။ ၁၉၉ဝ တုံးက ဆယ်ကျော်သက်တွေက ၁၃% ကလေး မွေးကြပြီး၊ ၃၅ နှစ်ကျော်သူတွေက ၉% ကလေးမွေးခဲ့ကြတယ်။ ၂ဝဝ၈ ရောက်တော့ ပြောင်းပြန် ဖြစ်လာတယ်။ ဆယ်ကျော်သက်တွေက ၁ဝ% နဲ့ ၃၅ နှစ်ကျော်သူတွေက ၁၄% ကလေးမွေးခဲ့ကြတယ်။
• Marital Status အိမ်ထောင်မပြုသေးဘဲ ကလေးမွေးသူ ၁၉၉ဝ မှာ ၂၈% ရှိခဲ့ရာကနေ ၂ဝဝ၈ မှာ ၄၁% အထိ ရှိလာတယ်။
• Race and Ethnicity ကလေးမိခင်တွေထဲမှာ အသားဖြူ အမျိုးသမီးတွေက ၁၉၉ဝ တုံးက ၆၅% ရှိခဲ့ရာကနေ ၂ဝဝ၈ မှာ ၅၃% ကျဆင်းလာတယ်။
• Education ကလေးမွေးသူ မိခင်တွေထဲက ၁၉၉ဝ တုံးက ၄၁% သာ ကောလိပ်အထိ ပညာသင်ခဲ့သူတွေ ဖြစ်ပြီး၊ ၂ဝဝ၆ မှာ ၅၄% အထိတက်လာတယ်။ အသက် ၃၅ နှစ်နဲ့ကျော်မှ ကလေးမိခင်ဖြစ်လာသူတွေထဲမှာ ကော်လိပ် ကျောင်းသူ ၇၁% ရှိတယ်။
• Attitudes about Parenthood ဘာလို့ ကလေးယူလိုက်တာပါလဲလို့ မေးတော့ ၈၇% က ပျော်ရွှင်မှု ရစေလို့ ဆိုပြီး ဖြေတယ်။ ၄၇% ကတော့ ယူချင်တယ်ဆိုတာထက် ရလာတာလို့ဖြေကြတယ်။
• Overview ချုပ်လိုက်ရင် ၁၉၉ဝ နဲ့စာရင် နောက်ပိုင်းမှာ ဆယ်ကျော်သက် ကလေးအမေတွက အသက် ၃၅ နှစ် ရောက်မှ ကလေးယူသူတွေထက် များခဲ့တယ်။ နောက်ပိုင်းမှာ လက်မထပ်ဘဲ ကလေးအမေဖြစ်သူတွေ ပိုများလာတယ်။ အသားမဲတွေမှာ ၇၂% နဲ့ ပိုသိသာတယ်။ ဟစ်ပင်းနစ်တွေက ၅၃%၊ အဖြူမတွေက ၂၉% နဲ့ အာရှသူတွေက ၁၇% ရှိတယ်။ စုစုပေါင်း ကလေးမွေးကြတာ အဖြူတွေက ၅၃% နဲ့ ဟစ်ပင်းနစ်တွေက ၂၄% ရှိတယ်။ ၂ဝဝ၆ မှာ ၅၄% က ကောလိပ်ပညာ သင်ထားသူတွေဖြစ်တယ်။ ၂၄% က တိုင်းတပါးမှာ မွေးခဲ့ကြတယ်။
မိန်းကလေး တယောက်ဟာ မွေးလာကာစတုံးက မျိုးဥပေါင်း ၁ သန်းကနေ ၂ သန်းအထိရှိနေခဲ့တာပါ။ အပျိုဖြစ်တဲ့နောက် တလမှာ တဥနှုန်းနဲ့ ထွက်လာတယ်။ သွေးမဆုံးခင်အထိ တွက်ရင် စုစုပေါင်း မျိုးဥအရေအတွက် ၃ဝဝ ကနေ ၄ဝဝ ရှိမယ်။ အိမ်ထောင်ကျလို့ ကလေး ၅ ယောက်အမေဖြစ်ရင် တကယ်တန်း အသုံးပြုခဲ့ရတဲ့ မျိုးဥပေါင်း ၅ ခုသာဖြစ်မယ်။

ကလေး မရသေးသူတွေ ကိုယ်ဝန်ဆောင်စေဘို့ရာ ကိုယ့်ရာသီကိုယ် သိရမယ်။ ရာသီတလကို သွေးစဆင်းနေ့ကနေ တွက်တယ်။ တလဆိုတာ ၂၈ ရက်ကနေ ၃၂ ရက်အထိရှိနိုင်တယ်။ မျိုးဥထွက်တာ လလည်ရက်မှာ အများဆုံးဖြစ်ပေမဲ့ ၁၁ ရက်ကနေ ၂၁ ရက်အတွင်းမှာ ဖြစ်နိုင်တယ်။

ရာသီဆင်းတဲ့နောက် ၂ ရက်ကနေ ၁၄ ရက်အတွင်းမှာ FHS ဟော်မုန်း ထွက်လာလို့ မျိုးဥအိမ်မှာရှိတဲ့ (ဖေါ်လီကယ်လ်) တွေကို နှိုးဆွပေးတယ်။ သားအိမ် အတွင်းဆုံးအလွှာကိုလဲ ထူထဲလာစေတယ်။ အဖို-အမ မျိုးစပ်ပြီးသားဥ Fertilized egg ကို Implantation တွယ်ကပ်ဘို့ ပြင်ဆင်ပေးတာဖြစ်တယ်။

LH ခေါ်တဲ့ နောက်ဟော်မုန်းတမျိုးလဲ ထွက်လာမယ်။ သူကနေ အရင့်မှည့်ဆုံးဥကို (ဖေါ်လီကယ်လ်) ထဲကနေ ထွက်လာစေတယ်။ သားအိမ်ဝမှာရှိတဲ့ အကျိအချွဲကလဲ ချောကျိကျိပိုဖြစ်လာပြီး (ဗဂျိုင်းနား) ကနေ ဝင်လာမဲ့ သုက်ပိုးဝင် ဝင်လာနိုင်အောင် ရေလာမြောင်းပေး လုပ်ပေးတာမယ်။

မျိးဥကလဲ မျိုးဥအိမ်ကနေထွက်၊ သားအိမ်ပြွန်အပေါက်ဝထဲကိုဝင်၊ သားအိမ်ပြွန်တလျှောက် ဝင်လာမယ်။ လမ်းမှာတင် အဖိုသုက်ပိုးနဲ့ မ-မျိုးဥတွေဆုံပေါင်းစပ်မှု ဖြစ်မယ်။ မ-မျိုးဥဟာ မျိုးဥအိမ်ကထွက်ပြီးတဲ့နောက် အဲလို သုက်ပိုးနဲ့ မတွေ့ရရင်တော့ ၁၂-၂၄ နာရီထက်ပိုပြီး ဆက်ရှင်မနေဘူး။ သုက်ပိုးကတော့ ၃-၅ ရက်အထိ ရှင်သန်နေနိုင်တယ်။

ကလေးရချင်သူတွေ မ-မျိုးဥရှင်သန်နေတဲ့ ၂၄ နာရီနဲ့အံကိုက် သုက်ပိုးနဲ့တွေ့အောင် စီမံချက် ကောင်းကောင်းချတတ်ဘို့ လိုတယ်။ အကောင်းဆုံးရက်ဆိုတာ မ-မျိုးဥထွက်မဲ့ရက် မတိုင်ခင် ၁-၂ ရက်တွေဖြစ်တယ်။ ရာသီတလဟာ ၂၈ ရက် ဖြစ်သူတွေမှာ ရာသီစဆင်းတဲ့နေ့ကနေ ရေတွက်ရင် ၁၂-၁၃-၁၄ ရက်နေ့တွေဖြစ်တယ်။

သတိတခုထားစေချင်ပါတယ်။ အဲဒီ ၃ ရက်လုံးလုံး နေနိုင်သလောက် အတူနေမယ်ဆိုတာလဲ သိပ်ကောင်းမယ်မဟုတ်ပါ။ ယောက်ျားမှာ ဆက်ဆံမှုများလို့ သုက်လွှတ်တာဆက်တိုက်များရင် Sperm count သုက်ကောင်ရေ အရေအတွက်ကို နည်းစေနိုင်တယ်။

မိန်းမဘက်ကလဲ တွက်ရအုံးမယ်။ Ovulation မျိုးဥထွက်ရက် အသေအခြာသိချင်ရင် Temperature ကိုယ်ပူချိန်မှတ်တမ်း လုပ်ထားပါ။ မျိုးဥတခု ထွက်သွားပြီး ကျန်နေတဲ့ (ဖေါ်လီကယ်လ်) ကို Corpus luteum (ကောပတ်စ်-လူတီယမ်) လို့ ခေါ်တယ်။ သူကနေ ဟော်မုန်းနောက်တမျိုး ထွက်လာပြန်တယ်။ အဲဒီ Progesterone (ပရိုဂျက်စတီရုံး) ကနေ သားအိမ် နံရံကို ထူထဲလာအောင် လုပ်ပေးမယ်။ ကိုယ်ဝန်အတွက် ပြင်ဆင်ပေးတာပါဘဲ။ ဒီဟော်မုန်းတန်ခိုးကြောင့် ကိုယ်ခန္ဓာ အပူချိန်ကို နဲနဲမြင့်တက်စေမယ်။ မနက်အိပ်ရာနိုးချိန် ဘာတခုမှ မလုပ်ကိုင်သေးခင် အပူချိန်တိုင်းပါ။ အတိအကျ မှတ်သားထားပါ။ Basal thermometer တခုကို ၁ဝ ဒေါ်လာပေးရတယ်။ အကြမ်းဖျင်းတော့ သိနိုင်တယ်ပေါ့။ ဒေါ်လာ ၂ဝ-၅ဝ တတ်နိုင်ရင် Ovulation kits ဝယ်သုံးပါ။ LH ဟော်မုန်း များများလာတာဟာ မျိုးဥထွက်တာမို့ ဆီးထဲပါနေတဲ့ LH levels ကို တိုင်းနိုင်တယ်။ ကောင်းတဲ့ ကရိယာနဲ့ဆို နေ့တိုင်းစစ်နိုင်လို့ ၉၉% မှန်နိုင်တယ်။

သုက်ပိုးနဲ့ မျိုးဥ ရေစက်မဆုံနိုင်ကြရင်တော့ Progesterone ဟော်မုန်းနည်းနည်းလာမယ်။ ၁၂-၁၆ ရက်အကြာမှာ ပျက်စီးသွားတဲ့ သားအိမ်အတွင်းလွှာက သွေးနဲ့ (တစ်ရှူး) တွေထဲမှာ မျိုးမစပ်လိုက်ရတဲ့ မျိုးဥပါရောပြီး Menstruation ရာသီ အဖြစ်ဆင်းတယ်။ နောက်တလ စပြန်ပါလိမ့်မယ်။ သွေးဆင်းနေတာ တချို့မှာ ၃ ရက်၊ တချို့ ၇ ရက်ကြာမယ်။

ကလေးအမေဖြစ်ချင်သူ
• အသက် ၃ဝ အရွယ် ကျန်းမာတဲ့ အမျိုးသမီးတိုင်း လတိုင်းလတိုင်းမှာ ကိုယ်ဝန်ဆောင်ဘို့အခွင့်အလမ်း ၂ဝ% ရှိတယ်။
• အသက် ၂ဝ အရွယ် ကျန်းမာတဲ့ အမျိုးသမီးတိုင်း လတိုင်းလတိုင်းမှာ ကိုယ်ဝန်ဆောင်ဘို့အခွင့်အလမ်း ၅% ရှိတယ်။
• Foods rich in folic acids (ဖေါလစ်-အက်စစ်) များတဲ့အစားအစာ စားပါ။ Folic acids ဆေးသောက်ပါ။
• Organic foods and green products (အော်ဂဲနစ်) အစားအသောက် ရွေးချယ်စားသောက်ပါ။
• Plastics (ပလပ်စတစ်) ထုပ်ပိုးတာမျိုး ရှောင်ရှားပါ။
• အစားအသောက်ဆင်ခြင်တာနဲ့ ကိုယ်လက်လေ့ကျင်ခန်းလုပ်ပြီး ကိုယ်အလေးချိန်ထိန်းပါ။
• Alcohol and caffeine အရက်၊ ကေဖင်း-ဆေးလိမ် ရှောင်ကျဉ်ပါ။

ကလေးအဖေဖြစ်ချင်သူ
• အသက် ၄၅ ကျော်ရင် အခွင့်အလမ်း နည်းနည်းလာမယ်။
• Managing stress စိတ်ဖိအားလျှော့ချနည်း လုပ်ပါ။
• Alcohol and tobacco အရကိ၊ ဆေးလိပ် ရှောင်ပါ၊ လျှော့ပါ၊ ဖြတ်ပါ။
• Weight ကိုယ်အလေးချိန် ထိန်းပါ။
• Zinc (ဇင့်) ဓါတ်ပါတဲ့ အသား၊ ဖြူဖွေးနေအောင် ချွတ်မထားတဲ့ အနှံမျိုးနဲ့လုပ်ထားတဲ့ အစားအစာ၊ ပင်လယ်စာ နဲ့ ဥတွေ စားပါ။
• Selenium ပါတဲ့ အသား၊ ပင်လယ်စာ၊ မှို၊ ဖြူဖွေးနေအောင် ချွတ်မထားတဲ့ အနှံမျိုးနဲ့လုပ်ထားတဲ့ အစားအစာ၊ အစေ့အဆံတွေ စားပါ။
• Vitamin E (ဗီတာမင် အီး) သောက်ပါ။
• Testicles ကျား-အစိ (တက်စ်တိစ်) ကို အေးနေအောင် သတိထားပါ။
၁၉၀၀ ပြည့်နှစ် ၀န်းကျင်လောက်က Thomas Vills “ သောမတ်စ် ဗီးစ် ” ဆိုတဲ့ ကောင်လေးတစ်ယောက်သူအရမ်းချ စ်တဲ့ သူ့အဖိုး...သူ့ရှေ့မှာ ဦးနှောက်သွေးကြောပြတ်သွား တာကိုကြုံခဲ့ရတယ်..။
ဘာမှ မသိသေးတဲ့ ကလေးလေးဆိုပေမဲ့ သူ့အရမ်းချစ်တဲ့ အဖိုးဖြေးဖြေးလဲကျသေဆုံးသွားပုံကို မျက်စိထဲက မထွက်ခဲ့ဘူး..။

ဒီလိုနဲ့ နှစ်ပေါင်း ၂၀ ကျော်ကြာခဲ့ပြီးတဲ့နောက်မှာ “ သောမတ်စ် ဗီးလ် ” ဟာ ဆရာဝန်ဖြစ်လာခဲ့တယ်..။
သူငယ်ငယ်ကတည်းက မျက်စိရှေ့တင် လဲကျသေဆုံးသွားတဲ့ အဖိုးအဖြစ်ကို ဘာကြောင့် ဦးနှောက်သွေးကြောပြတ်ရတာလဲ လို့ သူ့လေ့လာခဲ့တယ်..။

မလေ့လာရင်သာနေမယ်..လေ့လာရင် အရာရာ သိလာရတာပါပဲ..။
ဘာကြောင့်လို့ထင်ပါသလဲ သူငယ်ချင်း.....။

တစ်ခါတစ်လေ ကြီးမားတဲ့ အပြောင်းအလဲတွေဟာ မထင်မှတ်တဲ့ နေရာတွေက အစပြုတတ်ပါတယ်..။
မြန်မာနိုင်ငံမှာ ဦးနှောက်သွေးကြောပြတ်ပြီးခဲ့ရတဲ့ လူတွေ အများကြီးပါ..။
သူတို့ဟာ အဓိကအားဖြင့် ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်တတ်ပါသလဲ..။

“ အလွန်ဒေါသထွက် ၊ ရန်ဖြစ်နေချိန်ကလွဲလို့ ဦးနှောက်သွေးကြောပြတ်
သေဆုံးသူအများစုဟာ အိမ်သာက အထွက်မှာ မူးပြီးလဲကျ ဦးနှောက်သွေးကြောပြတ်တယ်. .
လို့တွေ့ရမှာပါ.။ ဒီလိုပါပဲ...သောမတ်စ်ဗီးလ် လဲတွေ့ရှိခဲ့တယ်..။ ”

သူ့အဖိုးကလဲ အိမ်သာက အထွက်မှာလဲကျ သေဆုံးသွားခဲ့တာလေ..။
သူ သေသေချာချာ လေ့လာတော့ ရိုးရိုးအိမ်သာခွက်(ဆောင့်ကြောင့်ထိုင်ခွက်)မှာ ထိုင်ပြီး
အိမ်သာတတ်သူဟာ ဒူးက ၁၅၀ ဒီဂရီကျော် ကွေးပြီး ထိုင်ရုံသာမက လူဝိတ်ကပါ ဖိမိထားတော့ ခန္ဓာကိုယ်က သွေးကြောတွေ ပိတ်မိနေတယ်..။
ဒီအချိန်မှာ အိမ်သာတတ်ပြီးလို့ ရုတ်တရက်ထလိုက်တော့ ကွေးနေတဲ့ ဒူးဟာ..ရုတ်တရက်သွေးကြောကို ဖွင့်ပေးလိုက်သလို ဖြစ်ပြီး ဦးနှောက်သွေးကြောကိုဆောင့်တိုး စေတယ်..။
လူငယ်တွေမှာ ခံနိုင်ရည်ရှိပေမဲ့ လူကြီးတွေကျတော့ ခံနိုင်ရည်အားကျနေပြီလေ.။
ဒါကြောင့် အိမ်သာက အထွက်မှာ လူတွေ ဦးနှောက်သွေးကြောပြတ်တာလို့... သူတင်ပြတယ်..။

ဒါနဲ့ လေ့လာတွေ့ရှိမှု နောက်ဆက်တွဲ အဖြစ်နဲ့ ရိုးရိုး အိမ်သာခွက်တွေ အစား
ထိုင်ကမုတ်ခွက် တွေကို ပြောင်းသုံးဖို့ သူတီထွင်ခဲ့တယ်..။
ထိုင်ကမုတ်ခွက် တွေ အပြောင်းအလဲရဲ့ အကျိုးသက်ရောက်မှုကလဲ အံ့သြစရာကောင်းပါတယ်..။
၇၀ % သော လူတွေ ဦးနှောက်သွေးကြောပြတ်မှုကို ကာကွယ်နိုင်ခဲ့တယ်..။
ပြင်သစ် ၊ ဆွီဒင် ၊ ဂျာမနီ ၊ အမေရိကန် ၊ဟော်လန် နိုင်ငံတွေမှာ ထိုင်ကမုတ်ခွက် သုံးပြီးကတည်းက ဦးနှောက်သွေးကြောပြတ်သူ ၈၅ % လျော့ချနိုင်ခဲ့တယ်..။
အင်္ဂလန်အပါအ၀င် တခြားနိုင်ငံတွေမှာ ၇၀ % လျော့ချနိုင်ခဲ့တယ်..။
ဖွံဖြိုးပြီး အာရှနိုင်ငံများမှာ ၆၀ % ကျော်လျော့ချနိုင်ခဲ့တယ်.. ။
အာဖရိကတိုက်မှာတော့ ဦးနှောက်သွေးကြောပြတ်သူ တဖုတ်ဖုတ်ပါပဲ..။ 
  နားနဲ့မနာ ဖဝါးနဲ့သာ နာပေးပါ။ ကျွန်တော်တို့တွေ လူလား မြောက်လာပြီဆိုရင် ဘာတွေ ပြောင်းလဲလာသလဲဆိုတာ အသေးစိတ် သိချင်နေမိပါတယ်။ နောက်တစ်ခုက မာစတာဘေးရှင်း လုပ်တာကို နည်းသွားအောင် ဘယ်လို လုပ်ရမလဲ ဆိုတာ ပြောပြပေးပါ။ မရိုသေ့ စကားပါ။ လိင်တံဟာ အခြားသူတွေလို မဟုတ်ဘဲ ညာဘက်ကို ကောက်နေပါတယ်။ ဆီးသွားရင်လည်း ဆီးလမ်းကြောင်းက သူများတွေလို ဖြောင့်ဖြောင့် မသွားပါဘူး။ ဘယ်လို လုပ်ရင် ပုံမှန် ပြန်ဖြစ်နိုင်မလဲ ဆိုတာကို သိချင်မိပါတယ်။
နောက်မေးတာ အရင်ဖြေပါမယ်။ မဖြောင့်ဘဲနေတာ ပြဿနာ မဟုတ်ပါ။ ခိုက်မိလို့ဆိုရင်တော့ တမျိုးပေါ့။ ဘယ်-ညာ၊ အပေါ်-အောက် မဖြောင့်တာ ဖြစ်နိုင်ပါတယ်။ ငယ်ငယ်ကတည်းက ဆိုရင်တောင်မှ မွေးရာပါ ချို့ယွင်းချက်လို့ မခေါ်ပါ။ လိင်တံရဲ့ Bath-room နဲ့ Bed-room အလုပ်တွေကိုလည်း ထိခိုက်မယ် မဟုတ်ပါ။ ဆီးလမ်းမှာ ကျောက်ရှိရင်၊ ပန်းငုံရင်၊ ဆီးပြွန်ထဲ တခုခု ရှိနေရင်တော့ ဖြစ်နိုင်တယ်။ အဲလိုသာဆိုရင် ဆီးထွက် မဖြောင့်တာသာမက တခြား ခံစားရတာတွေပါ တွဲရှိနိုင်တယ်။

