မြန်မာနိုင်ငံအတွင်းမှီတင်းနေကြသော တိုင်းရင်းသားမျိုးနွယ်စုများသည် မြတ်ဗုဒ်ဓ၏ တရားတော်တို့ကိုကျင့်သုံး
နေထိုင်လာခဲ့ကြသည်မှာ  ကြားမြင့်ခဲ့ပေပြီး မြန်မာလူမျိုးများ၏  ရိုးရား. နေမှု. ထိုင်မှု. စားမှု . သောက်မှုများ
အားလုံးသည် မြတ်ဗုဒ်ဓ၏  အေးချမ်းသော တရားတော်တို့မှ ဆင်းသက်လာသော နေထိုင်မှုများဖြစ်လေသည်
မြတ်ဗုဒ်ဓသည်  သတ္တ၀ါအားလုံးကို ပစ္စုပ်ပ်ပန်သံသရာ နှစ်ဖြာကောင်းကျိုးတို့ကို  လိုလားစွာဟောကြားတောမူ
ခဲ့ပါသည် ဆရာကတပည့်အပေါ်မှာ ပြုကျင့်ရမည့်ဝတ္တရား .တပည့်ကလည်းဆရာအပေါ်လိုက်နာပြုကျင့်ရမည့်
ဝတ္တရား .မိဘကသားသမီးအပေါ် .သားသမီးကလည်းမိဘအပေါ်လိုက်နာပြုကျင့်ရမည့် ၀တ္တရားစသည် စသည်
ဖြင့် များစွာသောလူ့အဖွဲ့စည်းကြီး လက်ငင်းချမ်းသာစေရေးမှစ၍ နိဗ်ဗာန်သို့ရောက်စေနိုင်သော တရားများကို
ဟောပြောလမ်းညွှန်ပေးခဲ့ပါသည် .မြန်မာလူမျိုးများနှင့် ဗုဒ်ဓဘာသာသည် မည့်သို့မျှခွဲခြား၍မရ .နွားနို့နှင့်ရေ
ကဲ့သို့ ယှဉ်စပ်ဒွန်တွဲနေပါသည်. လူမျိုးပျောက်လျှာင် ဘာသာလည်းပျောက်မည်  ဘာသာပျောက်လျှင် လူမျိုး
လည်းပျောက်ကွယ်သွားနိုင်ပါသည် ၊လူမျိုးကလည်းဘာသာကိုစောင့်ရှောက် ၊ ဘာသာကလည်း လူမျိုးကိုစောင့်
မှသာလျှင် အချင်းချင်းလက်တွဲညီညီ ဟန်ချက်ညီညီနှင့် ဆက်လက်ထိန်းသိမ်းမှသာလျှင်  အေးချမ်းသော ဗုဒ်ဓ
ဘာသာ မြန်မာနိုင်ငံအဖြစ် ကမ္ဘာပေါ်မှာ ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်နိုင်မည့်ဖြစ်ပါသည် ။
မိဘများ၏တာဝန်
မိဘများသည် မွေးမြူထားသော သားသမီးတို့အပေါ် မျှော်လင့်တောင့်တသော ဆန္ဒငါးမျိုးတို့တွင် ငါတို့၏သား
သမီးများသည် ငါတို့၏မျိုးရိုးမျိုးနွယ်ကို ဆက်လက်စောင့်ထိန်းပြီး ငါ့တို့ကိုးကွယ်သော ဘာသာတရားကို ကြီး
ပွားတိုးတက်အောင် ပြုလုပ်ကြံဆောင်ကြပေလိမ့်မည်  မိဘများမျှော်လင့်ပုံကို မြတ်ဗုဒ်ဓကဆုံးမတော်မူခဲ့ပါ
သည် ၊ထို့နောက်သားသမီးများကလည်း မိဘများအပေါ် ပြန်လေကျေးဇူးဆပ်သောအားဖြင့် လိုက်နာကျင့်
ဆောင်ရမည့် သားသမီးကျင့်ဝတ်များကိုလည်း  ဆက်လက်ကိုးကွယ်ရခြင်း  အမျိုးဘာသာ  သာသနာကို ဆက်
