မိုးကြီးသည်းထန်စွာ ရွာသွန်းသည်ရှိသော်
 မိုးရေတို့သည်  ကုန်းမြင့်တောင်ထိပ်တို့မှနေ၍ မြေနိပ့်ရာသို့ စီးဆင်းကြလေ၏။
ထိုမိုးရေတို့သည် ရှေ့ဦးစွာ မြေပက်ကြားတို့ကို ပြည့်လျှံစေ၍
ထို့နောက် ချောင်းငယ် မြောင်းငယ်တို့ကို ပြည့်လျှံစေပြီး
နောက်တွင် အိုင်ကြီး၊ အိုင်ငယ်အသွယ်သွယ်တို့ကို ပြည့်လျှံစေ၏။
နောက်ဆုံးတွင် အိုင်ကြီးအိုင်ငယ်များမှ မြစ်ကြီးမြစ်ငယ်များ
သမုဒ္ဒရာ ပင်လယ်တို့ကို ပြည့်လျှံစေ၏။
ထို့ကဲ့သို့ အဆင့်ဆင့်ပြည့်လျှံရခြင်းသည်
မိုးရွာခြင်းတည်းဟူသော အခြေခံ အကြောင်းရင်းကြောင့်ပင်ဖြစ်ပါသည်။
မိုးရွာသွန်းခြင်းမရှိပါက ပက်ကြား၊အိုင်ကြီး၊အိုင်ငယ်၊
ချောင်ငယ်၊ဖြစ်ငယ်နှင့် ပင်လယ်သမုဒ္ဒရာတို့၌
ရေ ပြည့်လျှံခြင်းသည် ဘယ်လိုမှ မရှိနိုင်ပါပေ။
ဤအတူ လောက၌ လူသားတို့သည်
အချင်းချင်း တစ်ဦးနှင့် တစ်ဦး စည်းလုံး ညီညွတ်မှုရှိပါက
ဝမ်းမြောက် ၀မ်းသာပျော်ရွှင်စွာ နေကြရကုန်လေ၏
ထို့သို ၀မ်းမြောက်ဝမ်းသာ ရှိရခြင်းကြောင့် အပြောအဆို၊ အပြုအမူ
အလုပ်အကိုင်၊အတွေးအခေါ် အကြံအစည်ဟူသမျှတို့သည်
အကျိုးရှိ ကောင်းမွန် သန့်ရှင်စွာဖြင့်
ပြုမူ၊လုပ်ကိုင်၊ပြောဆို၊ကြံစည်ကြ၏။
ထို့ကြောင့် အချင်းချင်း မနာလိုဝန်တိုခြင်း၊
ကောက်ကျစ်စဉ်းလဲခြင်း၊အနိုင်ကျင့် အမြတ်ထုတ်ခြင်း
စိုးရိမ်ကြောင့်ကြရခြင်း၊ ဆင်းရဲပင်ပန်းခြင်းတို့သည်
ကင်းရှင်းကြကုန်၏။
ကျေနပ် နှစ်သစ်ခြင်း၊ ရောင်ရဲတင်းတိမ်ခြင်း၊
စိတ်ချယုံကြည်ရခြင်းစသော
ချမ်းသာ သုခများကို ရရှိကြရကုန်လေ၏။
ဤသည်ကား အချင်းချင်း စည်းလုံးညီညွတ်မှုကို အရင်းအနှီးပြု၍
ဖြစ်ပေါ်လာသော အကျိုးအမြတ်တို့ပေတည်း
စည်းလုံးညီညွတ်ခြင်းသည် အကြီးမားဆုံးသောအင်အား
တစ်ရပ်ဖြစ်သည်ဆိုတာကိုဘယ်သူမှငြင်းပါယ်နိုင်မည်မဟုတ်ပေ 
စည်းလုံးညီညွတ်ခြင်းဖြင့်မြန်မာနိုင်ငံတော်ဘေးအန္တရာယ်
တွေကိုကာကွယ်စောင့်ရှောက်နိုင်ကြပါစေ။
ကျော်မိုးလွင်

0 comments:

Post a Comment

 
Top