(မာစတာဘေးရှင်း) လုပ်တာ နည်းချင်ရင် နိုးဆွမှု ဖြစ်စေတာ မှန်သမျှ ရှောင်ရမယ်။ စိတ်ပါဘဲ။ ဒီအရွယ် ယောက်ျားလေးတွေမှာ တခြား လုပ်စရာတွေက နည်းသေးတယ်။ စိတ်ကလည်း ဘာမဆို ထက်သန်တယ်။ ပညာ-ဗဟုသုတ ကလည်း စုံသေးတာ မဟုတ်ဘူး။ များသောအားဖြင့် မြင်ဆရာကို အားကိုးနေချိန်ဖြစ်လို့ သူငယ်ချင်း အပေါင်းအသင်းတွေ အပေါ်မှာလည်း မူတည်သေးတယ်။ ရွေးပေါင်းပါ။ ကောင်းတဲ့စာတွေ ရွေးဖတ်ပါ။ အားကစား လုပ်ပါ။

(ကြီးကောင်ဝင်) လူပျိုလေးတွေ အကြောင်း အဓိကထားပြီး၊ (မြီးကောင်ပေါက်) အပျိုပေါက် အရွယ်ပါ ထည့်ရေးပါရစေ။

Puberty အရွယ်ရောက်တာကို ဝေါဟာရ အနေနဲ့ တိတိကျကျ ပြောရရင် ရုပ်ပိုင်းဆိုင်ရာ ရင့်ပြည့်လာတာကို ဆိုလိုတာ ဖြစ်ပြီး၊ စိတ်ပိုင်း နဲ့ လူမှုဆက်ဆံရေးပိုင်း ပြောတာ မဟုတ်ပါ။ Adolescence အရွယ်ကြတော့ စိတ်ပိုင်း နဲ့ ဆက်ဆံရေးပိုင်းတွေက Adulthood လူကြီးအရွယ် မတိုင်ခင် ကြားကာလကို ခေါ်တာ ဖြစ်တယ်။

လူပျိုဖြစ်လာတာ အပျိုဖြစ်လာတာ အားလုံး “ဟော်မုန်း” ပါဘဲ။ ကျား-ဟော်မုန်းကို Testosterone ခေါ်ပြီး၊ မ-ဟော်မုန်းကို Estrogen ခေါ်တယ်။ ကျားရယ်၊ မရယ် ခေါ်ပေမဲ့ ကျားရော မ-ပါ၊ လိင်ဟော်မုန်း နှစ်မျိုးလုံး ရှိကြတာချည်းဘဲ။ အနည်း-အများသာ ကွာတယ်။ တခုခုက ကဲနေရင် အသွင်သဏ္ဌာန်ရော၊ စိတ်ပိုင်းပါ မတူတာတွေ ဖြစ်တယ်။ တယောက်ထဲမှာတောင် အရွယ်မတူရင် ပြောင်းလဲ သွားတယ်။ အပြင်ကနေ ဟော်မုန်းပေးရင်လည်း ပြောင်းစေသေးတယ်။

အသက် ၁ဝ နှစ်ကနေ ၁၈ နှစ်အတွင်းမှာ လူပျိုပေါက်ဖြစ်စဉ်တွေ ဖြစ်လာတယ်။ အရပ်ရှည်ကာ၊ လူထွားလာချိန်မှာ ဦးနှောက်က အထာ မကျသေးတဲ့ အတွေ့အကြုံမျိုး ခံစားရတယ်။ စိတ်ပိုင်း အပြောင်းအလဲမှာ Aggressive ကြမ်းတမ်းစိတ်လဲ ဖြစ်လာတယ်။ ရန်ဖြစ်ချင်လာတယ်။

တဆင့်ခြင်း ပြောရအောင့့်
၁ဝ-၁၁ နှစ် အရွယ်။ စိတ်ပိုင်းမှာ ပြောင်းလဲလာတယ်။ လိင်ဟော်မုန်းတွေ များလာတာမို့ လိင်စိတ်တွေ ဖြစ်လာတယ်။ ဆန့်ကျင်ဘက် လိင်နဲ့ စကားပြောရတာကို ငယ်ငယ်ကလို မဟုတ်တော့ဘဲ စကားပြော မထွက်တာမျိုး ဖြစ်လာတယ်။

၁၁-၁၂ နှစ်အရွယ်။ ကျားအစိ Testis က မြန်မြန် ကြီးလာမယ်။ ကပ်ပဲ့အိပ် Scrotum အရေပြား ပါးလာပြီး၊ ပိုလည်း ရှုံ့တွကာ၊ အရောင်ပါ ရင့်လာမယ်။ အောက်ကို တွဲကျလာမယ်။ ဒီလိုဖြစ်တာ ဟော်မုန်းထွက်ဘို့ အားပေးရာကျတယ်။ ဆီးစပ်မွှေး Pubic hair စပေါက်ပြီး၊ အမွှေးက တဖြေးဖြေး နု-ဖြောင့်ရာကနေ၊ ကြမ်းပြီး၊ ကောက်ကွေးလာမယ်။ ကျားအင်္ဂါ Penis က သန်မာမှု Erection ဖြစ်နိုင်လာမယ်။ တချို့မှာ တနေ့ထဲ အကြိမ် ၂ဝ လောက်အထိ ဖြစ်တယ်။ လိင်နဲ့ ပတ်သက်မှ မဟုတ်ဘဲလည်း အဲလို ဖြစ်ပါတယ်။ ဥပမာ မနက် အိပ်ရာထချိန် ဆီးအိမ် တင်းနေရင် ဖြစ်တယ်။ Morning wood ခေါ်ကြတယ်။ စာလုံးတွေကို ဆက်ရေးတာက (ရော့ခ်) တီးဝိုင်းတခု နာမယ် ဖြစ်တယ်။

၁၂-၁၃ နှစ်အရွယ်။ ကျားအင်္ဂါ၊ အစိ၊ အိတ် ပိုရှည်၊ ပိုကြီး၊ ပိုမဲလာတယ်။ ဆီးစပ်မွှေး ပိုများလာမယ်။ အစိတခုက တခုထက် အောက်ပိုကျ နေတတ်တယ်။ ဒါကောင်းပါတယ်၊ သူတို့ အချင်းချင်း သိပ်မထိခိုက်ဘူးပေါ့။ ချွေးထွက်တာလည်း အဆီ ပြန်သလို ဖြစ်လာတယ်။ ဝက်ခြံပေါက်မယ်။ ချိုင်းမွှေး ပေါက်လာတယ်။ ချိုင်းမွှေး ရှိနေသူဟာ မရှိတဲ့လူထက် ချွေးထွက်တာ အဆ ၃ဝ များတယ်။ ငယ်တုံးကထက် သန့်ရှင်းရေး ပိုလုပ်ဘို့ လိုလာတယ်။ အထူးသဖြင့် ကျားအင်္ဂါအဖုံး အရေပြား အောက်မှာ အညစ်အကြေးတွေ ကပ်နေတာကို အသာအယာ ရှင်းပေးရမယ်။ နာလိမ့်မယ်။ ကိုယ်နံ့လဲ ပြောင်းလာတယ်။ အနံ့ကနေ ဆန့်ကျင်ဘက် လိင်ကို ဆွဲဆောင်စေနိုင်တယ်။ Ejaculation သုတ်ထွက် နိုင်လာမယ်။ Masturbation ကိုယ့်ဖါသာ အာသာ ဖြေဖျောက်နည်း အလေ့အထ တတ်လာ၊ လုပ်လာမယ်။ သုတ်လွှတ် နိုင်တာဟာ Fertility အရွယ်ရှိ မိန်းမနဲ့ ဆက်ဆံရင် ကိုယ်ဝန် ရစေနိုင်စွမ်းပါ ရလာတာ ဖြစ်တယ်။

၁၃-၁၄ နှစ်အရွယ်။ အရပ်က တနှစ်ကို ၄ လက္မနှုံးနဲ့ ပိုရှည်လာမယ်။ လိင်အင်္ဂါက ပိုရှည်၊ ပိုထွားလာမယ်။ Glans penis ကွမ်းသီးခေါင်း ကလည်း ရှည်လာမယ်။ ကားလာတယ်။

၁၄-၁၅ နှစ်အရွယ်။ အသံသြလာမယ်။ အားကစားလို ပြိုင်ဆိုင်မှုလုပ်တာက ကျားဟော်မုန်းထွက်မှာကို အားပေးရာ ကျတယ်။ ကိုယ့်ကို ချီးမွမ်း အားပေးတာခံရရင် ကြက်သီးထတတ်လာမယ်။ ပိုပြီး ရှက်တတ်လာတယ်။

၁၅-၁၈ နှစ်အရွယ်။ စောစောပိုင်း နှစ်တွေကလို ကြီး-ထွား-ရှည် စတဲ့ တိုးတက်မှုတွေက နှုံးအရ ပြောရရင် နဲနဲ နှေးလာမယ်။ သိပ်မလိုတော့လို့ပါ။ ရွယ်တူ မိန်းကလေးတွေ ထက်တော့ ပိုကြာတယ်။ ကြွက်သားတွေ ပိုသန်လာမယ်။ ပခုံး ပိုကျယ်-ကားလာမယ်။ ကျားလိင်အင်္ဂါ အားလုံး လူကြီးလို ဖြစ်လာပါပြီ။ လိင်တံက ရိုးရိုးအချိန်မှာ ၃့၂၅ လက္မကနေ ၄့၂၅ လက္မရှိပြီး၊ တောင့်တင်းချိန်မှာ ၅-၆ လက္မအထိ ရှည်နိုင်လာမယ်။ မှတ်သားဘို့က လိင်တံဟာ ဆက်ဆံနေတုံး မ-အင်္ဂါ အတွင်းထဲမှာ အရှည်ဆုံး-အကားဆုံး ဖြစ်တယ်။ ပေတံနဲ့ တိုင်းလို့ရတာ မဟုတ်ပါ။ တခါနဲ့တခါ မတူတတ်ဘူး။

အသက် ၂ဝ ဝန်းကျင်။ ၁ စက္ကန့်မှာ သုတ်ပိုး ၁ဝဝဝ ထုတ်နိုင်တယ်။ ကျားအင်္ဂါဟာ အရွယ်ရလာနဲ့အမျှ ပိုကြီးလာနိုင်တယ်။ ဘာ့လို့လဲဆိုရင် Erectile tissues တွေရဲ့ ပြန်ကြုံ့နိုင်စွမ်း Recoiling strength လျှော့လာလို့ဘဲ။ အမွှေးအမျှင်လည်း ပိုများလာတယ်။ ဟော်မုန်းတွေဟာ နေရာအများကြီးမှာ အလုပ်လုပ်ပေးတာဖြစ်တယ်။ ဦးနှောက်၊ အရိုး၊ ကြွက်သား၊ အရေပြား၊ ရင်သား၊ မျိုးပွါးအင်္ဂါတွေ ပါဝင်တယ်။ ကြီးထွားမှုဆိုတာ လူပျိုပေါက်ဖြစ်ရင် ပြည့်စုံသွားတယ်လို့ ပြောနိုင်တယ်။

မိန်းကလေးတွေက -
Ladies first! စောပြီး အရွယ်ရောက်တယ်။ ယောက်ျားလေးတွေက ၁၂ နှစ်၊ မိန်းကလေးက ၁ဝ နှစ်လို့ ပြောနိုင်ပြီး၊ ပြည့်စုံတာကလည်း ၁၆-၁၈ နှစ် နဲ့ ၁၅-၁၇ နှစ်လို့ ကွာတယ်။ ယောက်ျား နဲ့ မိန်းမ ကွာခြားချက်ဟာ ပင်မလိင်အင်္ဂါတွေ သာမက Secondary sex characteristics ဒုတိယ လိင်လက္ခဏာတွေ ဆိုတာလည်း ရှိတယ်။ ရင်သား (နို့) အပါအဝင်ပေါ့။

ဆီးစပ်မွှေး Pubic hair ပေါက်တာက မတူကြဘူး။ ယောက်ျားလေးတွေမှာ လိင်တံအခြေနဲ့ ကပ်ပဲ့အိတ်မှာ စပေါက်ပြီး၊ နောက် လိင်တံအောက်၊ ချက်ဆီအထိ ပေါက်တယ်။ ပေါင်မှာလဲ ပေါက်တယ်။ အရိုးတွေကလည်း ယောက်ျားတွေက ပိုလေးလံတယ်။ ကြွက်သားကြ ယောက်ျားက ၂ ဆတောင် ပိုတယ်။ အဆီလည်း ၂ ဆဘဲ။ ပခုံးရိုးနဲ့ မေးရိုးတွေ ကြီးထွားတာမှာလည်း ပိုတယ်။ လူကြီးအရွယ်တွေကို ယှဉ်ရင် ကိုယ်ခန္ဓာထုထည်မှာ ယောက်ျားတွေက မိန်းမတွေရဲ့ ၁၅ဝ% နဲ့ အဆီက ၅ဝ% ရှိတယ်။

မိန်းကလေးမှာ ပဌမဆုံး ထူးခြားတာက Breast ရင်သား ထွားလာတာပါ။ စစခြင်း အရောင်ရင့်တဲ့ နို့သီးဝိုင်း Areola အောက်မှာ မာတင်းတင်း အစိုင်အခဲလေး ဖြစ်လာတယ်။ တဖက်ချင်းလဲ ဖြစ်တတ်တယ်။ ပျမ်းမျှ ၁ဝ နှစ်ခွဲသမီးမှာ ဖြစ်တယ်။ နောက် ၆ လ၊ ၁ နှစ်မှာ ပြော့တဲ့ အစိုင်အခဲဟာ နို့သီးဝိုင်း Areola အပြင်ဘက်ကနေ ပေါ်လာတယ်။ နို့သီးဝိုင်းက ပန်းရောင်၊ အညိုရောင် မတူကြဘူး။ အပျိုစစ် နေသ၍ (ကိုယ်ဝန် မဆောင်ဘူးသေးချိန်အထိ) ထိပ်ဖျားမှာ ပန်းရောင်လေး ရှိနေရမယ်။ အရွယ်အစား၊ ပုံပန်း၊ အတော်မတူကြဘူး။ အများစုက ဘယ်ဘက်ကပိုပြီး အရွယ်ကြီးတယ်။

ဆီးစပ်မွှေး Pubic hair ပေါက်လာတာက မိန်းကလေးတွေရဲ့ ဒုတိယ အပြောင်းအလဲ ဖြစ်တယ်။ မအင်္ဂါနှခမ်းသား Labia ဘေးကနေ စတယ်။ နုနု-ဖြောင့်ဖြောင့်လေးတွေက နောက်မှာ ကြမ်းပြီး ကောက်ကွေးလာတယ်။ ပေါက်တဲ့ နေရာတွေပါ ကျယ်ကျယ်လာတယ်။ ၁၅%သော မိန်းကလေးတွေမှာ ရင်သား ဖွံ့ထွားတာထက် ဒီအမွှေးပေါက်တာက ပိုစောတတ်တယ်။ မိန်းမကိုယ်မွှေး မိန်းကလေးတွေမှာ အများအားဖြင့် တရိဂံ-စောက်ထိုးပုံနဲ့ ယောက်ျားတွေမှာ တရိဂံ-အတည့်ပုံ ဖြစ်တယ်။ လူမျိုးအလိုက်၊ မျိုးရိုးအလိုက်တော့ ကွာတယ်။ Pubic hair နဲ့ ဆံပင်အရောင်၊ ချိုင်းမွှေးအရောင် အတူတူ ဖြစ်ခြင်မှ ဖြစ်မယ်။

မွေးလမ်းကြောင်း Vagina ကို ဖုံးနေတဲ့ အရေပြားနု Mucosa က ပိုထူလာတယ်။ အရင် ခပ်ရဲရဲကနေ ပန်းရောင် ခပ်မွဲမွဲ ဖြစ်လာတယ်။ စွပ်စိုမှုလည်း ရှိတာတယ်။ သားအိမ် Uterus နဲ့ မျိုးဥအိမ် Ovaries တွေက အရွယ်ပိုကြီးလာတယ်။ ရာသီ ဆင်းတယ်လို့ ခေါ်တဲ့ Menstruation စဆင်းလာတယ်။ သားအိမ် အတွင်းဆုံးအလွှာက လအစမှာ ပါးရာကနေ ထူလာပြီး၊ နောက်ဆုံး ပျက်စီးသွားလို့ ထွက်တဲ့ သွေးနဲ့ တစ်ရှူးအပျက်အစီးတွေ ဖြစ်တယ်။ ပျမ်းမျှ ၁၁့၇၅ နှစ်အရွယ် ဖြစ်တယ်။ ဖြစ်စ အရွယ်မှာ ရာသီဆင်းတာက တလ တခါရယ်လို့ မမှန်သေးဘူး။ မျိုးဆက်ပွါးနိုင်စွမ်း Fertility ရှိလာတာ ဖြစ်တယ်။ ကိုယ်ဝန်ဆောင်နိုင်လာတာကို ပြောတာပါ။ အဲဒါက မျိုးဥအိမ် Ovary ကနေ မျိုးဥ Ovum ထွက်နိုင်စွမ်းရှိလာမှ ဖြစ်ပါတယ်။ ပဌမ ၁ နှစ်မှာ ၈ဝ% မိန်းကလေးတွေမှာ မျိုးဥ မထွက်ဘဲ ရာသီးသာဆင်းတယ်။ ၅ဝ%က ၃ နှစ်အထိ ဒီလိုဘဲ။ ၆ နှစ်အထိ ကြာတာတောင် ၁ဝ% မိန်းကလေးတွေမှာ မျိုးဥမဲ့ ရာသီဖြစ်ကြတယ်။ ဥမတွက်ရင် ကိုယ်ဝန် မရနိုင်သေးပါ။

မိန်းကလေး အရွယ်ရောက်ချိန်က သွေးဆုံးချိန်လိုဘဲ၊ မျိုးရိုးလိုက်နိုင်တယ်။ အစာအာဟာရ ကနေလည်း လွှမ်းမိုးနိုင်တာက မိန်းကလေးတွေမှာ ပိုဖြစ်တယ်။ တနေ့တာ စားတဲ့ထဲကနေ ပိုနေတဲ့ (ကယ်လိုရီ) တွေကို အဆီစုထားလို့ပါ။ ဝတဲ့သူ၊ အားကစား-လေ့ကျင့်ခန်း၊ မလုပ်သူတွေ အပျိုဖြစ် စောတယ်။ နာတာရှည် ရောဂါ ရှိနေရင် နောက်ကျတယ်။

ယောက်ျားမှာ မိန်းမနဲ့ မတူတာတွေထဲမှာ အမွှေးပေါက်ပုံပါတယ်။ မျက်နှာမှာ အမွှေးပေါက်တာ ယောက်ျား။ ပေါင်ရှေ့ပိုင်း ကြွက်သား ယောက်ျားမှာ ပိုသန်မာတယ်။ ပေါင်နောက်ပိုင်းက ပိုသန်မာတာက မိန်းမ။ လည်စေ့လို့ခေါ်တဲ့ Adam's apple က ယောက်ျားမှာသာ ရှိတယ်။ ရင်ပတ်ကားတာ၊ ပခုံးကျယ်တာ ချွေးပိုထွက်တာ၊ ဝက်ခြံပိုပေါက်တာ ယောက်ျား။ အရေပြားလည်း ပိုကြမ်းတယ်။ သူ့အောက်မှာ အဆီစုတာ နည်းလို့။