လက်တည်တံ့စေခြင်းတို့ကို လည်း မြတ်ဗုဒ်ဓကဆုံးမဟောကြားတော်မူခဲ့ပါသည် လောကရေးရာ၌ဖြစ်စေ ဓမ္မ
ရေးရ၌ဖြစ်စေ ပစ္စုပ်ပန်တမလွန်ချမ်းသာတို့ကိုဖြစ်စေနိုင်ပါသည် ။
                                                  သမိုင်းပေးတာဝန်
ရှေ့ကလူကြီးများသည် မွန်မြတ်လှသော သာသနာချစ်စိတ်နဲ့ မိမိတို့အမျိုးသားများကို ကာကွယ်စောင့်ရှောက်
ကြတဲ့အတွက် သမိုင်းအဆက်ဆက်မှစ၍ ယခုမျက်မှောက်ခေတ်အချိန်ထိ  မြန်မာနိုင်ငံဗုဒ်ဓဘာသာအဖြစ်နဲ့
ရပ်တည်နေထိုင်လာနိုင်ပါသည်  ရှေ့ကလူကြီးများ  တာဝန်ကျေသလို အနာဂါတ်နှစ်ပေါင်းများစွာတိုင်တိုင်
တည့်တန့်နိုင်ရေးအတွက် လေးလေးနက်နက်စဉ်းစားပြီး သမိုင်းပေးတာဝန်အရ မိမိလူမျိုးနှင့် ဘာသာတရားကို
စောင့်ထိန်းနိုင်ဖို့အချိန်ရောက်နေပေပြီး ၊ ဒီတာဝန်ကိုမြန်မာနိုင်ငံတိုင်းရင်းသားတိုင်း  မဖြစ်မနေနှစ်လုံးသားထဲ
မှာ စွဲစွဲမြဲမြဲ ကျင့်သုံး လိုက်နာရပါလိမ့်မည်.ဒီလိုမှမဟုတ်လျှင်  ငွေရေးကြေးရေး  သို့မဟုတ်  နှစ်လုံးသားရေးကို
အရင်းခံပြီး မိမိရဲ့သတိမထား မဆင်ခြင်တဲ့ ဆုံးဖြတ်ချက်တစ်ခုကြောင်း  အနာဂါတ်အမျိုး၊ဘာသာ၊ သာသနာ
သစ္စာဖောက် သမိုင်းတရားခံ မဖြစ်သင့်ပါ  မိဘတွေကမျှော်လင့်ချက်ကြီးကြီးနဲ့  မျိုးရိုးမပျောက်အောင် မျိုးရိုး
သန့်ရှင်းအောင် သားသမီးများကို  လူမျိုးတူဘာသာတူ သည့် လူတွေနဲ့သာ အိမ်ထောင်ချပေးလေ့ရှိကြပါသည်
မိမိကမြန်မာလူမျိုးဖြစ်ပါလျှက် ဘာသာမတူလူမျိုးခြားကိုယူလို့ ပေါက်ဖွားလာတဲ့သားသမီးများဟာ မြန်မာလူမျိုး
စစ်စစ် မဖြစ်နိုင်တောပါ  ဟိုမရောက်ဒီမရောက် ကပြားလေးတွေဖြစ်ပြီး မျိုးရိုးပျက်စီးသွားကြပြီး နောက်ရေး
စိတ်မအေးရတောပါ  ယနေ့အချိန်သည်မြန်မာနိုင်ငံ၌ စီးပွားရေး နိုင်ငံရေးတွေကို မြှင့်တင်ပြီး ကမ္ဘာနှင့်ရင်
ဘောင်တန်းဖို့ကြိုးစားနေဖို့အချိန်တွေဖြစ်လေသည်  ၊လူမျိုးခြား ၊ဘာသာခြားများ၊  အစုလိုက် အပြုလိုက် ၊
ရင်းနှီးမြှပ်နှံဖို့ မြန်မာနိုင်ငံကိုချိန်ရွယ်နေကြပေပြီ၊  ထို့ကြောင်းဘာသာ လူမျိုးခြားများ၏ အိမ်ထောင်ရေးဥပဒေ