မိန်းကလေးတွေရဲ့ ကိုယ်ခန္ဓာပုံပန်းကလည်း ထူးခြားလာတယ်။ တင်ပိုင်းရဲ့ အောက်ပိုင်းတဝက်က ဘေးကားလာတယ်။ ရင်သား၊ တင်-တင်ပါး၊ ပေါင်၊ လက်မောင်း၊ ဆီးစပ်နေရာတွေမှာ အဆီစုဝေးလာတယ်။ ဗမာတွေက ခါးသေး-ရင်ချီလို့ ပြောကြတယ်။ ဆေးစာလို ပြောရရင် Waist-hip ratio (WHR) ခါးနဲ့ တင် အချိုးလို့ ပြောတယ်။ တိတိကျကျ ဆိုချင်တာက အကျဉ်းဆုံးခါးက ဘယ်နှစ်လက္မ၊ အကားဆုံး တင်ပိုင်းက ဘယ်နှစ်လက္မ ဆိုတာ တိုင်းထွာပြီး၊ အချိုးချ လိုက်တာပါ။

အမျိုးသမီးဆိုတာ Pear-shaped body သစ်တော့သီးပုံ ဖြစ်တယ်။ Apple-shaped body ပန်းသီးပုံ ဖြစ်သူတွေမှာ ရောဂါတွေ ပိုဖြစ်တယ်။ ပိုအရေးကြီးတာက ကျန်းမာရေးကို ဘယ်လို သက်ရောက်သလဲ။ မိန်းမတယောက်မှာ (WHR) ဝ့၇၊ ယောက်ျားမှာ ဝ့၉ ရှိနေရင် ကြည့်ရတာ အချိုးကျတဲ့အပြင် ကျန်းမာရေးလည်း ကောင်းလိမ့်မယ်။ ကျန်းမာရေးလိုဘဲ ဆွဲဆောင်မှု ဆိုတာလည်း အရေးပါတယ်။ WHR ကောင်းတဲ့ အမျိုးသမီးဟာ ဆွဲဆောင်မှု ကောင်းတယ်။ ဆိုပါစို့ Marilyn Monroe (မွန်ရိုး) နဲ့ Sophia Loren (ဆိုဖီယာ-လိုရင်း) တို့ဟာ WHR ဝ့၇ တွေ ဖြစ်ကြတယ်။ တရုပ်အမျိုးသမီးတွေမှာ ဝ့၆၊ တောင်အမေရိကနဲ့ အာဖရိကမှာ ဝ့၉ လို့ သိရတယ်။ မြန်မာမတွေကို သုတေသန မလုပ်ကြသေးပါ။

စာဖတ်သူနဲ့ တူ-မတူတော့ မပြောတတ်ဘူး၊ စစ်တမ်းတခုက “မိန်းမတယောက် ခါးသေးတာဟာ တင်ကားတာထက် ဆွဲဆောင်မှု ပိုရှိတယ်” လို့ ဆိုတယ်။ ဒါ့ကြောင့် နေမှာပေါ့ အမျိုးသမီးတွေ Corset ခေါ်တဲ့ ခါသေး၊ Hip and buttock padding ခေါ်တဲ့ အခုအခံတွေ သုံးကြတာ။

အဲလို အတုအပ မဝတ်ကြသူ အမျိုးသမီးတွေမှာ ခါး-တင် အချိုးဟာ တဖက်သားကို ဆွဲဆောင်နိုင်တာ သာမကဘဲ၊ ဥာဏ်ရည်လည်း သာတယ်လို့ ဆိုသေးပါတယ်။ သူတင်မက ဒီလို အမျိုးသမီးမျိုးကနေ မွေးတဲ့ ကလေးတွေကပါ ကျောင်းမှာ စာပိုတော်ကြသေးသတဲ့။ လှတာကို ရွေးတာ မမှားဘူးပေါ့ဗျာ။ ခက်တာက သူများဆီမှာ သိပ်လှတဲ့ မိန်းမတွေ ကလေးမယူကြဘူး။ ဒီတော့ ဒီကောက်ချက် မှန်ရင် သူများဆီမှာထက် ကိုယ့်ဆီမှာ လူတော်တွေ များမှာပေါ့။bma၂ဝဝ၉ တုံးက Anal cancer စအို-ကင်ဆာ လူနာပေါင်း အမေရိကားမှာ ၅၂၉ဝ ယောက်ရှိပြီး၊ ၇၁ဝ ယောက် သေဆုံးနေကြရတယ်။ လိင်ကတဆင့် ကူးစက်တဲ့ သားအိမ်ဝ-ကင်ဆာရောဂါ ကာကွယ်ဆေး HPV vaccine ဟာ (ဂေး) တွေမှာ အဖြစ်များတဲ့ စအို-ကင်ဆာကိုပါ ကာကွယ်နိုင်တယ်လို့ နိုင်ငံတကာ သုတေသန တခုက ဆိုလိုက်ပါတယ်။

ယောက်ျားတွေကို ဒီကာကွယ်ဆေး ထိုးပေးထားရင် Human papillomavirus ဗိုင်းရပ်စ် ရောဂါဖြစ်မှာကို ၇၅% သက်သာစေတယ်လို့ The New England Journal of Medicine မှာ ရေးသားလိုက်တာ ဖြစ်ပါတယ်။ ဒီထုတ်ဖေါ်ချက်ဟာ Centers for Disease Control and Prevention အမေရိကန် ရောဂါထိန်းချုပ်ရေး နဲ့ ကာကွယ်ရေး ဗဟိုဌာနကနေ အသက် ၁၁-၁၂ နှစ်ရှိတဲ့ ယောက်ျားလေးမှန်သမျှ ဒီ HPV ကာကွယ်ဆေးထိုးကြဘို့ အကြံပြုအဖွဲ့ကနေ တိုက်တွန်းချက် ထွက်တဲ့နေ့ရဲ့ နောက်ရက်မှာ ထုတ်ပြန်လိုက်တာပါ။

ဒီပိုး ကူးစက်ခံရရင် အရွယ်ရောက်သူ ထက်ဝက်နီးနီးမှာ လိင်လမ်းကြောင်း-ကြွက်နို့ ဖြစ်စေတယ်။ တချို့မှာ ရောဂါ လက္ခဏာ မပြပေမဲ့ ပိုးက အထဲမှာ ရှိနေနိုင်တယ်။ အသက်ငယ်ငယ်နဲ့ ပိုးကူးစက်ခံရရင်၊ ပိုးကလဲ အပြင်းစား ၄ မျိုး ဖြစ်နေပေမဲ့ ကင်ဆာ မဖြစ်စေတတ်ပါ။

California San Francisco တက္ကသိုလ်က သုတေသနလုပ်သူ Joel Palefsky ပြောတာက “ဒီလေ့လာမှုကြောင့် အခုလို စအို-ကင်ဆာ ဖြစ်တာ သေတာတွေကို ကာကွယ်နိုင်ပါလိမ့်မယ်။” သူဟာ Anal Neoplasia Clinic ဌာနဒါရိုက်တာလဲ ဖြစ်ပါတယ်။

သြစတြေးလျ၊ ဘရာဇီးလ်၊ ကနေဒါ၊ ခရိုရေးရှား၊ ဂျာမနီ၊ စပိန် နဲ့ အမေရိကားက အသက် ၁၆ နှစ်ကနေ ၂၆ နှစ်အရွယ်ရှိတဲ့ (ဂေး) ပေါင်း ၆ဝ၂ ယောက်ကို စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။ စမ်းသပ်ခံသူတွေဟာ ၁ ကြိမ်ကနေ ၅ ကြိမ်အထိ၊ ယောက်ျားချင်း လိင်တူ ဆက်ဆံဘူးသူတွေ ဖြစ်ကြတယ်။ အုပ်စုခွဲပြီး၊ Merck ကထုတ်တဲ့ Gardasil ကာကွယ်ဆေး ၃ ကြိမ် ထိုးပေးတယ်။

စမ်းသပ်မှုကို ၂ဝဝ၆ ကနေ ၂ဝဝ၈ အထိ လုပ်ခဲ့တာပါ။ ၃ နှစ်လဲ ဆက်ပြီး လေ့လာနေပါသေးတယ်။ တွေ့ရှိချက်ကတော့ HPV ပိုးနဲ့ မတွေ့သူတွေမှာ HPV infections ပိုးဝင်ခံရတာ နဲ့ Precancerous anal lesions စအိုမှာ ကင်ဆာ မတိုင်ခင် အဆင့် ဖြစ်လာတာကို ၇၅% ကာကွယ်ပေးနိုင်တာ တွေ့ရှိရတယ်။ HPV တမျိုးမျိုး ကူးစက်ခံရသူတွေကိုလဲ Gardasil ကာကွယ်ဆေး မထိုးသူတွေနဲ့ စာရင် ၅၄% ပိုမိုကာကွယ်ပေးနိုင်မယ်လို့ မျှော်မှန်းပါတယ်။

ကာကွယ်ဆေးထိုးဘို့ အကောင်းဆုံး အရွယ်ကတော့ Sexual activity လိင်မှုအလုပ် မလုပ်သေးခင်ဖြစ်ပါတယ်။ နောက်ကျသွားလဲ ထိုးဘို့ကောင်းပါတယ်။

အမေရိကားမှာ -
- HIV (အိတ်ခ်ျအိုင်ဗွီ) ပိုးရှိနေတဲ့ ယောက်ျားတွေမှာ HPV လဲ ရှိတတ်ကြတယ်။
- Anal cancer စအို-ကင်ဆာဟာ ယောက်ျားရော မိန်းမပါ အဖြစ်များကြတယ်။ မိန်းမ ၃ဝဝဝ နဲ့ ယောက်ျား ၂ဝဝဝ ဖြစ်နေတယ်။
- HIV (အိတ်ခ်ျအိုင်ဗွီ) ပိုးရှိတဲ့ ယောက်ျား ၁ သိန်းမှာ Anal cancer စအို-ကင်ဆာ လူနာ ၁ဝဝ တွေ့နေရတယ်။
- မိန်းမ ၁ သိန်းရှိတိုင်း Cervical cancer သားအိမ်ဝ-ကင်ဆာ ဖြစ်တာ လူနာသစ် ၉ ယောက် တွေ့နေရတယ်။
- နှစ်တိုင်း Cervical cancer သားအိမ်ဝ-ကင်ဆာ အမျိုးသမီးလူနာ ၁၃ဝဝဝ ယောက်မှာ HPV ပါရှိနေတယ်။ သူတို့ထဲက ၄၃ဝဝ ယောက်က သေနိုင်တယ်။
- Oral sex ဆက်ဆံရာမှာ ပါးစပ်ကို အသုံးပြုရာကနေ ခေါင်းနဲ့ လည်ပင်းကင်ဆာ ဖြစ်ကြမယ်လို့ သံသယ ရှိတယ်။

- Merck ကထုတ်တဲ့ Gardasil ကာကွယ်ဆေးဟာ ယောက်ျားလေး-မိန်းကလေးတွေအတွက် HPV 6, 11, 16 နဲ့ 18 အမျိုးအစား ဗိုင်းရပ်စ် တွေကို ကာကွယ်ပေးနိုင်တဲ့ တမျိုးထဲသောဆေး ဖြစ်တယ်။
- GlaxoSmithKline ကထုတ်တဲ့ Cervarix ကာကွယ်ဆေးကတော့ HPV 16 နဲ့ 18 တွေကို ကာကွယ်ပေးနိုင်တဲ့ မိန်းကလေးတွေ အတွက်ဆေး ဖြစ်တယ်။
- Merck ကထုတ်တဲ့ Gardasil ကာကွယ်ဆေးကို အသက် ၉ နှစ်ကနေ ၂၆ နှစ်ကြား မိန်းကလေးတိုင်းထိုးကြဘို့ ၂ဝဝ၆ ခုနှစ်ကတည်းက သတ်မှတ်ထားခဲ့တာပါ။
- ယောက်ျားလေးတွေကိုတော့ အဲဒီအရွယ်တွေမှာဘဲ ထိုးစေဘို့ ၂ဝဝ၉ ခုနှစ် အောက်တိုဘာလ ကစပြီး သတ်မှတ်ပါတယ်။
- GlaxoSmithKline ကထုတ်တဲ့ Cervarix ကာကွယ်ဆေးကိုတော့ မိန်းကလေး ၁ဝ နှစ်ကနေ ၂၅ နှစ်အရွယ်တွေကို ထိုးပေးဘို့ ၂ဝဝ၉ မှာ သတ်မှတ်ခဲ့ပါတယ်။

၂၅-၁ဝ-၂ဝ၁၁ နေ့ကစပြီး CDC ရဲ့ Advisory Committee on Immunization Practices ကာကွယ်ဆေး အကြံပေး ကော်မတီကနေ HPV vaccine ကာကွယ်ဆေးကိုလဲ ယောက်ျားလေးတိုင်း ၉ နှစ်ကနေ ၂၁ နှစ်အထိ ထိုးကြဘို့ အကြံသစ် ပြုလိုက်ပါပြီ။ နောက် ၂ လ ဆိုရင် တရားဝင် သတ်မှတ်ချက် ဖြစ်လာဘို့ ရှိပါတယ်။
ဆရာခင်ဗျား ယောက်ျားပီသချင်ပါတယ်။ အခြောက် မဖြစ်ခြင်ပါဘူး။ ဖြတ်ချင်ပါပြီ။ လိင်တူဆက်ဆံတာကိုကူညီပါအုံး။ ဘာဆေးစားရမလဲ။ ဆရာဝန်နဲ့ မပြရဲဘူး။ ဖြေပေးပါအုံး။ တည်တည်တန့်တန့် နေခြင်တာပါ။ သောက်ဆေးဖြစ်ဖြစ်ပါ။


လိင်တူ-ကျန်းမာရေးကို မမေးကြလို့လဲ မရေးဖြစ်သေးသလို အထောက်အထား အကိုးအကားတွေဟာ အနောက်နိုင်ငံတွေ ကသာဖြစ်တော့ သိတဲ့အတိုင်း စီးပွါးချမ်းသာ ကွာတာမဟုတ်ဘဲ လူမှုရေး အယူအဆတွေကလဲ အရှေ့-အနောက်က မတူကြဘူး။ လိင်တူအရေးမှာ လုပ်သင့်တယ်-မလုပ်သင့်ဘူး ဆိုတာတွေကို ပြောရင် သူတို့ဆီကရတဲ့ အကိုးအကားတွေနဲ့ ကိုယ့်ဆီကလူတွေအတွက် မှန်မယ်လဲ မထင်လို့ ဖြစ်ပါတယ်။ စာရင်းအင်းမရှိလို့ ကိုယ့်ဆီက သာတာတွေကို ချန်ရတာလဲ မကောင်းဘူး။ လူတယောက်ဟာ တချိန်မှာ ဒါမှမဟုတ် တသက်လုံး (၁) Heterosexual ဆန့်ကျင်ဘက်လိင်ကိုသာ လိုလားတာ၊ (၂) Homosexual လိင်တူကိုစိတ်ပါတာ နဲ့ (၃) Bisexual နှစ်ခွ-နှစ်မျိုးလုံး ရှိနေတာဆိုပြီး ဖြစ်ရတယ်။ (၄) Asexual ဘာစိတ်မှ မရှိတာလဲ ထည့်ချင် ထည့်နိုင်ပါသေးတယ်။ အနောက်နိုင်ငံတွေမှာ ၂-၁၃% ဟာ Homosexual ဖြစ်တယ်။

(ဟိုမိုဆက်ကျူရယ်လ်) ထဲမှာ အင်္ဂါ (၃) ရပ်ရှိတယ်။ Romantic စိတ်လှုပ်ရှားမှု၊ Sexual attraction လိင်စိတ် နဲ့ Behavior အမူအယာတွေ ဖြစ်တယ်။ တချို့မှာ တမျိုးထဲ၊ တချို့မှာ နှစ်မျိုးတွဲ၊ တချို့မှာ သုံးမျိုးလုံး ရှိတယ်။ အဆင့်က လျော့ကျ သွားနိုင်သလို အဆင့်တိုးသွားနိုင်တယ်။

အတော်များများက ကိုယ့်ကိုယ်ရော သူများကိုပါ မေးတတ်ကြတယ်။
• Am I gay? ငါ (ဂေး) ဖြစ်နေပြီလား၊
• Are you born gay? မွေးကတည်းက (ဂေး) ဖြစ်နေတာလား၊
• What causes people to be gay? ဘာ့ကြောင် (ဂေး) ဖြစ်သွားရတာလဲ။

အဖြေက မလွယ်ပါ။ တယောက်ချင်းအပေါ် မူတည်တယ်။ သီအိုရီတွေတော့ ရှိတာပေါ့။ သုတေသနတွေလဲ ရှိတယ်။ အားလုံးကို အများက သဘောတူတာတော့ မဟုတ်ပါ။

လိင်တူအရေးဟာ နိုင်ငံရေး ငြင်းခုံမှုတခု ဖြစ်လာနေတာ အမေရိကားမှာပါ။ Christian political organizations ခရစ်ယန် အခြေခံ နိုင်ငံရေး အသင်းအပင်းတွေက စိတ်စွမ်းအားနဲ့ ပြောင်းပြစ်လို့ ရတယ်၊ အောင်မြင်မှုတွေ ထောင်နဲ့ချီ ရှိတယ်လို့ ဆိုပါတယ်။ Gay and Lesbian rights organizations (ဂေး) နဲ့ (လက်စဘီယန်) အခွင့်အရေးသမားတွေကတော့ တခြား လူတွေက သူတို့ကို နည်းလည်မှု လွဲနေကြပြီး၊ ခွဲခြားဆက်ဆံမှု ပြုနေကြတယ်လို့ ပြောကြတယ်။

• ၂ဝဝ၄ ခုနှစ်မှာ American Academy of Pediatrics ကနေပြောတာက Sexual orientation လိင်အမူအကျင့် ဆိုတာ အချက်တခုထဲကနေ ဆုံးဖြတ်တာမဟုတ်။ Genetic မျိုးဗီဇ၊ Hormonal ဟော်မုန်း နဲ့ Environmental influences ပတ်ဝန်းကျင် လွှမ်းမိုးမှုတွေ ပေါင်းစပ်လို့ ဖြစ်ရတာ။
• ၂ဝဝ၆ Social Workers ပြောတာက ဘယ်အချက်ကြောင့် ဖြစ်ရတယ်ဆိုတာ သိပ္ပံနည်းကျ ပြောမရပါ။
Biological ဇီဝသဘော၊ Psychological စိတ္ကသဘော နဲ့ Social effects ဆိုရှယ်သဘောတွေ ပါနိုင်လောက်တယ်။
• ၂ဝဝ၇ Royal College of Psychiatrists ကနေပြောတာက မိဘတွေထိန်းသိမ်းမှု နဲ့ ကလေးဘဝ အတွေ့အကြုံ တွေကြောင့် ဖြစ်ရတယ်ဆိုတာ သက်သေမပြနိုင်ပါ။ လိင်တူမိဘတွေကနေ မွေးတိုင်း လိင်တူကလေး ဖြစ်မလာပါ။ Biological ဇီဝသဘောနဲ့ Genetic factors မျိုးဗီဇတွေ ရောဖြစ်တာ ဖြစ်နိုင်တယ်။

Homosexual တွေဟာ Straight ပုံမှန်ဖြစ်ချင်ကြတဲ့စိတ် ပေါ်ခဲ့ဘူးသူတွေချည်းပါဘဲ။ အသိုင်းအဝိုင်းထဲ ကုန်ကုန်ပြောရရင် မိသားစုထဲမှာပါ Social outcast အဝိုင်းပယ်ခံတွေလို့ သတ်မှခံကြရတာ များတယ်။ သွေလှူဘဏ် တချို့တောင် သူတို့ကနေ သွေးလှူတာ မယူချင်ကြဘူး။ ဒါကို မခံချင်ကြဘူး။

Can I stop being gay? (ဂေး) ဘဝကနေ ပြောင်းနိုင်ပါသလား၊
တချို့က ယူဆတာကတော့ Homosexuality ဆိုတာ Illness ဝေဒနာတခု ဖြစ်တယ်။ ဒါ့ကြောင့် ကုသရင် ပျောက်ရမယ်။ အဲဒီအယူအဆသမားတွေက Heterosexual ဆန့်ကျင်ဖက်လိင်သမားဖြစ်လာအောင် Psychological therapies စိတ်ပိုင်း-ကုသနည်းတွေကို အားကိုးကြတယ်။ ထိရောက်မှုကို အထောက်အထား ကိန်းဂဏန်း မများလှသေးပါ။

လူအများ ပိုပြီး စိတ်ဝင်စားလာကြတာကတော့ “လက်ရှိ လိင်သတ်မှတ်ချက်ကို ကာယကံရှင်ရဲ့ သဘောဆန္ဒနဲ့ ပြောင်းလို့ ရမလား-မရနိုင်ဘူးလား” ဆိုတာ ဖြစ်ပါတယ်။ ဒီလို လိင်တူစိတ်ရှိနေသူတွေကို ကူညီပြုပြင်ပေးတဲ့ အဖွဲ့အစည်းတွေ ကြားမှာ အမြင် (၂) မျိုး ကွဲနေတယ်။ Psychological reparative methods စိတ်ပိုင်းကုသနည်းနဲ့ Religious healing methods ဘာသာရေးနဲ့ ကုသနည်းတွေ ဖြစ်ပါတယ်။

“လူတယောက်ရဲ့လိင် (ကျား) လား၊ (မ) လား ဆိုတာဟာ Sexuality pre-determined အစကတည်းက ပါလာပြီးသား ဖြစ်တယ်၊ ဒါပေမဲ့ အချိန်မရွေးလဲ ပြောင်းသွားနိုင်တယ်” ဆိုတဲ့ အယူအဆကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံလာနေကြတယ်။

၁၉၇ဝ ကျော်လောက်ကတည်းက နည်းမျိုးစုံ သုံးပြီး ကုပေးခဲ့ကြတာမှာ Castration သင်းကွပ်နည်း၊ Hypnosis အိပ်မွေ့ချနည်း၊ Aversion therapy စိတ်ကုသနည်း၊ Nausea-producing drugs အန်စတဲ့ဆေးပေးနည်။ Electroshock လျှပ်စစ် (ရှော့ခ်) နည်း နဲ့ Brain surgery ဦးနှောက် ခွဲစိတ်နည်းတွေ ပါတယ်။ နောက်ဆုံး ပေါ်ပြူလာနည်းကို Reparative therapy ပြုပြင်ပေးနည်းလို့ ခေါ်တယ်။ ဒါက Behavior modification အမူအကျင့်ပြုပြင်ပေးနည်း၊ Psychoanalysis စိတ်ခွဲခြမ်းစိတ်ဖြာနည်းနဲ့ Religious prayer ဘာသာရေးနည်းတွေ ရောထားတာပါ။ သိပ္ပံနည်းကျ ပြောရရင် စာရင်းဇယား အားနည်းတယ်။ အောင်မြင်မှုနှုန်း နည်းပေမဲ့ သုည မဟုတ်တာ သတိပြုသင့်တယ်။

American Psychological Association (APA) အမေရိကန် စိတ်ပညာအဖွဲ့ကြီးရဲ့ ထုတ်ပြန်ချက်က “လိင်တူချင်း စိတ်ဝင်စားခြင်းသည် စိတ်ရောဂါ မဟုတ်။ (ဂေး)၊ (လက်စဘီယံ)၊ (လိင်နှစ်ခွ) မှန်သမျှသည် စိတ်ဝေဒနာဖြစ်သည်၊ ထိုကဲ့သို့ ဖြစ်နေသဖြင့် လိင်ပြောင်းလဲဘို့ ကုသရန်လိုအပ်သည်ဟူ၍ ဖေါ်ပြချက်မှန်သမျှကို ဆန့်ကျင်သည်။”

ဘာသာရေး ပြင်းပြသူတွေကတော့ Homosexuality ဆိုတာ Sinful အကုသိုလ်လို့ သတ်မှတ်ကြတယ်။ Breach of the bible သမ္မာကျမ်းစာကို ချိုးဖေါက်ရာ ရောက်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ Prayer techniques ဆုတောင်း ပေးနည်းနဲ့ ပျောက်ကင်းတယ် ဆိုတာမှာ သိပ္ပံနည်းကျ သက်သေပြစရာ မရှိပါ။ ရှိရင်လဲ နည်းနည်းသာ ရှိပါမယ်။ ဒါပေမဲ့ ဒီလိုလုပ်ပေးတာကနေ တတ်နိုင်လောက်တဲ့ နေရာ ၃ မျိုးရှိပါတယ်။
၁။ Bisexuals လိင်နှစ်ခွဖြစ်သူတွေမှာ သူနဲ့ ဆန့်ကျင်ဘက်လိင်နဲ့ လိင်ကိစ္စကို နည်းနှိုင်သမျှ နည်းပါးစေတာ။
၂။ Homosexuals တွေကို Celibate လိင်မှုကိစ္စ နည်းနိုင်သမျှ နည်းပါးစေဘို့နဲ့ လိင်တူချင်း လက်ထပ်တာကို ရှောင်ရှားစေဘို့။
၃။ Gay men (ဂေး) ယောက်ျားတွေ နဲ့ Lesbians (ဂေး) မိန်မတွေကို လက်ရှိ အမူအကျင့်တွေသာမက သူတို့နဲ့ ဆန့်ကျင်ဘက် လိင်တွေနဲ့ပါ တွဲနေစေဘို့။

လိင်စိတ်သဘာဝမှာ ထူးဆန်းတာလေးတွေ ရှိသေးတယ်။ Straight people ပုံမှန် လူတချို့မှာ လိင်တူကို တခါတလေ စိတ်ဝင်စားမှု ရှိလာတတ်သလို (ဂေး) တွေမှာလဲ ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားတာပါ ဖြစ်တတ်တယ်။ Kinsey Report (ကင်ဆေး-ရီပို့တ်) အရ လူတွေဟာ အဲလို စိတ်အပြောင်းအလဲဖြစ်တာ တသက်မှာ တခါက မဖြစ်တတ်ပါသတဲ့။ သတိပြုဘို့က အဲလိုအပြောင်းအလဲကို အတင်းလုပ်ယူလို့ ဖြစ်စေတာ မဟုတ်ပါ။ ဥပမာ Starbucks (စတားဘတ်ခ်) မှာ အလုပ်နေပေမဲ့ ကော်ဖီကို ကြိုက်ချင်မှ ကြိုက်တယ် မဟုတ်ပါလား။

နောက်အရေးကြီးတဲ့ အချက်တခုက (ဂေး) တယောက်ကို အတင်း လိင်တူချင်း ဆက်ဆံပါလို့ တိုက်တွန်းလို့ မရပါ။ ဆိုပါစို့ (ဂေး) ပေမဲ့ ဘာသာရေးကို အလွန်ကိုင်းရှိုင်းသူ ဖြစ်နေရင် သူများတွေထက် ပိုပြီး ရှောင်ကြဉ်ပါလိမ့်မယ်။ ဓမ္မဆရာ အဆင့် ရှိနေသူဟာ (ဂေး) ဖြစ်နေပေမဲ့ Immoral act နီတိနဲ့ ဆန့်ကျင်တယ်လို့ ယုံကြည်သူမို့ Abstinently လုံးဝရှောင်တာအထိ ဖြစ်နိုင်တယ်။

Ex-gay movement (ဂေး) ဟောင်းများ-လှုပ်ရှားမှု နဲ့ Reparative therapy organizations ပြုပြင်ကုသပေးရေး အဖွဲ့ အစည်းတွေမှာ အောင်မြင်တဲ့ ဇာတ်လမ်းတွေ မရှိဘူးတော့ မဟုတ်ပါ။ ကုသပေးတဲ့ အဖွဲ့အစည်းတွေထဲကို ဝင်ဘို့၊ မဝင်ဘို့တော့ အတင်း မတိုက်တွန်းချင်ပါ။ (ဂေး) အရေအတွက်က နည်းပါးတယ်။ ဒါကြောင့် ကိုယ်လိုလူမျိုး ရှာရတာ ခက်တယ်။ အထီးကျန်စိတ်ဝင်လာမယ်။ အဆင်မသင့်သူတွေမှာ Suicide rates ကိုယ့်ကိုယ်ကို သတ်သေမှုနှုန်း များလို့ ဖြစ်ပါတယ်။ လူတွေဟာ အစားအသောက် အကြိုက်ပြောင်းတတ်ကြသလို ဒီအရေးမှာလဲ ပြောင်းနိုင်ပါတယ်။ ဆိုပါစို့ ကောလိပ်ကျောင်းသူဘဝတုံးက (လက်ဘီယန်) လိုနေခဲ့တဲ့ မိန်းကလေး ကျောင်းပြီးတော့ ယောက်ျားနဲ့ဘဲ တွဲတော့တယ်။

Love in Action ဆိုတာကို ၁၉၇၃ ကစဖွဲ့ခဲ့တယ်။ နောက်ပိုင်း ထပ်ဖွဲ့လာကြတဲ့ Ex-gay organizations (ဂေး) ဟောင်းများ အဖွဲ့တွေ ရှိလာပြီး၊ Exodus International ဆိုတာ အကြီးဆုံး ဖြစ်လာတယ်။ ဒီအဖွဲ့ကြီးရဲ့ လမ်းညွှန်ချက်ကတော့ -
• Attaining abstinence from homosexual behaviors လိင်တူ အမူအကျင့်တွေကနေ ရှောင်ရှားရန်၊
• Lessening of homosexual temptations လိင်တူစိတ် ဖြစ်ပေါ်လာမျိုး လျှော့နည်းစေရန်၊
• Strengthening their sense of masculine or feminine identity ယောက်ျားပီသမှု၊ မိန်းမပီသမှုတွေကို အဖြောင့်အတိုင်း ခံယူစေရန် နဲ့
• Correcting distorted styles of relating with members of the same and opposite gender ကိုယ်နဲ့ လိင်အတူတူ ရှိသူတွေအပေါ်မှာ တလွဲယူဆတဲ့ ဆက်ဆံမှုပုံစံတွေကို ပြုပြင်ရန် ဆိုတာတွေ ဖြစ်တယ်။

International Healing Foundation နိုင်ငံတကာ ကုသမှုအဖွဲ့ကြီးက Change is possible ပြောင်းပြစ်တာ ဖြစ်နိုင်တယ် လို့ ဆိုပါတယ်။ Building Gay Men's Health (ဂေး) ယောက်ျား ကျန်းမာရေးအသင်းကလဲ ဘဝတူချင်း ကူညီမှုနဲ့ AIDS ရောဂါကအစ ကျန်းမာရေး ကောင်းစေအာင် ကူညီနေပါတယ်။

အမေရိကား၊ ယူကေ နဲ့ ဥရောပမှာ HIV နဲ့ AIDS တွေဟာ အရွယ်ကောင်း (ဂေး) ယောက်ျားတွေမှာ ပိုဖြစ်ကြတယ်။ အမေရိကားမှာ လိင်တူဆက်ဆံမှု ပြုကြတဲ့ ယောက်ျားပေါင်း ၂၅၅ဝဝဝ လောက်မှာ HIV/AIDS ရှိတယ်။ ဒီရောဂါနဲ့ သေဆုံးရသူပေါင်း ၅၄ဝဝဝ ရှိနေပါပြီ။ ဒါက ၂ဝဝ၇ စာရင်းသာ ဖြစ်ပါသေးတယ်။ ၂ဝဝ၉ တုံးက (ယူကေ)မှာ HIV ရှိသူ ၄၅၉၄၇ ယောက်က ဒီအမျိုးအစားဖြစ်တယ်။ ၅၃% ဟာ အသက် ၃၅ နှစ်အောက်တွေ ဖြစ်တယ်။

တခြားတိုင်းပြည်တွေမှာ သူတို့ကိုယ်သူတို့ (ဂေး) လို့ မပြောဘဲ ဒီလိုဖြစ်နေကြတာ များတယ်။ ဥပမာ ဘရာဇီးလ် မှာ AIDS ရောဂါသည်တွေရဲ့ ၄ဝ% ဟာ ဒါဘဲ။ ဒီလို Awareness of HIV & AIDS ကျန်းမာရေး အသိပညာ လူငယ်တွေကြားမှာ (ယူကေ) လို နိုင်ငံမျိုးမှာတောင် နည်းလာနေတယ်။ အဖြစ်များပြီး အသိနည်းလာတာဟာ ကြောက်စရာကောင်းလှတယ်။ လိင်ကတဆင့် ကူးစက်စေတဲ့ Chlamydia, Gonorrhea and Genital herpes ရောဂါတွေဟာ ၁၉၉ဝ နောက်ပိုင်း ၁ဝဝ% များလာတယ်။ ဒါလဲ စာရင်းဇယားထားတဲ့ (ယူကေ) မှာပါ။

ဘာတွေ လုပ်ပေးကြရမလဲ -
1. Raising awareness about HIV & AIDS ကျန်းမာရေး အသိပညာပေးမှု ပိုလုပ်ဘို့၊
2. Providing opportunities for people to develop their personal and social skills တတ်ကြွမ်း နာလည်မှုတွေရော အခွင့်အလမ်းတွေပါ တိုးပေးဘို့ နဲ့
3. Providing accessible and appropriate sexual health services and advice including access to condoms ကျန်းမာရေးစောင်ရှောက်မှု နဲ့ (ကွန်ဒွမ်) လို အကာအကွယ်ပေးတာကို လက်လှမ်းမီစေအောင် ဆောင်ရွက်ပေးတာမျိုးတွေ လုပ်ကြဘို့ လိုပါတယ်။

Attraction ဆွဲဆောင်မှု ဖြစ်ကြတယ်ဆိုတာ တလမ်းသွား မဟုတ်ပါ။ အပြန်အလှန်သဘော ပါရတယ်။ လူတိုင်းကို လိုက်ကြိုက်နေတာမျိုး မရှိနိုင်ပါ။ သိတဲ့အတိုင်းဘဲ မျိုးပွါးစေဘို့ တခုထဲအတွက် လိင်ဆက်ဆံမှု ပြုကြတာ မဟုတ်ပါ။ သာယာမှု ရှာချင်တဲ့စိတ်ကနေ စေ့ဆော်တယ်။ (ဂေး) တွေမှာလဲ အဲလိုဘဲ။ သာယာမှုနောက် လိုက်ချင်တယ်။

ဘာသာရေးကနေ မလိုလားအပ်တဲ့ စိတ်နဲ့ အပြုအမူတွေ နည်းပါးအောင်၊ ကင်းစင်အောင် သင်ပြပေးနိုင်တယ် ဆိုတာ မှန်တယ်။ ဗုဒ္ဓဘာသာရော တခြားဘာသာတွေမှာရော အများကြီး ရှိတယ်။ ဘာသာရေး တခုထဲ မဟုတ်ပါ။ လူကြီးသူမ အဆုံးအမ၊ မိတ်ဆွေကောင်းတွေရဲ့ အကူအညီ၊ ကျောင်းတွေကလဲ ကောင်းတဲ့ဘက်၊ ကောင်းတဲ့ဆီ ကူညီ ဖေးမပေးနိုင်ကြတာပါဘဲ။

ကာယကံရှင်ကနေ ဒီတောထဲက ထွက်ချင်နေပြီ ဆိုသူမျိုးဟာ ကောင်းလာနိုင်တဲ့ အခွင့်အလမ်း သိပ်များပါတယ်။ ပျောက်ချင်-နည်းချင်ရင် ဖဲရိုက်တဲ့အကျင့်ကို ပျောက်ချင်သူဟာ ဖဲဝိုင်းရှိရာ မသွားတာက စရသလို (ဂေး) ဖြစ်နေတာကို အားပေးသူတွေနဲ့ ကင်းကင်းရှင်းရှင်း နေသင့်တယ်။ (ဂေး) အခွင့်အရေး အသင်းဝင်တွေဟာ တသက်လုံး ဒီဘဝကိုသာ ကျေနပ်နေတော့နိုင်တယ်။ လိင်စိတ် ထကြွစေတာ မှန်သမျှ ရှောင်ရမယ်။ တခြား ပတ်ဝန်းကျင်မှာ ကျင်လည်သင့်တယ်။ အားကစား၊ လူမှုရေး၊ စာပေ၊ အနုပညာ စတာတွေကနေ စိတ်ကို အများကြီး ပြုပြင်နိုင်တယ်။ လူတွေဟာ မွေးကတည်းက ကွန်မြူနစ် အနေနဲ့ မွေးလာကြတာ မဟုတ်ပါ။ နောက်ပြီး ဘာလင်-တံတိုင်း အရှေ့ဖက်ကနေ အနောက်ဖက် ရောက်တာနဲ့ ဘဝပါ ပြောင်းသွားကြပါတယ်။ရာသီကတော့ အခုတခါလာပြီးပါပြီ ၁ လခြားမလား မခြားမလား စောင့်ကြည့်နေပါတယ်။ ဒါပေမဲ့ ရာသီလာခါနီး အရမ်းငိုတာပဲဆရာ။ အသက်မပြောခဲ့ဖူးဘူး ၂၉ နှစ်ပါ။ ရာသီလာရင် ကီလိုကျတတ်တာရယ်၊ ကျောမှာ အဖူတွေ ပေါက်တာရယ်၊ ဆေးသောက်မှားဖူးလို့ ရာသီမရပ်ဖြစ်ခဲ့ဘူးတာရယ်၊ အခု ၂ လမှ ၁ ခါ ရာသီ လာနေတာရယ်ကြောင့် ၂၈ လုံးဆေးသောက်နေပါတယ် ၁ ကတ် ကုန်သွားရင် ဆက်တိုက်သောက်ရမှာလား။ ဆေးဆိုင်ကလာတဲ့နေ့ကနေ စသောက်ခိုင်းပါတယ်။ ရာသီလာရင် နေမကောင်းဖြစ်တာ မသက်သာပါ။ ဆေး ၁ ကတ်တောင် မကုန်သေးလို့ စောင့်ကြည့်နေဆဲပါ။


ရာသီ မမှန်တာကို မှန်အောင်၊ ရာသီလာလို့ မခံမရပ်နိုင်ဖြစ်တာတွေ သက်သာအောင် Menstrual adjustment ရာသီကို တားဆီးနည်းကို သုံးနိုင်တယ်။ Menstrual suppression ရာသီမလာအောင်နှိမ်တာ ဖြစ်တယ်။ တချို့မှာ ခရီးသွားချိန်၊ အလုပ်များချိန်မှာ ရာသီလာလို့ဖြစ်ရမဲ့ ဒုက္ခသုက္ခကို ရှောင်ချင်လို့လဲ ရာသီလာမှာကို တားဆီးတာမျိုး လုပ်နိုင်တယ်။ (ဟန်းနီးမွန်း) ထွက်ချိန်၊ အပျော်ခရီးထွက်ချိန်မှာ လုပ်နိုင်တယ်။ စိတ်မမှန်သူတွေ၊ စစ်မှုထမ်း-အမျိုးသမီးတွေ၊ အားကစား-မယ်တွေ ပါမယ်။ ရာသီကြောင့် ရှိနေပြီးသား ရောဂါ ပိုဆိုးတာကို ရှောင်ချင်လို့လဲ လုပ်လို့ရပါတယ်။

အမေရိကားမှာ အသက် ၁၈-၅ဝ အတွင်း အမျိုးသမီး ၂့၅ သန်းမှာ ရာသီနဲ့ပတ်သက်ပြီး တခုခုတော့ ဖြစ်ကြရတယ်။ ၃၁% ဟာ တနှစ်မှာ ၉့၆ ရက်ကြာအိပ်ရာထဲ နေကြရတယ်။ ဒီနည်းကို သုံးနေတာ နှစ်တွေကြာပါပြီ။ အဲလို လုပ်သင့်တယ် ဆိုတာကိုရော မလုပ်သင့်ဘူး ဆိုတာအတွက်ပါ အထောက်အထားတွေ မပြည့်စုံပါ။

Benefits of Menstrual Suppression အကျိုးတွေ -
• Dysmenorrhea ရာသီလာလို့ နာတာ သက်သာစေမယ်။
• Menorrhagia ရာသီဆင်းများတာ သက်သာစေမယ်။
• Premenstrual syndrome ရာသီမလာခင်ဖြစ်ချင်တာတွေ သက်သာစေမယ်။
• Perimenopausal symptoms သွေးမဆုံးခင်ဖြစ်တာတွေ သက်သာစေမယ်။
• Menstrual migraines ရာသီလာချိန်ဖြစ်တဲ့ (မိုင်ဂရင်း) အမူး-အကိုက်ရောဂါ၊ Endometriosis သားအိမ်ရောဂါ၊ Acne ဝက်ခြံပေါက်တာတွေ နည်းစေမယ်။
• Sense of well-being နေကောင်းတယ်လို့ ခံစားရသေးတယ်။
• ရင်သားတင်း-နာတာ၊ ရင်ပြည့်တာ၊ စတာတွေ သက်သာစေတယ်။

Disadvantages မလိုလားအပ်တာတွေလဲ ရှိပါမယ်။
• Unpredictable breakthrough bleeding မထင်မှတ်ဘဲ သွေးဆင်းတာ ကြုံရနိုင်တယ်။ များမှာတော့ မဟုတ်ဘူး။ ဆေးသောက်ကာစ အစပိုင်းလတွေမှာ ဖြစ်မယ်။
• တကယ်လို့ ကိုယ်ဝန် ရှိနေမယ်ဆိုရင် ကိုယ်ဝန် ဟုတ်-မဟုတ် သိရတာ ခါတိုင်းလောက် မလွယ်နိုင်ဘူး။
• Abdominal pain ဗိုက်အတင်းနာရင်၊ Chest pain ရင်ပတ်နာရင်၊ Heavy bleeding သွေးဆင်းတာ များရင်၊ Vision changes မျက်စိကြည့်ရတာ မကောင်း ဖြစ်လာရင်၊ Severe leg pain ခြေထောက်ထဲက နာလာရင် ဆရာဝန် ပြရမယ်။