ကို မြန်မာအမျိုးသားများ ၊ အမျိုးသမီးများ ၊ မဖြစ်မနေ သတိထားသင့်ပါသည် ၊  ဘာသာခြားလူမျိုးခြားများက
မိမိတို့ကိုးကွယ်တဲ့ဘာသာက ပြန်ဌာန်းထားတဲ့အိမ်ထောင်ရေး ဥပဒေကို  မော်လမြိုင်မြို့ ၊ ပထမတန်း အမိန်း
တော်ရကြီး  ဦးရွှေသွင်၏သား ပါဠိဆရာ  မောင်ထွန်းမြိုင် (B . A . B . L) ၀တ်လုံနှင့် ဟိုက်စကူးဆရာဖြစ် လက်
မှတ်ရ စီရင်ရေးသားထားသော ( မြန်မာဗုဒ်ဓဘာသာဥပဒေ) စာအုပ်မှ ထုတ်နှုတ်ရေးသားပါသည် မြန်မာတို့
အချင်းချင်း အိမ်ထောင်ပြုသည့်အခါ  ဘာသာတူလူမျိုးတူများအတွက် အလွယ်တကူ အိမ်ထောင်ပြုနိုင်၏ သို့
သော် လူမျိုးကွဲ ဘာသာကွဲများနှင့် အိမ်ထောင်ပြုသောအခါ အလွန်ရှုပ်ထွေး၍ စီရင်ဆုံးဖြတ်ရန် ခက်ခဲပါသည်၊
                                           ဟိန္ဒူဘာသာ
ဟိန္ဒူဘာသာဝင်တို့နှင့်အိမ်ထောင်ကျသော  မြန်မာအမျိုးသမီးများ ပို၍ပင်ကျပ်တည်းလေ၏  မျိုးဇာတ်လေးပါး
တို့တွင် ပါဝင်သော ဟိန္ဒူအမျိုးသားများသည် မိမိနှင့်ဇာတ်တူ မိန်းမများသာ တရားဝင်အိမ်ထောင်ပြုနိုင်၏ 
ဟိန္ဒူဘာသာဘက်ဥပဒေ၌  ၀င်ရောက်ခိုလှုံသောသူများးသည်  မိမိ၏မွေးဖွားရာဇာတိကပင် ဟိန္ဒူဘာသာဝင်
ဖြစ်ရသည်   ဟိန္ဒူဘာသာတို့၏ ဓလေ့ထုံးတမ်းဥပဒေကိုလည်းကောင်း  ဟိန္ဒူဘာသာတို့၏ အယူကိုလည်း
ကောင်း ၊ မကျွမ်းကျင်မသိတတ်ကြသော  ကျွန်တော်တို့ဗုဒ်ဓဘာသာဝင်  အမျိုးသမီးများသည် ဟိန္ဒူဘာသာ
ဝင်အမျိုးသားများကို ယူသည်ရှိသော် မယားအရာမမြောက်၊ အမြှောင်မယားမျှလောက်သာထားပြီး  အမွေစား
မွေခံ စားစရိတ်တို့ကို မထောက်ပံ့ကြပေ။ 
                                                      ခရစ်ယာန်ဘာသာ
ခရစ်ယာန်ဘာသာဝင်များနှင့် အိမ်ထောင်ကျသော မြန်မာအမျိုးသမီးများမှာ  ခရစ်ယာန်အိမ်ထောင်ပြုအက်
ဥပဒေအရ  ထိုဘာသာလူမျိုးတို့ အခင်းအကျင်းအလျှောက်  ခရစ်ဘုရားရှိခိုးကျောင်း၌ အိမ်ထောင်ပြု ရေဇစ္စ
တြာအရာရှိတို့ ရှေ့တွင် ကတိက၀တ်ဖြင့် စုံဖက်ထိမ်းမြားနိုင်သည် .သို့ရာတွင် အရေးကြီးချက်မှာ မြန်မာ
အမျိုးသမီးသည် ကွာရှင်းလိုသော  ခရစ်ယာန်ဘာသာသို့ ကူးပြောင်းလိုက်ပြီးမှ ကွာရှင်းနိုင်ပါသည် ။