Methods of Menstrual Suppression နည်းလမ်းတွေ
၁။ Combined oral contraceptive (COC) ဟော်မုန်း ၂ မျိုးတွဲ တားဆေးတွေကို အများဆုံး သုံးတယ်။ တားဆေးတွေက ၂၁-၂၈ ရက်သောက်ရတယ်။ အစပိုင်း ၂၁ ရက် သောက်ရတဲ့ဆေး ကုန်တာနဲ့ အရောင်ရင့် ဆေးပြား ၇ ပြားကို မသောက်တော့ဘဲ၊ နောက် ဆေးကပ်သစ်ကို ဆက်သောက်ရတယ်။ ဆရာဝန်တွေ ညွှန်လေ့ရှိတာက ဆေးကပ် ၃ ကပ် (၂၁ X ၃ = ၆၃) ပြား ဆက်တိုက် သောက်ခိုင်းတာ ဖြစ်ပါတယ်။ နောက် ၇ ရက်အတွင်းမှာ Withdrawal bleeding ရာသီ ပြန်လာမယ်။

• Seasonale® ဆေးဟာ ၈၄ ရက်ကို ဟော်မုန်းတွေပါပြီး၊ နောက် ၇ ရက်အတွင်းမှာ ရာသီ ပြန်လာမယ်။
• ၁၉၇ဝ ကျော်ကတည်းက သုတေသနတွေ လုပ်ခဲ့ပါတယ်။ သုတေသနမှာ Seasonale နဲ့ Nordette® (Ethinyl estradiol 30 mg နဲ့ Levonorgestrel 150 mg) ကို ဒေသ အမျိုးမျိုးမှာ နေတဲ့ အသက် ၁၈-၄ဝ အရွယ် အမျိုးသမီးတွေကို ၁ နှစ်တာ စနစ်တကျ လေ့လာခဲ့တယ်။ Nordette® ကနေ မထင်မှတ်ဘဲ သွေးဆင်းတာ ပိုနည်းတယ်။
• ဒီလိုတားဆေးကို မရပ်မနား ဆက်တိုက် သောက်နေတာကလဲ ရာသီမလာဘဲနေမယ်။ ၁၂ လသုံးသူထဲက ၅၃% မှာ စိတ်လဲ ချရတာတွေ့ရတယ်။
• Lybrel TM ဆေးကို FDA က အသိအမှတ်ပြုထားတဲ့ တနှစ်တာအတွက်ဆေး ဖြစ်တယ်။

၂။ တခြားနည်းတွေလဲ ရှိတယ်။
• Depot-medroxyprogesterone actetate injections (Depo-Provera®) (တနှစ်သုံးရင် ၅ဝ%၊ ၂ နှစ်သုံးရင် ၉ဝ% ရာသီမလာဘူး။)
• Levonorgestrel intrauterine system (Mirena®) (၈ဝ-၉ဝ% သွေးထွက်တာ နည်းတယ်။ တနှစ်သုံးရင် ၂ဝ% ရာသီမလာဘူး။)
• Etonogestrel implantable contraceptive (ImplanonTM) (ရက် ၉ဝ သုံးပြီးရင် ၂၁% ရာသီမလာဘူး။)
• ImplanonTM အရေပြားအောက် ထားရတဲ့ ဆေးချောင်းတွေကိုလဲ သုံးနိုင်တယ်။
• Vaginal ring (NuvaRing®) ကွင်းနဲ့ Contraceptive patch (Ortho Evra®) ဆေးကပ်ခွါတွေကို FDA ကနေ အသိအမှတ် ပြုမထားသေးပါ။

Counseling Women သုံးချင်တဲ့ အမျိုးသမီးတွေကို ဆွေးနွေး-အဖြေရှာပေးသင့်တယ်။ ရာသီ မလာဘဲနေရင် လာရမဲ့ သွေးတွေဟာ အထဲမှာ အောင်းနေမယ်ထင်တာ မဟုတ်တဲ့အကြောင်း ရှင်းပြရမယ်။ နောင်မှာ ကလေးမရတာလဲ မဖြစ်စေဘူး။ ဆင်းတဲ့သွေးက ပိုအရောင် ရင့်မယ်။ စေးတာပျစ်တာလဲ ခါတိုင်းနဲ့ မတူဘူး။ယောက်ျားတွေရဲ့ လိင်စိတ်ဖြစ်ပေါ်မှုနဲ့ လိင်အရေးကို အားပေးစေတဲ့ အကြောင်းတရားတွေထဲမှာ (တက်စတိုစတီရုံး) ကျား-ဟော်မုန်းလဲ ပါတယ်။

• (တက်စတိုစတီရုံး) နည်းနေရင် (၁) လိင်ကိစ္စကျေနပ်မှုကိုလည်း နည်းစေနိုင်တယ်။ (၂) Lack of sex drive လိင်စိတ် ဖြစ်ပေါ်မှုနည်းခြင်း နဲ့ (၃) Erectile dysfunction လိင်အင်္ဂါသန်မာမှုနည်းခြင်းတို့ကို ဖြစ်စေနိုင်တယ်။
• ဒီအချက်ကြောင့်သာ အဲလိုဖြစ်နေတာမှန်ရင် ဆေးကုလို့ ရပါတယ်။ လိင်စိတ်ဖြစ်ပေါ်မှုနည်းခြင်းကို Low Libido လို့လဲ ခေါ်တယ်။
• ယောက်ျားတိုင်းမှာ အသက် ၂ဝ ကျော်အရွယ်မှာ လိင်စိတ် အများဆုံးရှိရာကနေ တဖြေးဖြေးခြင်း နည်းနည်း လာတာ ပုံမှန်သာဖြစ်တယ်။ ဒါပေမဲ့ တယောက်နဲ့ တယောက် မတူကြပါ။ သူ့မှာ နည်းနေတယ်လို့ ထင်တာမျိုးကို နောက်တယောက်က အဲလိုထင်ချင်မှ ထင်မယ်။
• လူတယောက်ထဲမှာကို Stress စိတ်ဖိအားများတာ၊ Sleep deprivation အိပ်ရေးပျက်တာ၊ Opportunities for sex depression အခွင့်အလမ်းမသာတာ၊ Chronic illnesses ကျန်းမာရေးမကောင်းတာတွေကြောင့် လိင်စိတ် မတူတာတွေ ဖြစ်နေနိုင်တယ်။ ဒါကြောင့် ဘယ်လိုနေမှ ပုံမှန်ပါလို့ သတ်မှတ်ဘို့ သိပ်ခက်တယ်။
• ကာယကံရှင်ကိုယ်တိုင်ကနေ သူ့မှာ ဒီစိတ်နည်းနေတယ်လို့ ခံစားတာရှိသလို၊ သူ့အဖေါ်ကနေ သတိထားမိတာလဲ ရှိတယ်။
• Low testosterone နည်းနေတိုင်း လိင်စိတ်မဖြစ်တာတော့ မဟုတ်ပါ။ သူများထက် ဟော်မုန်းနည်းနေပေမဲ့ ပုံမှန်လောက် စွမ်းဆောင်နိုင်သူတွေလဲ ရှိပါတယ်။ အဲလိုဘဲ တချို့မှာ Testosterone levels ဟော်မုန်းပုံမှန်ရှိနေပေမဲ့ လိင်စိတ်နည်းသူတွေလဲ ရှိတယ်။
• Low testosterone နည်းခြင်းဟာ Low libido စိတ်နည်းခြင်းရဲ့ အကြောင်းခံတခုတော့ မှန်တယ်။ သိသိသာသာ နည်းနေရင်တော့ Sex drive လိင်ဆက်ဆံလိုစိတ်နည်းမှာ အမှန်ဘဲ။
• Massachusetts မှာလုပ်ထားတဲ့ လေ့လာမှုတခုမှာ ယောက်ျား ၁၁% က Lack of sex drive လိင်စိတ် နည်းနေတယ်လို့ ပြောကြတယ်။ ဒါနဲ့သူတို့ကို Testosterone levels (တက်စတိုစတီရုံး) ဘယ်လောက်ရှိသလဲ စစ်ကြည့်တယ်။ ဟော်မုန်းနည်းနေသူတွေထဲက ၂၈% မှာ Low libido လိင်စိတ်နည်းတာ ဖြစ်နေကြတယ်။ ဒီလူတွေက ယေဘုယျဆိုရင် အသက်သိပ်မကြီးကြသေးပါ။ ပျမ်းမျှ ၄၇ နှစ်သာ ရှိကြတယ်။ အသက်ကြီးသူတွေမှာ ပိုဆိုးနေတာတော့ သေခြာတယ်။
• အံသြစရာကောင်းတာက Low testosterone ဟော်မုန်းနည်းနေတာ သက်သက်ကြောင့် Erectile dysfunction လိင်အင်္ဂါ မသန်မာဖြစ်တာ နည်းပါးတယ်။ တခြား အကြောင်းခံတခုခုရှိမှသာ လိင်အင်္ဂါမသန်မာတာ ဖြစ်တတ်တယ်။
• Erection problems လိင်အင်္ဂါ မသန်မာခြင်းပြဿနာရဲ့ အကြောင်းခံတခုကတော့ Atherosclerosis ခေါ်တဲ့ သွေးလွှတ်ကြောနံရံတွေ မာ-ထူနေတဲ့ရောဂါ ဖြစ်တယ်။ ဒါကြောင့် လိင်အင်္ဂါကိုသွားတဲ့ သွေးလွှတ်ကြောလေးတွေက ကျယ်လာဘို့ ခက်တော့တယ်။ လိင်စိတ်ဖြစ်တာနဲ့ လိင်အင်္ဂါမှာ သွေးကြေားလေးတွေက ပိုကျယ်လာပြီး သွေးတွေ ပိုဝင်တာတာကို လိင်အင်္ဂါသန်မာတယ်လို့ ခေါ်တာဖြစ်တယ်။
• ဒီရောဂါအပြင် Diabetes ဆီးချို၊ High blood pressure သွေးတိုးနဲ့ High cholesterol (ကိုလက်စထော) များခြင်းရောဂါ (၃) မျိုးကနေလဲ Atherosclerosis သွေးကြောထူတာ နဲ့ Erectile dysfunction ပန်းသေ-ပန်းညှိုးကို ဖြစ်စေနိုင်တယ်။
• လေ့လာမှုတခုအရ ED လိင်အင်္ဂါမသန်မာပါဘူးဆိုပြီး ဆရာဝန်ဆီလာသူတွေထဲက ၃ ယောက်မှာ ၁ ယောက်ဟာ Low testosterone ဟော်မုန်းနည်းနေတာ တွေ့ရတယ်။ • Low testosterone ဟော်မုန်းနည်းတာ တခုထဲကြောင့်တော့ ED မဖြစ်စေပေမဲ့ တခြားတခုခုနဲ့ တွဲနေသူတွေမှာ သိသိသာသာ ဖြစ်မယ်။ အဲဒါတွေက Metabolic syndrome ရောဂါ၊ Obesity အဝလွန်ခြင်း၊ Endothelial dysfunction ရောဂါ နဲ့ Diabetes ဆီးချိုရောဂါတွေ ဖြစ်တယ်။
• Testosterone therapy ဆေးပေးကုသနည်းကြောင့် လူအတော်များများမှာ Sex drive လိင်စိတ်ပိုစေမယ်၊ Satisfaction with sex လိင်ကိစ္စမှာ ကျေနပ်မှု ရစေတယ်။
• သတိထားစရာရှိတာက Testosterone ဆေး အကြာကြီး ပေးနေရင် ဘာဖြစ်နိုင်လဲဆိုတာကို ကံသေကံမ ပြောမရနိုင်သေးပါ။ ပြောနိုင်ဘို့ရာ ကြာပါအုံးမယ်။
ကြောက်တော့ ကြောက်တယ်။ မိန်းမတွေ သားကြောဖြတ်နဲ့ ပတ်သက်ပြီးတော့လည်း တင်ပြပေးပါဦးနော်။

အမျိုးသမီးများကို ရာသက်ပန် သား-သမီးမရအောင် လုပ်နည်း Permanent Sterilization ၂ နည်းရှိတယ်။ အများဆုံးသုံး-အများလည်း သိတဲ့နည်း ကတော့ သားအိမ်ပြွန်ကို ခြည်-ဖြတ်နည်းပါ။ သားအိမ်ပြွန်ထဲကို (စပရင်) လိုတခု ထည့်ပေးနည်းက နောက်တမျိုးပါ။ မြန်မာအမျိုးသမီးတွေ လက်လှမ်းမီကြမဲ့ ပဌမနည်းကိုဘဲ ရေးပါမယ်။


အမျိုးသမီးများဟာ အရွယ်ရောက်ချိန်ကစပြီး သွေးမဆုံးခင် အချိန်အထိ လစဉ်-လတိုင်း မ-မျိုးဥအိမ်ကနေ မ-မျိုးဥ တလုံး ထွက်ပေးနေတယ်။ ရာသီမှန်နေသူကို ပြောတာပါ။ ဥက တကယ်လို့ ကျားသုတ်ပိုး ဝင်လာမယ်ဆိုရင် သားအိမ်ပြွန်ခေါ်တဲ့ ချိုနဲ့လည်းတူတဲ့ နှစ်ချောင်းလည်းရှိတဲ့ အခေါင်းပါပြွန်ရဲ့ အပြင်ထိပ်ပေါက်နေ သားအိမ်ထဲကို ဝင်လာလိမ့်မယ်။ ပြွန်ထဲမှာ ဖူးစာဆုံ-ပေါင်းစပ်ရာကနေ သန္ဓေတည်-ကိုယ်ဝန်ဆောင်ရတယ်။ သူတို့တတွေ မတွေ့-မဆုံ-မပေါင်းစပ် နိုင်အောင် ပြွန်လမ်းကို အသေပိတ်လိုက်တဲ့နည်းက Tubal Ligation ဖြစ်ပါတယ်။

ဒီနည်းမှာလည်း ၂ နည်းရှိတယ်။ Laparoscope ပစ္စည်းကရိယာ စုံတဲ့နေရာမှာဆိုရင် အပြင်လူနာ အနေနဲ့၊ ထုံဆေးနဲ့ လုပ်လို့ ရတယ်။ တိုင်းပြည် အများအပြားမှာတော့ ဆေးရုံ ခဏတင်၊ ခါးထုံဆေးနဲ့ ခွဲပေးတတ်တယ်။ မကြာပါဘူး။ ခွဲပြီး ၇ ရက် ချုပ်ရိုးဖြေတာ မစောင့်ချင်ရင် စောစော အိမ်ပြန်လွှတ်မှာပါ။ ကလေးမွေးပြီး၊ ၂ ပါတ် အတွင်းခွဲရင် ဆရာဝန် အတွက် ပိုလွယ်တယ်။ သားအိမ်က မြင့်နေသေးတာမို့ အောက်အတွင်းထဲအထိ နှိုက်စရာ မလိုဘူး။ ဘယ်နည်းနဲ့ ခွဲခွဲ ခွဲစိတ်တဲ့ နေရာက နာတာသက်သာတာနဲ့ အိမ်ထောင်နဲ့အတူ ပြန်နေလို့ရတယ်။ ဗိုက်ခွဲမွေးရင်းလည်း လုပ်ပေးလို့ရတယ်။

၉၉့၅% ထိရောက်တယ်လို့ ဆိုတယ်။ ဒီအထဲမှာ သားအိမ်ပြင်ပ သန္ဓေတည်တာတော့ ကံမကောင်းရင် ဖြစ်နိုင်တယ်။ အတော်တော့ ရှားပါတယ်။ အဲလို ချည်-ဖြတ်ပြီးမှ ပြန်လိုချင်ပြန်လို့ နောက်ထပ် ခွဲစိတ်ပြုပြင်ရသူတွေမှာ အဲလိုဖြစ်တာ ပိုများတတ်တယ်။ နောက် ရှားတာလေးတွေလည်း ရှိသေးတယ်။ ရာသီဖြစ်စဉ်ေ ပြာင်းသွားလို့ လာတဲ့အချိန်မှာ နာတာ၊ ကြားရက် ဆင်းတာ၊ မလာဘဲ နေတာ။ ဒါလဲ ဖြစ်တဲ့သူ မများလှပါဘူး။

အားကောင်းချက်တွေ အရင် သိရအောင်။ ရာသက်ပန် ကလေးမရတော့ပါ။ ချက်ချင်း ထိရောက်တယ်။ မလိုချင်တော့တဲ့ ကလေးရမှာ ကြောင့်ကျမှု ကင်းသွားမယ်။ ကုန်ကျစရိတ် မများပါ။ မ-မျိုးဥအိမ် ကင်ဆာ ဖြစ်တာ နည်းတာကို တွေ့လာရတယ်။ သားကြောဖြတ်ထားသူ အမျိုးသမီးမှာ ဆက်ဆံစိတ်မျိုး ဘာမှ ထူးခြား ပြောင်းလဲစရာ မရှိပါ။ တချို့ဆိုရင် ကိုယ်ဝန်ရမှာမျိုး စိုးရိမ်စိတ် မရှိတော့တာမို့ ပိုလို့တောင် စိတ်ဖြစ်ပေါ်လာသေးပါတယ်။ အဲ့ ခင်ပွန်းအပေါ် သစ္စာ စောင့်ရပါလိမ့်မယ်။

အားနည်းချက်တွေလဲ သိထားပါ။ ခွဲစိတ်တာ ခံရမယ်။ ယောက်ျားတွေကို လုပ်ရတာထက် နည်းနည်း ရှုတ်ထွေးတယ်။ ပြန်ဆက်ချင်ရင် ပိုခက်တယ်။ ဆုံးဖြတ်ချက်ကို ခိုင်မာပြီးမှ လုပ်သင့်တယ်။ ဒါတောင် ယောက်ျားတွေကို လုပ်ကြတာထက် အဆ ၄ဝ အမျိုးသမီးတွေမှာ လုပ်နေကြပါတယ်။ လိင်ကတဆင့် ကူးစက်ရောဂါတွေကို မကာကွယ်ပါ။

တကမ္ဘာလုံးမှာ အမျိုးသမီး ၃၃% က ဒီနည်းလုပ်ထားကြပါတယ်။ ဖွံ့ဖြိုးဆဲ တိုင်းပြည်တွေမှာကြ ရာနှုန်းပိုများတယ်။ မြန်မာပြည်မှာ ဥပဒေအရ Sterilization board ကနေကျမှ လုပ်ခွင့်ရှိတယ်။ လူဦးရေများတဲ့ တိုင်းပြည်တွေမှာ အလကား လုပ်ပေးတယ်။ အားပေးတယ်။ တချို့ဆီမှာ အတင်းအဓမ္မ အလုပ်ခိုင်းတယ်။

ဒုက္ခသည် ဆေးခန်းမှာ ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် အလကား လုပ်ပေးပါ့မယ် ပြောထားတယ်။ ထည့်နိုင်ရင်တော့ နည်း-များမဆို အလှူငွေလေး ထည့်ပေါ့။ ဒါပေမဲ့ အခုထိ တယောက်မှ မလာပါ။ သူတို့ Destination တိုင်းပြည်တွေမှာ ကလေးပါရင် ချမ်းသာတယ် ကြားထားကြတာကိုး။

Q: ကျနော့်အသက် ၅၅ နှစ်ရှိပါပြီ။ ကလေး ၂ ယောက်ရှိပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ကျနော်တို့ လင်မယား တိုင်ပင်ပြီး ကျနော် သားကြောဖြတ်ခဲ့ပါတယ်။

ဖြတ်ပြီးပြီးချင်းတော့ ဘာမှသိပ်မသိသာပါဘူး။ ယခု ပြီးခဲ့သော သုံးလကျော် လေးလခန့် မှစ၍ ပန်းသေသလို ဖြစ်နေပါတယ်။ ဆေးမသုံးဘူး၍ ဘာဆေးသုံးရမှန်း မသိပါခင်ဗျား။ ပျားရည်ဖြင့် ကြက်သွန်ဖြူ စားသော်လည်း မထူးခြားပါ။ စိတ်ပါလာ သော်လည်း ချက်ခြင်းပြန်ကျသွားပါသည်၊ ကျနော် ယခု ရောက်ရှိနေသော နေရာက (့) နိုင်ငံမှာ ဖြစ်ပါသည်။ ကျနော် ပုံမှန်စားနေရသော အစာအိမ်ဆေးရှိပါသည်၊ Histac, Neotac မြန်မာပြည်မှာတုန်းက စားတာပါ။ ယခု ထိုဆေးများ ဝယ်မရ၍ Ranidine 150mg ကို စားနေရပါတယ်။ သောက်နေရသော ဆေးများနှင့် ဖြစ်နေသော အခြေအနေနဲ့ သက်ဆိုင်သလား မသိပါ။ နောက် သားကြောဖြတ်ပြီးမှ ဖြစ်တာ ဆိုတော့ ဆိုင်သလား။ အသက်အရွယ်ကြောင့်လား။

A: သားကြောဖြတ်လို့ တိုက်ရိုက် ပန်းသေတာမျိုး မဖြစ်စေပါ။ သိပ်ကြီး မစိုးရိမ်ပါနဲ့။ ပြန်ကောင်းလာနိုင်ပါတယ်။ ကျား-ဟော်မုန်းက Testis အစေ့ကနေ ထွက်တာပါ။

လောလောဆယ် အကြံပေးချင်တာက Virgra ဆေးသောက်ပါ။ နာမည် အမျိုးမျိုးနဲ့ ဝယ်လို့ရတာတယ်။ အိန္ဒိယကလာတာ Vigora စသဖြင့်။ ဆေးရှာရလို့ ဘယ်လိုသောက်ရမလဲ မသိရင် မေးနိုင်ပါတယ်။ ၅ဝ-၁ဝဝ အားလာတယ်။ 50 mg ဆိုရင် တနေ့တွက် လုံလောက်တယ်။ အသုံးပြုချင်တဲ့နေ့၊ အချိန်မှာသာ ၁၅-၃ဝ မိနစ် ကြိုသောက်ယုံသာ လိုပါမယ်။

အစာအိမ်ဆေးတွေကလဲ အဲလိုမဖြစ်စေပါ။ အရွယ်ကလည်း သိပ်မကြီးသေးပါ။ တယောက်နဲ့ တယောက်တော့ မတူပါ။

စိတ်မှာ ရှင်းလိုက်ပါ။ ဒီစိတ်မျိုးက တခါတလ နည်းတတ်တယ်။ ပြန်တက်လာမှာ သေခြာပါတယ်။ ဆေးကလည်း အတော်ကို စွမ်းပါတယ်။ ကျွန်မ အမျိုးသားက အသက် ၃၄ နှစ်ပါ။ အမျိုးသားတွေ သားကြောဖြတ်ခြင်းအကြောင်းကို သိချင်ပါတယ်ဆရာ။ ကျွန်မတို့ နှစ်ယောက်လုံး ဗမာ၊ ဗုဒ္ဓဘာသာပါ။ သူ့ကို သားကြော ဖြတ်စေချင်ပါတယ်။ မလုပ်ခင်မှာ အမျိုးသားတွေ သားကြော ဖြတ်ခြင်းကြောင့် ဖြစ်တတ်တဲ့ ကောင်းကျိုး၊ ဆိုးကျိုး၊ စိတ်ခံစားမှုတွေ အကြောင်းနဲ့၊ သားကြော ဖြတ်နည်း ဘယ်နှစ်မျိုး ရှိတယ်ဆိုတာကို ဖြေကြား ပေးစေချင်ပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး အခြား သိသင့်တာတွေ ရှိရင်လည်း ဖြည့်စွက် ပြောကြားပေးပါ။ လုပ်သင့်၊ မသင့် ဆရာ့ အမြင်ကိုလည်း ပြောကြား ပေးပါဆရာ။

ခွဲစိတ်ကုသမှုတွေကို (မေဂျာ) လား (မိုင်နာ) လား ခွဲခြားသတ်မှတ်ရင် ယောက်ျား သားကြောဖြတ်တာ Vasectomy ဟာ အသေးစား ဖြစ်ပါတယ်။ Vasa deferentia ပြွန်ကို Sperm သုတ်ပိုး သွားမရအောင် လုပ်လိုက်တာပါ။ တိရစ္ဆာန်တွေကို သင်းသတ်နည်းလို သုတ်ပိုး ပေါက်ပွါးဖြစ်တည်ရာ အစေ့ Testis ကို ထုတ်ပြစ်-ဖျက်ပြစ်တဲ့ Castration နဲ့ မတူပါ။

ဘာဘဲလုပ်လုပ် ဒီလိုလုပ်လိုက်ရင် ဘယ်အကျိုး၊ ဘာအပြစ်တွေ ရှိလာနိုင်သလဲ ဆန်းစစ်-သိမြင်ထားတာဟာ အင်မတန် ကောင်းတဲ့ အကျင့်တခု ဖြစ်တယ်။ ယေက်ျား သားကြော ဖြတ်တာမှာ မကောင်းဘူးဖြစ်စရာ အလွန်တရာ နည်းပါတယ်။ ကျားအစေ့ကနေ ကျားဟော်မုန်း Testosterone ထုတ်နေတယ်။ ဟော်မုန်းက ဖြတ်ပြစ်တဲ့ အကြော (ပြွန်) ကို အသုံးမချပါ။ သွေးထဲကို တိုက်ရိုက် ၀င်သွားတာမို့ ဟော်မုန်းသတ္တိကို မထိခိုက်ဘူး။ ဆက်ဆံလိုစိတ်ကို သူ့ကြောင့် တိုက်ရိုက် ထိခိုက်စရာ မရှိနိုင်ပါ။ ၁၀ ယောက် ၁ ယောက် နည်းသလို ဖြစ်နိုင်တယ်လို့ ပြောကြတယ်။ ဒါကလည်း စိတ်နဲ့သာ ဆိုင်တယ်။


Ejaculation ဆက်ဆံလို့ပြီးတိုင်း ထွက်တာထဲမှာ သုတ်ပိုးတွေပါတဲ့ အရည်က ၁၀% သာရှိလို့၊ အသွင်သဏ္ဌာန်၊ အရသာ၊ အစေး-အပြစ်၊ အနံ့၊ ဘာမှ မပြောင်းလဲဘဲ၊ ထုထည် ၁၀% သာ လျာ့နည်းနိုင်တယ်။


သားကြောဖြတ်လိုက်ရင် ဆက်ထွက်နေမဲ့ သုတ်ပိုးတွေ ဘယ်ရောက် သွားသလဲ မေးရင်၊ သူ့ဖါသူ ပျက်စီးပြီး၊ အသွေး အသားကနေ စုပ်ယူသွားပါလိမ့်မယ်။ မုတ်ရောဂါ Hydrocele ကို ခွဲရင် အရည်တွေကို ထုတ်ပြစ်တာကြောင့် ပျောက်တာ မဟုတ်ပါ။ အရည်ထွက်မဲ့ မျက်နှာပြင်ကို ပြောင်းပြန်လှန် ချုပ်ပေးတော့ ထွက်လာနေမဲ့ အရည်ကို အသွေးအသားကနေ စုပ်ယူပေးနေလို့ အရည်အောင်းစရာလည်းမရှိဘဲ၊ မုတ္တရောဂါ ပျောက်သွားရတာပါ။ ဖိတ်ခြင်းဖိတ် ကိုယ့်အိပ်ထဲမှာဘဲ ဖိတ်တာမျိုးပေါ့။


ယောက်ျား သားကြောဖြတ်တာ ဘယ်လောက် ထိရောက်ပါသလဲ။ ဗြိတိသျှ ဆေးသုတေသန တခုအရ ၂၀၀၀ မှာ ၁ ယောက်၊ စာမေးပွဲကျသတဲ့။ အမျိုးသမီးတွေနဲ့ စာရင် အောင်ချက်က အင်မတန် ကောင်းပါတယ်။ သားအိမ်ပြွန် ဖြတ်တာမှာ ၂၀၀-၃၀၀ လုပ်ရင် ၁ ယောက်က မအောင်-မမြင် ဖြစ်ရတယ်။ ဒါတောင် ယောက်ျား သားကြောဖြတ်တာ လုပ်အပြီး၊ အတူနေတာ သိပ်စောလို့ ကိုယ်ဝန်ရတာကိုပါ ထည့်တွက်လို့တဲ့၊ ဖြတ်လိုက်တဲ့ ပြွန်ပြန်ဆက်တယ်ဆိုတာ ဒိထက် နည်းပါတယ်။


ဘယ်တော့ အတူပြန်နေနိုင်သလဲ။ “ခွဲစိတ်ထားတာကို ခံနိုင်ရင်တော့ သဘောဘဲ” ဆိုပြီး ဆေးစာက မရေမရာ ရေးပါတယ်။ ဒေါက်တာတိကျ တွေကတော့ ၇ ရက်တပါတ်။ ဘာလို့ ပြောရလဲဆိုတော့ သုတ်ပိုး ဇီးရိုး မဟုတ်ရင် ကိုယ်ဝန် ရနိုင်သေးလို့ပါ။ ဒါ့ကြောင့် ၃ လ၊ ဒါမှမဟုတ် သုတ်အကြိမ် ၂၀ လွှတ်ပြီးမှ သေခြာတယ်။ ဖြတ်ပြီးတဲ့နောက် ထွက်တာထဲမှာ သုတ်ပိုးပါနေ-မနေ စစ်ဘို့ ကောင်းတယ်။


သတိပေးချင်တာက အတူနေလို့ ကလေး မရနိုင်တော့ပေမဲ့ အကာအကွယ်မဲ့ ဆက်ဆံတာမျိုးကို သတိထားရပါအုံးမယ်။ အဖေါ်မှာ HIV, Hepatitis B, Hepatitis C အပါအ၀င်၊ လိင်ကတဆင့် ကူးစက်ရောဂါရှိနေရင် ကိုယ့်ကို ကူးလာစေမယ်။ ကိုယ့်မှာ ရှိရင်လဲ ဖြန့်ပေးလိမ့်မယ်။ Condom ဆက်သုံးသင့်တယ်။ တိုင်းပြည် တချို့မှာ အိမ်ထောင်သည်တွေ အဲလို ဖြတ်နည်း သုံးရင် ဇနီးရဲ့ ခွင့်ပြုချက် လိုတယ်လို့ ဥပဒေလုပ်ထားတယ်။


နည်းကတော့ တနည်းထဲလို့ ပြောနိုင်ပါတယ်။ ထုံဆေးနဲ့ ခွဲပါတယ်။ Scrotum ကပ်ပဲ့အိပ်၊ Testis အစေ့အထက်မှာ ခွဲတာ များတယ်။ တချို့လဲ အထက်နား သွားခွဲသေးတယ်။ Hernia, Hydrocele ခွဲရင်း စေတနာ ပိုတာလည်း လုပ်လေ့ရှိတယ်။ ကပ်ပဲ့အိပ်မှာဆို ဒါးရာ တခုထဲဖြစ်ဖြစ် ၂ ခုဖြစ်ဖြစ်ရတယ်။ ဖြတ်မဲ့ အကြောကို သေသေခြာခြာ ရွေးထုတ်ပြီး၊ ဖြတ်-ခြည်တာ ဖြစ်ဖြစ်၊ ထိပ်ကို မီးရှို့ပိတ်နည်း ဖြစ်ဖြစ်၊ လုပ်ပြီး အစသေးလေး ထုတ်ပြစ်ရတယ်။ အကြောကို ရွေးရတာက ပညာပါ။ ဘေးမှာ အရောင် ဆင်တူတွေ ရှိတယ်။ လက်နဲ့စမ်း ခွဲခြားရတယ်။ ထုံဆေး ထိုးထားတော (တစ်ရှူး) တွေ ဖေါင်း-ရောင်နေလို့ သတိကြီးရတယ်။ ဒါးရာသေးရင် တချို့က အရေပြားကို ပြန်တောင် မချုပ်ဘူး။ ခွဲစိတ်ဆရာဝန်တွေထဲမှာ ဒါးရာ သေးသေးနဲ့ ခွဲနိုင်တာကို ဂုဏ်ယူသူတွေ ရှိတယ်။ တချို့ကလည်း ကွင်းကျယ်ကျယ်မှာ ကစားရမှ အားရတယ်။


ခွဲပြီး နာရင် ရေခဲ ကပ်ရတယ်။ ပဋိဇီဝဆေးပေးပါမယ်။ အနာသက်သာဆေး သတိနဲ့ သောက်ရမယ်။ Athletic supporter ၀တ်ထားသင့်တယ်။ ၃-၄ ရက် ငြိမ်ငြိမ်နေတာ ကောင်းတယ်။ ၇-၁၀ ရက် အလေးအပင် မမပါနဲ့။


ဆေးစာရေးတာ မပြည့်စုံရင် ထိန်ချန်မှု ရောက်နိုင်တယ်။ ဒီလိုလုပ်တာ (မိုင်နာ) ဖြစ်ပေမဲ့ ခွဲတာ-စိတ်တာတိုင်းမှာ ကြုံရတတ်တဲ့ နောက်ဆက်တွဲ သတိထားစရာတွေ ရှိပါတယ်။ သွေးခြည်ဥတာ၊ သွေးယိုတာ၊ ရောင်တာ၊ ရင်းတာ၊ နာတာ၊ စသဖြင့်။ နာတာက ထူးဖြစ်တတ်တာကို Post-vasectomy pain syndrome ခေါ်တယ်။ အကြာကြီး နာနေတာ၊ ထိရင် နာတာ၊ သုတ်လွှတ်ရင် နာတာ၊ ဆက်ဆံတဲ့အခါ နာတာ။ ရှားတော့ အလွန်မတန် ရှားပါတယ်။ ဖြစ်လည်း ကုလို့ရပါတယ်။


အမျိုးသမီးတွေကို သားကြောဖြတ်တာထက် နောက်ဆက်တွဲဖြစ်မှာတွေ သိသိသာသာ နည်းတယ်။ မိသားစုစီမံကိန်း နည်း အမျိုးမျိုးကို (သူများဆီမှာ) သုတေသန လုပ်ထားတယ်။ ယောက်ျား သားကြောဖြတ်နည်းက မအောင်မြင်မှု ၀့၀၂-၀့၁% နဲ့ စိတ်ချရဆုံး၊ အမျိုးသမီး သားကြောဖြတ်နည်း = ၀့၂%၊ အမျိုးသမီး စားဆေးနည်း = ၀့၁%၊ ယောက်ျား ကွန်ဒွန်နည်း = ၁-၃%၊ အမျိုးသမီး (ဒိုင်ယာဖရမ်) နည်း = ၁-၆%၊ အမျိုးသမီး သုတ်ပိုးသေဆေးနည်း ၃%၊ အမျိုးသမီး ဟော်မုန်း ကပ်ခွါနည်း = ၀့၂%၊ အမျိုးသမီး သားအိမ်ထဲ ပစ္စည်းထည့်နည်း IUCD = ၀့၆-၁့၅%၊ ရက်ရှောင်နည်း = ၃%၊ ယောက်ျား သုတ်ရည် အပြင်ထုတ်နည်း = ၄%၊ ဘာမှ မသုံးရင် ၈၅% ကလေးရနိုင်တယ်။


ရှုံ့ချည်နှပ်ချည် လုပ်ခြင်သူတွေ အတွက်လည်း ရေးပါမယ်။ USA မှာ ၅% လောက်ရှိတယ်။ သားကြောဖြတ်တယ်ဆိုတာ ရှင်ခန်းဖြတ် မဟုတ်ပါ။ ပြန်ဆက်လို့ မရဘူး မဟုတ်ပါ။ (သီအိုရီ) အရ ဖြစ်နိုင်ပေမဲ့၊ လက်တွေ့မှာ အတော်ကြီး ခက်ပါတယ်။ (မိုက်ခရို-ဆာဂျရီ) အနုစိတ် လုပ်ရလိမ့်မယ်။ ကရိကထ များတယ်၊ လက်ဝင်တယ်။ အမေရိကားမှာဆို တနှစ်မှာ လူ ၆ သိန်းက $300 ကနေ $1,000 အကုန်ခံ ဖြတ်နေကြတယ်။ ပြန်ဆက်ဘို့ ဆိုရင်တော့ $7,000 ကုန်မယ်။ အောင်မြင်မှုနှုန်း စောစောပြန်လုပ်သူတွေက ပိုများတယ်။ ဖြတ်ထားပြီး ၃ နှစ်အတွင်း ပြန်ဆက်ချင်သူတွေက ၇၆%၊ ၁၅ နှစ် ကြာမှ လုပ်ရင် ၃၀% ကလေး ပြန်ရနိုင်တယ်။


စာတွေ သုတေသနတွေမှာ ရှိတာရေးပြီးတော့ ရွှေတွေ အပြင်ထွက်တဲ့ တိုင်းပြည်က သူတွေအတွက် ရေးပါအုံးမယ်။ ဗမာပြည်မှာ ကျန်းမာရေးနဲ့ ဆေးဆိုတာ လူတိုင်းအတွက် မဟုတ်ဘူး။ ဟုတ်လမ်းလည်း မမြင်ရသေးဘူး။ ဆင်းရဲတော့ ဈေးချိုတဲ့နည်း၊ ပညာရည် နှိမ့်ထားတော့ တော်တဲ့သူတွေ မတော်ရာ သွားရလို့ လက်လှမ်းမီတဲ့လူနဲ့ လုပ်ရတဲ့နည်း၊ မသိအောင်-မကြားအောင် လုပ်ထားတော့ ကြားဘူး-နားဝနည်း၊ ဆန်းစစ်တာ လက်မခံတော့ ကောင်း-မကောင်း၊ တော်-မတော် မသိတဲ့နည်းတွေသာ အားကိုးစရာ ရှိနေကြရပါတယ်။


ယောက်ျား သားကြောဖြတ်တဲ့အခါ ဗမာပြည်မှာ ပြဿနာက အကြော မှားဖြတ်မိတာ ဖြစ်ပါတယ်။ ဖြတ်ပြီးမှ ထပ်ကိုယ်ဝန် ရတယ်။ ရိုးသားတဲ့ ဇနီး ဗိုက်သာမက မျက်နှာပါပူရရော။ ခိုးကြောင်-ခိုးဝှက်၊ လက်လှမ်းမီတဲ့၊ ဆရာဝန် မဟုတ်တဲ့၊ ဆရာဝန် ဖြစ်အုံးတော့ အတွေ့အကြုံ နည်းတဲ့ သူတွေဆီမှာ လုပ်ကြရလို့ပါ။


“မလိုချင်တာ မှန်သမျှ စနစ်တကျ ပြတ်အောင် ဖြတ်ကြပါလေ။”
သည်းခြေကြိုက် ခေါင်းစဉ်ဆိုတာ ကျန်းမာရေး နယ်ပယ်မှာလဲ ခေတ်စားပါတယ်။ “(ကီးဂယ်လ်) လေ့ကျင့်ခန်းဖြင့် ကျား-အင်္ဂါ ကျန်းမာရေး နှင့် ကြီးထွားနည်း”။ “အမျိုးသမီးများအကြား ရေပန်းစားပေမဲ့ ယောက်ျားလေးများ မသိသူ ကျော်သွား၊ သိသူ ဖေါ်စားနည်း” လဲပါတယ်။

ကိုယ်ဝန်ဆောင် နဲ့ ကလေးဖွါးပြီးသူ အမျိုးသမီးတွေ မ-အင်္ဂါအတွင်းမှာ ရင်းစားပြန်ရဘို့ Pelvic Floor exercise တင်ပါးဆုံတွင်း ကြွက်သား လေ့ကျင့်ခန်းကို ဆရာဝန်တွေက ထောက်ခံချက် ပေးယုံသာမကာ လုပ်ခိုင်းတဲ့နည်းလဲ ဖြစ်ပါတယ်။ အမျိုးသားအတွက် ဆိုတာတော့ ဆရာဝန်တွေက မညွှန်းဘဲ၊ “ကျွမ်းကျင်သူ” ဆိုသူ များကသာ ရေးကြတာပါ။ “ကျွမ်းကျင်သူ” လို့ ဘယ်သူက ဘွဲ့ပေးသလဲ။ “ဗမာ့အရေး ကျွမ်းကျင်သူ” ဆိုတာတော့ ရေဒီယိုတွေကနေ ပေးတယ်။ ဘာဘဲဖြစ်ဖြစ် ဗဟုသုတ ရလိုသူများ၊ ဆန္ဒပို အလိုရှိသူများ သိစေဘို့ ရေးပါရစေ။ လေ့ကျင့်ပေးရမဲ့ ကြွက်သားကို သိအောင် အရင်လုပ်ရတယ်။ “ဆီးသွားနေတုံး ဆီးမကုန်ခင် ရပ်အောင် ကြိုးစားတဲ့အခါ ကြုံ့ပေးရမဲ့ ကြွက်သားတွေ” ဖြစ်ပါတယ်။ Pubococcygeus muscle ခေါ်တယ်။ ဆီးစပ်ရိုး နောက်ကနေ ဟိုနောက်ဆုံးက အမြီးပိုင်း နေရာအထိ ဆက်နေတဲ့အရာ ဖြစ်ပါတယ်။