                                                          တရုတ်လူမျိုး
တရုတ်လူမျိုးမှာ များသောအားဖြင့် ဗုဒ်ဓဘာသာကို ယူကြသော်လည်း  မြန်မာဗုဒ်ဓဘာသာဥပဒေနှင့် မအုပ်
ချုပ်ရဘဲ တရုတ်ထုံးစံကိုသာ အမှီပြုရ၏ ထိုသူတို့နှင့် တရားဝင်အိမ်ထောင်ဖြစ်မြောက်နိုင်ရန် ရှုပ်ထွေးသော
အခမ်းအနားတို့ကို ဆောင်ရွက်ရခြင်း ၊ နှစ်ဘက်မိဘတို့သဘောတူရခြင်း   တရားဝင်နိုင်သော ဂုဏ်အင်္ဂါ
အရပ်ရပ်နှင့်ပြည့်စုံရခြင်းစသော  ဓလေ့ထုံးစံအမျိုးမျိုးရှိရာ  ၄င်းအချုပ်တို့ကို  တရုတ်လူမျိုးမှသာသိနိုင်ကြပေ
လိမ်မယ့် ၊ ထို့ပြင်အရေးကြီးသောအချက်မှာ  ယောက်ျားဖြစ်သူတရုတ်သည် တရားဝင်မယားအပြင် အမွေဝင်
မယားငယ် အမြောက်အများထားနိုင်ပေသည်၊
                                        အစၥလာမ္ဘာသာ
အစ္စလာမ်ဘာသာဝင်နှင့် မြန်မာဗုဒ်ဓဘာသာဝင် အမျိုးသမီးတို့သည်  မည့်သည့်အခါမျှ တရားဝင်အိမ်ထောင်
မပြုနိုင်ချေ ၊ စီရင်ထုံးတို့တရားရှိ၏  အကြောင်းမှာအစ္စလာမ်ဘာသာအယူကို မယူသောလူသည်  ၄င်းဘာသာ
ဝင်နှင့်အိမ်ထောင်ဘက်စပ်ခြင်း  မပြုနိုင်ဟု ကိုရာန်ကျန်းကဆိုသည်  ၊ထိုဘာသာဝင်သို့ကူးပြောင်းနိုင်မှသာ
လျှင် တရားဝင်အိမ်ထောင်ပြုနိုင်ပေသည်၊ ယခုအခါအစ္စလာမ်ဘာသာဝင်များနှင့်  ပေါင်းဖက်ကြသော မြန်မာ
အမျိုးသမီးတို့မှာ အစ္စလာမ်ဘာသာသို့ ၀င်ရောက်ကြရကုန်၏  ဒီလိုအခြေနေမျိုးမြန်မာအမျိုးသမီးတို့မှာ
ဗုဒ်ဓဘာသာဝင်တို့နှင့် သက်ဆိုင်သော ………………
(၁)နှစ်ပါးစုံပစ္စည်း၌တစ်ဝက်ပိုင်ဆိုင်ခြင်း.
(၂)လင်သေရင်မယား ၊မယားသေရင်လင်  ဟု တစ်ဦးအမွေကိုတစ်ဦးခံထိုင်ခြင်းစသောဥပဒေတို့၏ အပြင်
     ဘက်ကျပြီးကာလ  ကွာရင်းလိုကလည်း ၊မဟာမေဒင်ဥပဒေကို လိုက်နာရသည် ၊မိမိယောကျာ်း၏အယူ
ဝါဒကို မယူမရှိမယုံကြည့်ဟူ၍ ဆင်ခြေဆိုရန် ရုံးတော်တို့ကခွင့်မပြုရကား  မြန်မာအမျိုးသမီးများမှာ များစွာ
ဒုက္ခရောက်နစ်နာ ခံကြရပေသည်၊ အစ္စလာမ်ဘာသာဝင်များက ကွာရှင်းလိုမှု သက်သေများရှေ့တွင် တလက်
တလက်  တလက်  ဟု  သုံးကြိမ်ကြွေးကြော်လိုက်လျှင်  သနားစရာမြန်မာအမျိုးသမီးများမှာ  မယားအရာမှ