(ပြူဘို-ကောက်ဆီဂျီယပ်စ်) ကြွက်သားဟာ Levator ani ဆိုတဲ့ တင်ပါးဆုံတွင်းမှာ Pelvic floor အခင်းသဘော ဖြစ်နေတဲ့ ကြွက်သားကြီးရဲ့ အစိတ်အပိုင်းပါ။ ဒီကြွက်သားကြီးကနေ စအို နဲ့ (ဗဂျိုင်းနား) တွေကို ထိန်း-မ-ပင့်တင် ပေးထားတယ်။ ဒါ့ကြောင့် အမျိုးသမီးတွေကိုသာ ဆေးနည်းပေးတာ ဖြစ်ပါတယ်။ ကျားအင်္ဂါနဲ့ အဆက် အစပ်က အတော်ကြီး အမျိုးလိုက်စပ်မှ ရတယ်။

“သူ့ကို လေ့ကျင့်ရင်း Cremaster muscle ဆိုတဲ့ ကျား-ကပ်ပဲ့အိတ်၊ ကျား-အစိနဲ့ ဆိုင်တဲ့ ကြွက်သားကိုပါ လေ့ကျင့်ရာ ရောက်တယ်၊ ယောက်ျားတိုင်းတော့ မလုပ်နိုင်ကြဘူး” တဲ့။ အပြောကတော့ ချောသလား မမေးနဲ့။ “အင်္ဂါ သန်မာစေမယ်၊ သုတ်လွှတ်စောတာ ထိန်းနိုင်မယ်” တဲ့။ ကြွက်သား မှန်သမျှ လေ့ကျင့်ပေးရင် သန်လာစေတာတော့ မှန်ပါတယ်။

ကျား-လိင်အင်္ဂါ Penis မှာ Corpora Cavernosa ဆိုတာက လိုအပ်ချိန်မှာ သန်မာလာစေဘို့ ဆောင်ရွက်ပါတယ်။ သူ့မှာ အနုစား-ကြွက်သားတွေ ပါတယ်။ အနုစား-ကြွက်သားကို စိတ်ကနေ ထိန်းမရသလို၊ သန်မာအောင် လေ့ကျင့်ပေးလို့လဲ မရဘူး။ Sexual stimulation လိင်စိတ် နိုးထလာမှသာ အဖြစ်အပျက်တွေ တလှေကြီး ဖြစ်လာတယ်။ သွေးလျှောက်တာ ပိုများလာမယ်၊ ဝင်လာတဲ့ သွေးတွေကို စုပေးထားမယ်၊ သွေးပြန်ထွက်မှာကိုလဲ ထိန်းထားအုံးမယ်၊ အတွင်းဖိအား ဆိုတာ တက်လာမယ်၊ Ischiocavernosus ဆိုတဲ့ ကြွက်သားက ရှုံ့-ကြုံ့လာမယ်။ Kegel exercise ဆိုတာ ဒီ (မာဆယ်လ်) ကို လေ့ကျင့်ပေးရတာပါ။ ဒါကတော့ ဖြစ်နိုင်ပါတယ်။ ခန္ဓာဗေဒကို ခပ်ပေါ့ပေါ့ ရေးသူတွေက ဒီကြွက်သားလို့ တည့်တည့် မပြောကြဘူး။

လိင်အင်္ဂါ နှစ်မျိုး မသုံးဘဲ အာသာဖြေခြင်း (မာစတာဘေးရှင်း) ကြောင့် ကျား-လိင်အင်္ဂါ ပိုမို ကြီးထွား-သန်မာ စေသလား။ ကျွမ်းကျင်သူ ဆိုသူများက စနစ်ကျဘို့ လိုကြောင်း၊ (မာစတာဘေးရှင်း) လုပ်ရတာနဲ့ နဲနဲ မတူကြောင်း၊ ဖါသာ အာသာ-ဖြေဖျောက်မှုက ကျားအင်္ဂါကို အင်ပြည့်-အားပြည့် အနေအထားမှာ ဆောင်ရွက်ရတာ ဖြစ်ပြီး၊ လေ့ကျင့်တာက သန်းမာမှု တဝက် အနေအထားမှာ လုပ်ပါတဲ့။ ပဌမ-ရည်မှန်းချက်အတွက် ပြီးပြီးရော လုပ်တာများပေမဲ့ ဒုတိယ-ပန်းတိုင် အတွက်တော့ စိတ်ရှည်ပါ။ အချိန် (တနေ့ ၁ဝ မိနစ်) ပေးပါတဲ့။

(မာစတာဘေးရှင်း) လုပ်ရတဲ့သူတွေ ဘာအကျိုး-အပြစ်တွေ သက်ရောက်သလဲ။ ပြောကြတယ် “ထိခိုက်စေတယ်။ သုတ်လွှတ် မြန်စေမယ်။ အားယုတ်တယ်။ ဘာ-ညာ”။ တကယ်လို့ တယောက်ထဲ စခန်းသွားတဲ့ အကျင့်မှာ မြန်တဲ့အလေ့ ရှိရင် နှစ်ယောက်တွဲလဲ မြန်တတ်တာ ဖြစ်နိုင်တယ်။ ဒါမျိုး မဖြစ်အောင် အချိန်ယူ နည်းလုပ်ခြင်းဟာ အင်္ဂါ-လေ့ကျင့်ခန်း လုပ်ရာလဲ ကြာစေမယ်လို့ ယူဆနိုင်တယ်။ စိတ်အလိုကို မလိုက်သေးဘဲ Climax မဖြစ်ခင် နားထားရမှာ ပြောတာပါ။ ဆေးပညာအရ (မာစတာဘေးရှင်း) ခဏခဏလုပ်လို့ သုတ်ရည် များမယ်၊ နည်းမယ်၊ ဆီးကြိတ်-ကင်ဆာ ဖြစ်မယ်-မဖြစ်ဘူး၊ ဆိုတာ ကံသေကံမ မပြောနိုင်ပါ။

“စိတ်ကို အားပေးတဲ့ အစားအစာများ နဲ့ သုတ်ပိုးကို အားပေးတဲ့အစာများ” ဆိုတာတွေ ပြောစမှတ်ရှိတယ်။ ဆေးပညာ အရတော့ သတ်မှတ်ထားတာမျိုး မရှိသလောက်ပါ။ ဒီစိတ်ကို အားပေးတဲ့ အစား-အစာတွေကို ဗဟုသုတအတွက် ရေးပါရစေ။

• Celery တရုတ်-နံနံကြီး။ ပြောသူတွေကတော့ “ဒီအရေးအရာ သာမက (ကိုလက်စထော) ပါ နည်းစေတယ်၊ ကင်ဆာကို ကာကွယ်နိုင်တယ်” တဲ့။ (ဟိုးမား) ရဲ့ ခရီးရှည် ကဗျာရှည်ကြီးထဲမှာလဲ Celery ပါခဲ့သေးတယ်။ ဆေးပညာအရ ထောက်ခံချက် ပေးနိုင်တာက ဗီတာမင် K နဲ့ C တွေပါတာ သေခြာတယ်။
• Oysters မုတ်ကောင်ကလဲ နာမယ်ကြီးပါတယ်။ စိတ်ကိုသာမက သုတ်လဲ ပွါးများပါသတဲ့။ အစိမ်းစားရင် ပိုသိသာတယ်၊ သန့်ရှင်းဘို့တော့ မမေ့ပါနဲ့။ စားနည်းလဲ သူများကို မေးပါတဲ့။
• Bananas ငှက်ပျောသီး၊ သူများတိုင်းပြည်တွေမှာက ငှက်ပျောသီးဆို သီးမွှေး အမျိုးအစားသာ သိတာများတယ်။ ဗမာတွေက ကျန်းမာရေးအတွက် ဖီးကြမ်းငှက်ပျောဘဲ ညွှန်းတယ်။ ဂျပန်မှာ ငှက်ပျောသီး Crazy ဖြစ်နေတာ မကြာခင်က ရေးရသေးတယ်။
• Avocado ထောပတ်သီး၊ လိင်စိတ်ကို အားပေးစေချင်သူ ယောက်ျားတွေသာမက အမျိုးသမီးတွေလဲ စားပါတဲ့။ Vitamin K, Potassium, Vitamin B6, Vitamin C တွေ ပါတာ သေခြာတယ်။
• Almonds ဗာဒံစေ့၊ အစေ့-အဆံတွေရဲ့ အစွမ်းကို နှလုံးရောဂါအတွက်ပါ ရေးကြ-ပြောကြတယ်။ ကျား-ဟော်မုန်း ကိုလဲ အားပေးလို့ ဒီအနံ့ပါတဲ့ ဖရောင်းတိုင်းထွန်းပြီး၊ ကုတင်ဘေးမှာ Almonds ပန်းကန် ထားပါတဲ့။
• Mangoes သရက်သီး၊ ဒီအရေး အားပေတာ သေခြာတယ် ပြောတယ်။ LDL (ကိုလက်စထော) ကျစေတယ်။ Manganese, Copper နဲ့ ဗီတာမင် ဘီ ၂ တွေ ပါတယ်။
• Eggs ကြက်ဥ။ ဗမာတွေလဲ ယုံကြ-လက်ခံကြတယ်။ မတူတာက အစိမ်းသောက်တာ ထူးတယ်လို့ သူများတွေက သိပ်မယုံဘူး။ Libido ဒီစိတ်မှာ အရေးပါတဲ့ ဗီတာမင် B5 and B6 တွေ ပါတယ်။
• Liver အသဲ။ ဒီကိစ္စအတွက်တော့ ကျွမ်းကျင်သူများလို ဟုတ်-မဟုတ် မပြောတတ်ဘူး၊ Glutamine ဆိုတဲ့ ခုခံအား၊ သွေးအား ကောင်းတာတွေ ပါတယ်။ ဂေါက်ရောဂါရှိသူအတွက်တော့ မကောင်းဘူး။
• Chocolate ချော့ကလက်။ အကောင်းစားက ကောင်းစေပါသတဲ့။

Q: ဆရာခင်ဗျား Masters and Johnson method ဂျွန်ဆင်နည်းစနစ်၊ Kegel exercises ကြွက်သား လေ့ကျင့်ခန်းများ ဆောင်းပါးထဲက လေ့ကျင့်ခန်းဟာ လိုသလောက် ဆွဲထားနိုင်တဲ့အတွက် သုတ်တွေကို ထိန်းထားသလို ဖြစ်မနေဘူးလား။ သုတ်တွေ အတွင်းမှာ ခဲတာ (သို့) အခြားအန္တရာယ်များ ရှိနိုင်မလား။ သုတ် မထွက်အောင် လက်နဲ့ ဖြစ်ဖြစ် အကြောကို ထောက်ပြီး ပိတ်ထားမိရင်ရော ရောဂါရနိုင်ပါသလား။

A: သုတ်ရည်က အထဲမှာ မခဲနိုင်ပါ။ လက်နဲ့ ပိတ်ထားလို့ မရနိုင်ပါ။ စိတ်နဲ့သာ ထိန်းနိုင်ပါတယ်။ တကယ် လွှတ်ချင်လာရင် အဲဒီစိတ်ကို ထိန်းမရတော့ပါ။ Spinal reflex အလိုအလျှောက်-တုံ့ပြန်မှုကနေ ဖြစ်တာမို့ပါ။ မလွှတ်သေးအောင်တော့ ထိန်းနိုင်ပါတယ်။ ဒါပေမဲ့ ထိန်းတဲ့ကြားက တစက်လောက် ထွက်ရင် ကိုယ်ဝန် ရစေတာမို့ မိသားစု စီမံကိန်းနည်းတွေထဲက သုတ်ရည် ပြင်ပစွန့် ထုတ်နည်းဟာ ၁၅-၂၈% ကိုယ်ဝန်ရတယ်။ လဖက်ရည်ဇွန်း တဝက် (၂့၅ စီစီ) မှာ သုတ် ကောင်ရေ သန်း ၅ဝ ပါတယ်။

သင်ရ-လေ့လာရတဲ့ ဆေးပညာအလိုအရ Professional advice ပေးပါ့မယ်။ ကြိုက်ရင် ယူပေါ့။ လေ့ကျင့်ခန်းရော အစာအာဟာရပါ အန္တရာယ် ဖြစ်စရာ မတွေ့ပါ။ ဒါလုပ်လို့၊ ဒါစားလို့ ပိုကောင်းမယ်လို့ ယုံကြည်မှုကိုနှိုက်က တဝက် ကောင်းနေပြီ မဟုတ်ပါလား။

Fri, May 4, 2012 at 12:23 PM
ဆရာ ရေးသားတဲ့ Kegel exercises for Men ယောက်ျားများ စိတ်ဝင်စားကြသည် စာစောင်မှာ exercises ဘယ်လိုဘယ်ပုံ လုပ်ရလဲဆိုတာ ကျနော် မတွေ့မိပါဘူး။ ကျနော်ပဲ မျက်စိလျှမ်းတာ နေမှာပါ။

• ဆီးသွားနေချိန်မှာ ဆီးမကုန်သေးခင် ရပ်ဘို့ကြိုးစားကြည့်ပါ။ အဲလို ကြိုးစားရင် ညှစ်ရ-တင်းရတဲ့ ကြွက်သားတွေဟာ ဘာတွေလဲလို့ သိလာမယ်။
• အဲဒီ ကြွက်သားတွေကို တကယ် ဆီးမသွားဘဲ နေရင်း၊ ထိုင်ရင်း ညှစ်လိုက်၊ လျှော့လိုက် လုပ်တာဖြစ်ပါတယ်။
• ဒါက အမျိုးသမီးတွေအတွက် အကုန်ပါဘဲ။
• အမျိုးသားတွေဆိုရင်လဲ မကွာပါ။ ကိုယ့်လက်နဲ့ကိုယ် ကိုင်တွယ်လို့ ရတဲ့နေရာတွေကို တင်းချီ-လျှော့ချီ လုပ်နိုင်သေးတယ်။ ဆုပ်နယ်ပြီး သန်မာစေအောင်လဲ လုပ်ပေးနိုင်သေးပါတယ်။
ဆရာရေးတဲ့ (လူပျိုဖြစ်ပြီ) မှာ ရေးထားတဲ့ နို့သီးဝိုင်းဟာ ပန်းရောင်၊ အညိုရောင် မတူကြဘူး။ အပျိုစစ် နေသ၍ (ကိုယ်ဝန် မဆောင်ဘူး သေးချိန်အထိ) ထိပ်ဖျားမှာ ပန်းရောင်လေး ရှိနေရမယ်။ အဲဒါ မိန်းကလေး အကုန်လုံးကို ပြောတာပါလား။ ထိပ်ဖျားမှာ ပန်းရောင်မရှိတဲ့ မိန်းမတိုင်းဟာ အပျို မစစ်တာလား ဆရာ။ အညိုဖြစ်နေရင် အပျိုမဟုတ်တော့ဘူးလား။ အဲဒါလေး သေချာအောင် သိချင်လို့ပါ။

ရင်သား အရောင်ကို ပြောရင် နှစ်နေရာမှာ ပြောဘို့ လိုတယ်။ Areola နို့အရောင်ရင့်အဝိုင်း နဲ့ Nipple နို့ထိပ်ဖျား။ နှစ်ခုလုံးက Virginity အပျိုရည်နဲ့ ဘယ်လို ဆက်စပ်သလဲ။ အပျိုစစ်တယ်ဆိုတာ ဘာလဲ။

ခန္ခာဗေဒက “In the virgin the areola is of a delicate rosy hue” လို့ ဆိုပါတယ်။ ဘာသာပြန်ရင် “အပျိုဘဝမှာ နို့အလည်ဝိုင်း (အေရီယိုလာ) ဟာ နှင်းဆီသွေး အရောင်ရှိတယ်” လို့ ပြောတာပါ။ ကိုယ်ဝန် ၂ လရှိတာနဲ့ အရောင်က ရင့်လာပြီး၊ Dark brown or even black color ညိုမဲမဲကနေ အနက်ရောင်အထိ ဖြစ်တယ်။ ကလေး နို့ဖြတ်ချိန် နောက်ပိုင်းမှာ အရောင် ပြန်လျှော့ ကျလာတယ်။ ဒီလို အရောင်အပြောင်းအလဲဟာ ပဌမဆုံး-ကိုယ်ဝန် ရှိတယ်-ရှိဘူးတယ် ဆိုတာကို ဆုံးဖြတ်ရာမှာ အသုံးဝင်ပါတယ်။

အပျိုစစ်စစ်ရော လူပျိုစစ်စစ်ပါ Virgin လို့ဘဲ ခေါ်တယ်။ အဓိပ္ပါယ် ဖွင့်တာ မတူကြပါ။ အများစုကတော့ “မိန်းကလေး တယောက် သူ့ဘဝမှာ ပဌမဆုံးအကြိမ် မိန်းမအင်္ဂါ (ဗဂျိုင်းနား) ထဲကို ကျားအင်္ဂါ (လိင်တံ) ထိုးသွင်းပြီး၊ လိင်ဆက်ဆံတာ တွေ့ကြုံဘူးလိုက်တာနဲ့၊ အပျို မစစ်တော့ဘူး။” “ယောက်ျားလည်း အဲလို အတွေ့အကြုံရှိဘူးတာနဲ့ လူပျို မစစ်တော့ဘူး။” လို့ နားလည်၊ လက်ခံထားကြတယ်။ (လိင်တူ-ဆက်ဆံတာကို ဒီနေရာမှာ ချန်ထားပါရစေ။)

ဘယ်လို ခေါ်ခေါ်ပါ၊ အခြေအနေ အမျိုးပေါင်း များစွာ ဖြစ်နေနိုင်တယ်။ အပျိုစစ်စစ်၊ လိင်ဆက်ဆံဘူးပေမဲ့ အိမ်ထောင် မကျသေးသူ၊ လိင်ဆက်ဆံတာ များလှပေမဲ့ ကိုယ်ဝန်မရဘူးသူ၊ ကလေး မမွေးဘူးသူ၊ ကိုယ်ဝန်ရှိလို့ ပျက်-ဖျက်ဘူးပြီး၊ အိမ်ထောင်မရှိ၊ ကလေးမရှိသူ၊ ဗမာတွေက တခုလပ်၊ တလင်ကွာ၊ မုဆိုးမ ခေါ်ကြပေမဲ့ သူများဆီမှာ ယောက်ျား မရှိရင်လဲ (ဆင်ဂယ်လ်) ဘဲ၊ ယောက်ျား မယူဘဲ ကလေးရသူကို (ဆင်ဂယ်လ်-မားသား)။ ဦးစားပေးတောင် ခံရမယ်။ ရှိသေးပါတယ် အအိုပေမဲ့ ပျိုအောင် လုပ်ထားသူဆိုတာ ကလေးမွေးပြီး မ-အင်္ဂါကို ခွဲစိတ် ပြုပြင်ထားသူ၊ အပျိုမြှေး အသစ်ပြုပြင်ထားသူ၊ ဒါ့အပြင်လဲ ရှိချင် ရှိအုံးမှာ။

Virginity ပျက်ယွင်းတာကို ဆေးပညာအရ စစ်လို့ ရနိုင်ပါတယ်။ Rape အဓမ္မပြုကျင့်လို့ ရာဇဝတ်မှု ဖြစ်ရင် ဆရာဝန်ဆီ ခေါ်လာရတယ်။ ဆေးစစ်ရာမှာ (၁) Rape အထမြောက်-မမြောက်၊ ယောက်ျား သုတ်ပိုး ပေကျန်နေတာ လိုက်ရှာပြီး၊ ဓါတ်ခွဲအတည်ြ့ပုချက် ယူပေးရတယ်။ (၂) အသက်ငယ်ရင် အသက် ပြည့်-မပြည့်ပါ စစ်ရသေးတယ်။ (၃) ထိခိုက် ဒဏ်ရာတွေ ရှိ-မရှိ ကြည့်ရတယ်။ (၄) တကယ်လို့ ခံရသူဟာ အပျိုဖြစ်ခဲ့ရင် အပျိုရည် ပျက်တဲ့ အချက်ပါ ကြည့်ရတယ်။