လျှော့ကျ၍  မိမိလင်၏ ပစ္စည်းဥစ္စာတွင်  အပ်တိုတစ်ချောင်းမှအစ တစ်ပြားတစ်ချပ်မှ အမွေမရနိုင်ချေ ၊ သို့ရာ
တွင်မြန်မာအမျိုးသမီးများမှာ  ပြန်စပ်လိုလျှင် အစ္စလာမ်ဘာသာမှအပဖြစ်သော  ၀ါဒတစ်ခုခုသို့ကူးပြောင်း
လျှက် အိမ်ထောင်ပြစ်မှုရုံး၌  တရားစွဲဆိုနိုင်ပါသည် ၊  တရားမစွဲလိုမူ အယူပြင်ဆင်ချက်ကို  လင်အားသိစေ
လျှက် အသီးအခြားခွဲခွာနေကြမည်ဖြစ်သည်၊   ထိုအခါလင်ကမယားကို အိမ်ပါမှုမစွဲနိုင်ချေ၊  အကြောင်းမှာအစ္စ
လာမ်ဘာသာဝင် တရားဥပဒေအရ  တစ်ဦးက၀ါဒပြောင်းသည့်နှင့် တစ်ပြိုင်နက်အိမ်ထောင်ပျက်သည်ဟု အဆို
ရှိ၏  အစ္စလာမ်ဘာသာနှင့်ဆန့်ကျင်သောစကားတို့ကို  ရွတ်ဖတ်ရုံမျှနှင့်ပင် ၀ါဒစွန့်ခြင်းကိုရောက်နိုင်၏ ၊ အထက်ကဆိုအပ်ခဲ့ပြီးသောအကြောင်းအရာများကို  ထောက်ထားသဖြင့် မြန်မာတိုင်းရင်းသား ဗုဒ်ဓဘာသာ
အမျီုးသမီများမှာ တစ်သက်တာဘ၀ခရီးကိစ္စ  လေးလံသော အိမ်ထောင်ပြုမှုကြီကို  မဆောင်နှင်းမပြီးမီ အလျှင်
ကြိုတင်၍ ပိုပိုမိုမိုသင့်ထားသင့်သည် သာမက  နောင်သောကာလ၌  အကျိုးနည်းဘ၀ မဖြစ်ရလေအောင် မိမိ
ဥာဏ်နှင့်  တောင်မြောက်လေးပါးစဉ်းစားကြည့်၍  ဘာသာခြားလူမျိုးကွဲတို့ကို ခပ်ဝေးဝေးကင်းအောင်နေမှ သင့်တော်ပါလိမ့်မည်ဆိုပြီးလွန်ခဲ့သော ၁၂၈၇ခုနှစ်ကတည်းက မော်လမြိုင်မြို့မှ ၀တ်လုံနှင့်ဟိုက်စကူးဆရာ
မောင်ထွန်းမြိုင်က ဒီလိုအန္တရာယ်တွေကိုမြင်လို့မှာကြားသတိပေးသွားခဲ့ပါသည်။
                                            အသိမပါ မိအေးနှစ်ခါနာ
အထူးသဖြင့်မြန်မာလူမျိုးများ ဗုဒ်ဓဘာသာအမျိုးသမီးများသည်  မိမိတို့နိုင်ငံနှင့် ဘာသာတရား၊ တရားဥပဒေ
အရာ ကန့်သတ်ထားသော ဘာသာတရေးဥပဒေ ၊နိုင်ငံရေးဥပဒေ၊ ဓမ္မသတ်များကပြဌာန်းထားသည်မရှိသည်
အတွက် လူမျိုးခြား ၊ဘာသာခြားများနှင့် အိမ်ထောင်ကျရာအခါတွင်  များစွာနစ်နာကြရပါသည် ၊ယခုအချိန်ထိ
ဘာသာခြားများနှင့် လပ်ထပ်သောမြန်မာအမျိုးသမီးများ  ဘာမျှအခွင့်ထူး မခံစားကြရပါ ၊  ဥပဒေ၏အားနည်း
ချက် ဟာကွက်ကြောင့် မြန်မာအမျိုးသမီးများ ခံစားကြရသော လူမှုဘ၀ ဒုက္ခဝေဒနာများစွာ ရှိပါသည် ၊ချစ်ကြ၊
ကြိုက်ကြ ၊အိမ်ထောင်အဆင်ပြေနေလျှင်  မသိသာသော်လည်း  သဘောထားကွဲလွဲ အိမ်ထောင်ပျက်ပြားသော