လိင်ဆက်ဆံဘူးတာနဲ့ ရင်သားအရောင် မပြောင်းလဲသေးပါ။ ရာသီဖြစ်စဉ်က ရင်သားကို တစုံတရာ သက်ရောက်စေတယ်။ တင်းတာ၊ နာတာမျိုး ဖြစ်တတ်တယ်။ အသက်ရလာရင် အဝိုင်းရော ထိပ်ဖျားပါ အရောင် ရင့်လာတယ်။ ကိုယ်ဝန်ရှိတယ် ဆိုတာနဲ့ ပြောင်းလဲတာတွေ တလှေကြီးထဲမယ် ရင်သား ပြောင်းလဲတာလဲ ပါတယ်။ ရင်သား ထိပ်ဝိုင်း အရောင် ရင့်လာပြီး၊ နို့သီး-ထိပ်ဖျားက အရောင်လဲ ပြောင်းတယ်။ “အသားအရောင် ဖြူဖြူ၊ ညိုညို၊ နို့သီး-ထိပ်ဖျား အလည်လောက်မှာ ပန်းရောင် စက်ကလေး ရှိနေရင် ကိုယ်ဝန် မဆောင်ဘူးသေးသူ” လို့ ပြောနိုင်ပေမဲ့၊ ပန်းရောင် မတွေ့ရရင် အပျို မဟုတ်ဘူးလို့ အရင်ထုတ် ဆေးစာအုပ်တွေက ဆိုပေမဲ့ ရာနှုန်းပြည့် မမှန်ပါဘူးတဲ့။

ယောက်ျားတွေမှာ အသက်ကြီးလာလို့ ဟော်မုန်း အချိုးအစား ပြောင်းချိန်မှာ နို့အုံက မိန်းမတွေလို ကြီးလာရင် Gynecomastia လို့ ခေါ်တယ်။ Testosterone ဟော်မုန်း နည်းလာလို့ပါ။

“နို့” ဟာ Mammals နို့တိုက်သတ္တဝါ အထီးမှာ ပါတယ် ဆိုယုံသာ မြင်ရပြီး၊ အမမှာတော့ သိသိသာသာ၊ ထူးထူးခြားခြား၊ မရှိမဖြစ် အသုံးဝင်လှတဲ့ မျိုးပွားခြင်းဆိုင်ရာ အင်္ဂါတခု ဖြစ်ပါတယ်။ Breasts ကို Mammary Gland လို့ခေါ်တာက Milk နို့ရည် ထုတ်ပေးတဲ့ အိတ်လို့ ပြောတာပါ။ ဘယ်လောက် လေးတယ်၊ တင်းတယ်၊ ပြော့တယ်၊ ဘယ်ပုံပန်း ရှိတယ်ဆိုတာ အတော်ကြီး မတူကြပါ။ အစက ကမ္ဘာလုံးခြမ်း လိုရှိရာကနေ ကြာရင် ခေါင်လောင်းပုံ ဖြစ်လာတယ်။ ကိုယ်ဝန်ဆောင်ရင် သိသိသာသာ ပိုကြီးပြီး၊ ကလေး နို့တိုက်နေချိန်မှာ အကြီးဆုံး။ များသောအားဖြင့် ဘယ်ဘက်က ပိုကြီးတယ် ဆိုတာကို ဆေးပညာကရော အရပ်စကားပါ ထပ်တူကြတယ်။ နို့အင်္ဂါဟာ လုံးဝန်းတယ် ဆိုပေမဲ့ တိတိကျကျ ပြောရင် အထက်-ဘေးဘက်၊ ချိုင်းဘက်ဆီ နဲနဲ ပိုရှည်ထွက်နေတယ်။ ဆေးစာမှာ Tail of breast အမြီးလို့ ခေါ်တယ်။

Nipple နို့သီးမှာ ပြွန်ပေါက်လေးတွေ ၁၅-၂ဝ ရှိတယ်။ Nipple piercing လုပ်ရင် အဲဒါတွေ ပျက်စီးစေတယ်။ Nipple ဟာ ဆလင်ဒါပုံ၊ ကတော့ပုံနဲ့၊ ၁ဝ မီလီမီတာ မြင့်တယ်။ သူ့ကို ဆွပေးရင် သန်မာမှု Erection ဖြစ်နိုင်တယ်။ နို့သီးထိပ်ကို ဆွလို့ သန်မာမှု ဖြစ်ရတာက Erectile tissue ကြောင့် မဟုတ်ပါ။ ကြွက်သားနု Smooth muscle ကြောင့် ဖြစ်ရတာပါ။ ကြက်သီး-မွေးညင်းထတာမျိုး၊ ရာသီဥတု အေးရင် ဖြစ်ရတာမျိုးလိုပါဘဲ။ လိင်စိတ်ကြောင့်လည်း ဖြစ်ပါတယ်။ မင်းသမီးကို အဲဒီ နေရာကို ရေခဲ အကပ်ခိုင်းပြီး ချစ်ခန်း-ကြိုက်ခန်း ရိုက်ရတယ်။ နို့စို့နေရင်လည်း ဖြစ်တယ်။ ဒီနှစ်မျိုးလုံးက Oxytocin ဟော်မုန်းကြောင့်ပါ။ တချို့မှာ ဒီလို ဆွပေးတာနဲ့ဘဲ Orgasm လိင်စိတ်ပြည့်ဝခြင်း ဖြစ်နိုင်တယ်လို့ ပြောတယ်။

နို့သီးအခြေ အရောင်အရင့် အဝိုင်းကို Areola ခေါ်တယ်။ သူ့အပေါ်မှာ တခြားနေရာက ချွေးထွက် အိတ်တွေထက် ပိုကြီးတဲ့ အိတ်လေးတွေ ရှိပြီး၊ အဆီထုတ်ပေးတာမို့ ကလေးနို့စိုနေတုံး အကာကွယ် ပေးရာကျတယ်။ Nipple က Pink ပန်းရောင် ဒါမှမဟုတ် Brownish hue ခပ်ညိုညို အရောင် ဖြစ်တယ်။ ပန်းရောင်က ပိုလှတယ် ပြောရင် "မဟူရာ" မလေးတွေက ကလောတယ်။ "ပန်းရောင်ဘဲ ကြိုက်ရင် ဝက်မကြီးဆီ သွားပါလား" တဲ့။

(အေရီယိုလာ) က အရောင် မတူကြသလို အရွယ်အစား သာမက ပုံပန်းလဲ မတူကြပါ။ အများဆုံးက စက်ဝိုင်းလို ရှိကြပေမဲ့ Elliptical ဘဲဥပုံလည်း ရှိသေးတယ်။ ယောက်ျားတွေမှာ အချင်း ၁ လက္မရှိကြပြီး၊ မိန်းမတွေက ၁့၂ ကနေ ၄ လက္မအထိ ရှိကြတယ်။ ဒီအဝိုင်းက ဘာလို့ပါတာလဲကို မှန်းပြောတခုရှိတယ်။ နို့ဆာတဲ့ကလေး ရှာရတာ လွယ်အောင်တဲ့။ မဟုတ်နိုင်ပါ။ ကလေးဆိုတာ မွေးကတည်းက သူ့ပါးကလေးကို တခုခုနဲ့ ထိလိုက်တာနဲ့ နို့မှတ်ပြီး၊ ခေါင်း လှည့်လာမယ်။ နို့ရှာရာမှာ မျက်စိ မလိုပါ။

ကိုယ်ဝန် မဆောင်ဘူးသူ တချို့မှာ Breast နဲ့ Areola အရောင် အတော်နီးစပ်အောင် တူနေတတ်တယ်။ အိမ်ထောင်ရှိပေမဲ့ ကိုယ်ဝန် မဆောင်ဘူးသူနဲ့ အပျိုဘဝမှာ အခန့်မသင့်လို့ မှားယွင်းမိတာမို့ ဖျက်ဆေးသောက်ရသူတို့ ရင်သား အရောင် မတူကြပါ။ သူငယ်ချင်းတွေ ပြောကြ-ငြင်းကြတာတခု ရှိတယ်။ မိန်းကလေး တယောက်မှာ နှုတ်ခမ်း အရောင်နဲ့ နို့သီးဖျား အရောင်က တူကြသတဲ့။ “မရွှေတိကျ” က လာသေးတယ်၊ အပေါ် နုတ်ခမ်း အရောင်နဲ့သာ တူတာပါတဲ့။

မွေးကာစ ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် နို့ရည်ထွတ်တာ မ-ဟော်မုန်း သတ္ထိအရ ဖြစ်တယ်။ နို့ဆိုတာ ၂ ခုထဲလို့ သိကြပေမဲ့၊ တချို့မှာ ၂ ခုမက ရှိတတ်တယ်။ ဗိုက်ထဲ နေတုံးကတည်းက ရှိခဲ့တာပါ။ မင်းသား Mark Wahlberg တို့ အဲလီဇဗက် (၁) ရဲ့မယ်တော် Anne Boleyn တို့မှာ တတိယနို့ ရှိကြတယ်။ ဂျမ်းစ်-ဘွန်း ရုပ်ရှင် “ရွှေသနတ်နဲ့လူ” ထဲက လူဆိုးဆရာကြီး Francisco Scaramanga မှာလည်း အဲလို အပိုရှိတာကို ပြသေးတယ်။

လမ်းလျှောက်ရင်း၊ ပြေးရင်းကနေဖြစ်တဲ့ အခြေအနေတခုကို Jogger's nipple လို့ ခေါ်တယ်။ နို့သီးအဖျား နာ၊ ခြောက်၊ အနေရခက်၊ သွေးထွက်တာမျိုး ပြောတာပါ။ ဝတ်ထားတဲ့ အဝတ်အစားနဲ့ ပွတ်တိုက်မှုကြောင့် ဖြစ်ရတယ်။ ဒါ့ကြောင့် အတွင်းခံ မပါဘဲ ပြေးပါတဲ့။ ရှက်တတ်ရင်တော့ တထပ်ထဲ ခပ်ချောင်ချောင်သာ ဝတ်ပါတဲ့။ မြင်ကြရင်လဲ ကျန်းမာရေးအရ ဝတ်ကြတာလို့ သိထားလိုက်ပေါ့။

ယဉ်ကျေးမှု မတူရင် တန်ဘိုးထားမှု ကွဲပြားတယ်။ အံ့သြရလောက်အောက် မတူတာတွေ ရှိတယ်။ ဟောလိဝုဒ် ရုပ်ရှင် တခုမှာ အသက် ၁၈ နှစ်လဲ ပြည့်ပြီ၊ ကောလိပ် သွားရတော့မယ်၊ Virgin ဘဝနဲ့ မသွားချင်ဘူးလို့ မင်းသမီးလေးကို အပြောခိုင်းတယ်။ သူ့စရိုက်နဲ့သူ ကိုက်ပါတယ်။ သတို့သမီးကို စစ်သလား ဘယ်သူကမှ မမေးဘူး။ တထောင့်တည ပုံပြင် တခုထဲမှာ သမီးရဲ့ မင်္ဂလာဦးမှာ ဖအေ လုပ်သူက အော်တဲ့အသံကို နားစွန့်နေသတဲ့။ မအေက မနက်ကျရင် အိပ်ရာခင်း သွေးစွန်းတာ လိုက်ရှာသတဲ့။ သူများတွေ လက်ညှိုး ထိုးမနေနဲ့ ပုဂံခေတ်မှာ ပန်းဦးလွှတ်ထာ မလုပ် မနေရတဲ့။

ယောက်ျားနဲ့ ပဌမဆုံး ဆက်ဆံချိန်မှာ သွေးထွက်တာဖြစ်ရင် အပျိုစစ်တယ်။ သွေးမထွက်ရင် အပျိုမဟုတ်ဘူးလို့ မပြောဘဲ အပျိုမြှေး မရှိသူဖြစ်တယ်လို့ ပြောလာကြတယ်။ အဲဒီသွေးက အပျိုမြှေး စုတ်ပြဲသွားလို့ ထွက်တာကိုး။ တခြားကြောင့် သွေးထွက်တာတွေလဲ ရှိပါတယ်။ Endometritis, Yeast, Infections, Cervical Dysplasia, Vaginitis, Cervical Polyps, Chlamydia, Gonorrhea & other STDs ရောဂါတခုခု ရှိနေရင်လဲ သွေးထွက်နိုင်တယ်။ လိင်ဆက်ဆံလို့ မဟုတ်ဘဲ အပျိုမြှေး စုတ်ပြဲစေနိုင်တဲ့ အကြောင်းတွေလဲ ရှိတယ်။ စက်ဘီးစီး၊ မြင်းစီး၊ ထိခိုက်ဒဏ်ရာရ၊ (မာစတာဘေးရှင်း) လုပ်၊ ဆေးစစ်တုံးက ကရိယာထည့်လို့။

အပျိုစစ် လက္ခဏာဆိုတာတွေကို ဆေးပညာအရ ပြောပါဆိုရင် -
• ရင်သား၊ တင်းနေမယ်၊ လုံးဝန်းပြီး ဆန့်နိုင်-ကြုံ့နိုင်တယ်၊ နို့သီးထိပ်က မာတင်းတင်း၊ အောက်ခြေ အဝိုင်းက ပင်ကိုယ်အသားအရောင် လိုက်ပြီး ပန်းရောင်ကနေ ညိုမဲမဲနေမယ်၊ နိုးသီးအဖျားမှာ ပန်းရောင်အစက်ရှိမယ်၊
• မိန်းမကိုယ် အပြင်နုတ်ခမ်းသား လုံးဝန်းပြီး၊ ဆန့်နိုင်-ကြုံ့နိုင်တယ်၊ နုတ်ခမ်းသား နှစ်ဖက် ထိကပ်နေမယ်၊ အတွင်းနုတ်ခမ်းသား နဲ့ မ-အစိတွေကို လုံးဝ ဖုံးအုပ်နေမယ်၊
• မိန်းမကိုယ် အတွင်း-နုတ်ခမ်းသား ပန်းရောင်ရှိမယ်၊ ထိရင် သိလွန်းတယ်၊
• မ-အစိ Clitoris သေးငယ်တယ်၊
• အတွင်း-နုတ်ခမ်းသားနှစ်ခုကို ဘေးဖယ်ကား ကြည့်တဲ့အခါ မြင်နိုင်တဲ့နေရာ Vestibule ကျဉ်းတယ်၊
• မိန်းမကိုယ် အောက်ဖျား အလယ်နေရာ Fourchette အကောင်းပကတိ ရှိနေတယ်၊
• မိန်းမကိုယ် အောက်ဖျား အလယ်နေရာရဲ့ဆုံချက် Posterior commissure အကောင်းပကတိ ရှိနေတယ်၊
• ဗဂျိုင်းနား Vagina ကျဉ်းတယ်၊
• ဗဂျိုင်းနားကို ဖုံးထားတဲ့အလွှာ အရောင်က နီတယ်၊ ထိရင် သိလွန်းတယ်၊ ဘေးနှစ်ဖက် ထိကပ်နေတယ်၊
• အပျိုမြှေး Hymen အကောင်း ပကတိ ရှိနေတယ်၊ လက်ချောင်း တချောင်းစာထက် ပိုမဆံ့ဘူး၊ နုတ်ခမ်းသားက စုတ်ပြဲသလို မဟုတ်ရဘူး၊ တိတိကျကျ ဖြစ်နေရမယ်။ ဆရာဝန်ပြောတာထက် ကိုယ့်ကိုယ်ကို အသိဆုံး ဖြစ်ကြမှာပါ။


  ဆရာရဲ့အပျိုတကယ်စစ်ပါတယ်ကို ဖတ်ရပါတယ်ရှင့်။ အဲဒီထဲမှာ အပျိုစစ်ရင် နို့သီးအဖျားမှာ ပန်းရောင်အစက်ရှိမယ်လို့ ပြောထားတာ ဖတ်ရပါတယ်။ သမီးကမြန်မာနိုင်ငံမှာနေတာပါ၊ အပျိုပါရှင့်၊ အိမ်ထောင်မရှိသေးပါ၊ ချစ်သူရှိပါတယ်။ သို့သော် ချစ်သူနဲ့တူ တူမနေဖူးပါ။ အပြန်အလှန် စည်းစောင့်ပါတယ်။ အသက်က (၂၈) နှစ်ပါ။ ဒါပေမယ့် ဆရာပြောသလို နို့သီးအဖျားမှာ ပန်းရောင်အစက်မရှိပါဘူးဆရာ။ နို့သီးအောက်ခြေအ၀ိုင်းနဲ့ နို့သီးရောနို့သီးထိပ်ရော ညိုမဲမဲပါဆရာ (ညိုတာထက် မဲတဲ့ဖက်ကို ပိုရောက်ပါ တယ်ဆရာ)။ အဲဒါဘယ်လိုကြောင့် ဆိုတာ သိလိုပါတယ်ဆရာ။ အပျိုတိုင်း ပန်းရောင်အစက်ပါရမှာလားဆရာ။ သမီးသူငယ်ချင်းမ တစ်ယောက်ရဲ့နို့ကို မြင်ဖူးတယ်ဆရာ။ သူ့နို့သီးက ပန်းနုရောင်လိုမျိုးရှင့်။ ဘာကွာသလဲဆိုတာ သိလိုပါတယ်။ တကယ်လို့ ညိုမဲမဲ ဖြစ်နေတဲ့ နို့သီးကို အရောင်လှအောင် လုပ်လို့ရရင်လည်း နည်းလမ်းပေးစေလိုပါတယ်ရှင့်။

ဆရာရေးတဲ့စာ (၃) ပုဒ်လုံးကို ဖတ်ဖြစ်သလား မသိပါ။ နောက်ရေးထားတာ ပို့လိုက်ပါတယ်။

နို့ထိပ်ဖျားမှာ ပန်းရောင်စက်ကို အပျိုစစ်တိုင်းမှာ မတွေ့နိုင်တာ ဟုတ်ပါမယ်။ ဆေးစာရေးရင် အကိုးအကား ရှိမှသာ ရေးလို့ရပေမဲ့ ကိုးကားတာကလဲ ပြည့်စုံမှန်ကန်ဘို့ လိုပြန်သေးတယ်။

အပြင်ပမ်း အသားအရေ လတ်နေပေမဲ့ အပျိုတွေမှာလဲ နို့အဝိုင်းက အရောင်ရင့်နေတာလဲ ရှိတယ်လို့ ဆေးကုသမှု အတွေ့အကြုံအရ သိရတယ်။

လူတိုင်းမှာ ဘယ်နေရာက အသားရောင်ဖြစ်ဖြစ် ရောင်ချယ် (မယ်လင်နင်) အနည်း အများ အပေါ်မှာ မူတည်တယ်။ ရင်သားနေရာကြ နောက်ထပ် တိုးသေးတယ်လို့ ဆရာယူဆတယ်။ ဟော်မုန်းတန်ခိုး ဖြစ်တယ်။

ရင်သားကို အရောင်ပြောင်းလဲစေတဲ့ ဟော်မုန်းတွေဟာ ကိုယ်ဝန်ဆောင်ဖြစ်စဉ်၊ ကလေးဖွါးဖြစ်စဉ်တွေကနေ ဖြစ်တယ်။ ဟော်မုန်းပါ တားဆေး-တားနည်းတွေကနေလဲ သက်ရောက်သေးတယ်။

အပျိုဆိုတာလဲ ဘယ်လို အပျိုဆိုတာ ရှိသေးပြန်တယ်။ တချို့ ကိုယ်ဝန်ပျက်သွားတာ မသိလိုက်သူ၊ ကိုယ်ဝန်ကို ဖျက်လိုက်သူတွေလဲ အပျိုဘဲ ခ်ါကြတာ မဟုတ်လား။

“ပန်းရောင်ရှိရင် အပျိုဖြစ်နိုင်ပေမဲ့ ပန်းရောင်မဟုတ်တိုင်း အပျိုမဟုတ်ဘူး ပြောမရပါ” လို့ စာတပုဒ်မှာ အချုပ်ရေးခဲ့တယ်။ ဆက်ဆံမှုရှိယုံနဲ့တော့ နို့အရောင်ကို ပြောင်းမသွားစေပါ။ ဒီတော့ “နို့ထိပ်က ပန်းရောင် မပျောက်တိုင်းလဲ အပျိုခေါ်မရလို့ ယူဆနိုင်ပါတယ်။”

ဒီအရေးမှာ ကာယကံရှင်က ဆရာဝန်ထက် ပိုသေခြာပါမယ်။ သွေးစစ်ရတာမျိုး (ဒီအင်န်အေ) စစ်ရတာမျိုးကြ ဆရာဝန်ကို ညာလို့ မရဘူး။ အဲလိုစစ်လို့ မရတာဆိုရင် ဆရာဝန်တွေပါ အညာခံကြရနိုင်တယ်။

အပျိုမှေးကိုသာ ပြင်ပေးတဲ့နည်းရှိပြီး၊ နို့သီးအဖျားကို ပန်းရောင်ဖြစ်အောင်လုပ်တဲ့နည်း ဆရာတော့ မတွေ့ဘူးသေးပါ။
                                             ကျော်မိုးလွင်




0 comments:

Post a Comment

 
Top