အချိန်မှာ  ခံစားကြရသော မြန်မာမိန်းခလေးးများ  နိုင်ငံအနှံ့အပြားမှာ ဒုနဲ့ဒေးရှိကြပါသည် ၊ဒါတွေကိုမကြေနပ်
သဖြင့် တာဝန်ရှိတဲ့လူတွေက  သက်ဆိုင်ရာများကို တိုင်တန်းကြသောအခါတွင်  ငွေကြေးအရသော်လည်း
ကောင်း ၊ အမှုတပ်၍  တရားစွဲမရသည်ကတစ်ကြောင်း ၊ တရားရေးရာမကျွမ်းကျင်သည်ကတစ်ဖုံ၊ ငွေများတရား
ဆိုသည်က တစ်ဖြာ၊  ကံတရားကိုပုံချသည်ကတစ်သွေ၊  စသည်အကြောင်းအမျိုးမျိုးကြောင်း ၊  အိမ်တွင်းပုန်း
ကြိတ်မှိတ် ခံစားကြရပါသည်၊ကယ်နိုင်မည့်အဖွဲ့အစည်း၊အသိုင်းအ၀ိုင်း၊ ဘယ်ဌာန ၊ဘယ်ဒေသမှ၊မိမိဘက်က
နေ အာမခံကာကွယ်မပေးနိုင်ကြပေ၊ မိမိလက်လှမ်းမီသော ဆရာတော်သံဃာတော်များကို  အကျိုးအကြောင်း
လျှောက်ထားပြီး ၊ အကူအညီတောင်းခံကြရပါသည်၊   အမျိုသမီးများခံစားကြရသောဒုက္ခကို ၊  ဘယ်သက်ဆိုင်
ရာဌာနမှမသိသလို ၊ဘယ်အမျိုးသမီးရေးရာ။ဘယ်ပါတီ၊ ဘယ်လွှတ်တော်အမတ်၊  ဘယ်ဝန်ကြီးမှမသိကြပါ၊
                                                ဒါကြောင်းဗုဒ်ဓဘာသာဝင်မြန်မာအမျိုးသမီးများ ဘာသာခြားလူမျိုးခြား
များနှင့် အိမ်ထောင်ကျသောအချိန်တွင် ၊ဘာသာပြောင်းရခြင်း၊ အယူမတူ အသွင်မတူ လူမျိုးတို့နှင့် ယှဉ်တွဲ၍
နေထိုင်ရခြင်းစသော  စိတ်ဆင်းရဲ ၊ကိုယ်ဆင်းရဲဘ၀ကို ဖြတ်သန်းရခြင်းဆိုသော  စိတ်ညစ်မှုကတစ်မျိုး၊ အိမ်
ထောင်ရေးအဆင်မပြေခွဲကြ ကွဲကြသည့်အခါမှာလည်း  မယားပိုင်ဆိုင်မှုတစ်ခုမှမရခြင်း  မုဆိုးမတစ်ခုလပ်ဘဝ
သို့ရောက်ရခြင်း၊ အလုပ်လက်မဲ့ဖြစ်ခြင်း၊ ရရှိလာသည့်သား၊ သမီးများကိုကျွေးမွေးရခြင်းအစရှိသော လူမှုဘဝ
ဒုက္ခအဖုံဖုံကို ခံစားကြရသော  ဒုက္ခတို့ကတစ်မျိုး ၊ မြန်မာအမျိုးသမိးများသည် ဆူးကျဖက်ပေါက် ၊ဖက်ကျဖက်
ပေါက် ၊ဆို့သည့်အတိုင်း အတူတကွပေါင်းသင်းသော်လည်းဒုက္ခ၊ ကွဲပြန်သော်လည်းဆင်းရဲတွင်းနက်ကြပြီး
မိအေးနှစ်ခါနာ အဖြစ်မျိုးနှင့်ကြုံရပါတောသည့်၊ မြန်မာနိုင်ငံမှ တိုင်းရင်းသူ တိုင်းရင်းသားများသည် တစ်လင်တစ်
မယားစနစ်ဖြစ်သည့်အတွက်ကြောင်း  တစ်သက်တာလက်တွဲလျှောက်လှမ်းရမည့် ကြင်ဖော်ကိုလေးလေးနက်
နက်စဉ်းစားပြီးမှ ဆုံးဖြတ်ကြရပေလိမ့်မည်၊ ရှေးစာဆိုဆရာများက အမျိုးသမီးများအတွက်အိမ်ထောင်ရေးနဲ့ပတ်
သတ်လို့ အိမ်ထောင်မှု ဘုရားတည်  ဆေးမှင်ရေစုတ်ထိုး  ဤသုံးမျိုးအချက်မပိုင်ကေ နောင်မှာပြင်ဖို့ခက်တယ်
မျိုးလို့ ရေးထားခဲ့ပါတယ် ၊ အိမ်ထောင်ပြုမှုသတိပြုစေချင်တယ် ၊ဒီပို့ကိုရေးတဲ့ကျွန်တော်ကအမျိုးသမီးတွေကို
ချုပ်ချယ်တာလည်းမဟုတ်ပါဘူး သိစေချင်ပါတယ် မိန်းမတွေဟာ ငယ်ငယ်ရွယ်ရွယ်တုန်းမှာ စိတ်ကလွတ်ပြီး
လုပ်ချင်တာကိုလျှောက်လုပ်လေ့ရှိကြပါတယ်  ငယ်ငယ်ရွယ်ရွယ်မှာတောဘာမှလည်းသိမှာလည်းမဟုတ်ပါဘူး
အိမ်ထောင်ကျ သားသမီးတွေမွေးဖွားလာတာနဲ့ အဲဒီအခါမှသာလျှင် ဘာသာရဲ့တန်ဖို့ကိုနားလည်လာပါမှာ
မြန်မာနိုင်ငံသား သို့မဟုတ်နိုင်ငံသူ ဗုဒ်ဓဘာသာစစ်စစ်တစ်ယောက်ဘာသာခြားနဲ့ရသွားမယ်ဆိုရင် အဲဒီလူ
ဟာမြန်မာနိုင်ငံသားနဲ့မတူတောဘူး နိုင်ငံခြားသားလိုဖြစ်သွားပြီ ဘာဖြစ်လို့လဲဆိုတော မြန်မာနိုင်ငံမှာတန်
ဖို့အထားဆုံးရွှေတိဂုန်တို့ ဆူးလေးတို့ဘုရား လူဆိုးလူမိုက်တွေကဖျက်တောမယ် ဆိုရင် ဘာသားခြားကို
ယူသွားတဲ့ယောကျာ်းမိန်းမတွေက အဲဒီအကြောင်းနဲ့ပတ်သတ်လို့နှစ်လုံးမတုန်တောဘူး  ရင်မခုံတောဘူး
မခံစားတောဘူး နိုင်ငံခြားသား တွေမြန်မာနိုင်ငံမှာလာနေသလိုမျိုးဖြစ်သွားပြီး  ယဉ်မှုတွေလည်းပြောင်းသွား
မယ်  မြန်မာယဉ်ကျေးမှုတွေကိုလက်ခံမှာမဟုတ်တောဘူး ဒါတွေကဘာသာခြားကိုယူရင်ဖြစ်လာမယ့်ပြဿ
နာတွေလေ ဒါကြောင်းယောကျာ်းတွေပဲဖြစ်ဖြစ် မိန်းမတွေပဲဖြစ်ဖြစ်  ကိုယ့်ဘာသာကို ဘာသာတူတဲ့လူတွေနဲ့
လက်ထပ်ထိမ်းမြားစေချင်တယ် ဒါမှစိတ်တူကိုယ်တူ ဘုရားသွားကျောင်းတက် ရှေ့သွားနောက်လိုက်ညီမှာ
ရှေ့သွားနောက်လိုက်ညီမ စိတ်ချမ်းသာမှာ မဟုတ်ရင် သာယာမှုလေးခဏတာကိုဦးစားပေးပြီးဘာသာခြားတွေ
ကိုယူမည်ဆိုရင်တောတစ်ဘ၀လုံးတောင်မက တစ်သံသရာလုံးအရှုံးတွေနဲ့ရင်ဆိုင်သွားရလိမ်မည်လို့စာရေးသူ
နေနဲ့အမျိုးသမီးများဘာသာသာသနာကိုစောင့်လျှောက်ထိန်းသိမ်းနိုင်ကြပါစေလို့ဆန္ဒပြုလျှက်ဒီပို့စ်ကိုတင်လိုက်ရခြင်းဖြစ်ပါတယ် ။
ကျော်မိုးလွင်

0 comments:

Post a Comment

 
Top