ဓမ္မ နှင့် အဓမ္မ အတူ ယှဉ်တွဲဖို့ မကြိုးစားကြပါနှင့်" အဓမ္မကြီးစိုး နေသော နေရာ မှာ ဓမ္မ မတည်နိုင်ပါဖူးအဓမ္မမျိုး စေ့ချ၍ ပေါက်လာသောအကုသိုလ်အပင်ပေါ်မှာတရားမျှတအေးချမ်းသာယာ သည့် ဓမ္မ အသီးအပွင့် မသီးနိုင်ပါဖူးမြန်မာပြည် မှ ရဟန်းတော် အချို့  အနေဖြင့် တိုင်းပြည်တွင် မီးရွှံ့ ဖျက်ဆီ အကြမ်းဖက် မှု များ ပေါ်ပေါက် လာသည့် အခါတိုင်း (၁) အမှန်တရား ကို မျက်ကွယ်ပြု ၍ နေလို ကနေပါ မိမိ တို့ “ ကိုယ်ပိုင် ခံယူချက်ပါ (၂) အစွန်းရောက် တစ်စောက်ကန်း ကို အားပေး လို က လည် မိမိ တို့  သဘောပါ (၃) လူမျိုးရေး မုန်းတီးမှု ကို ဆက်၍ အားပေး လို က လည်း မိမိတို့ သဘောပါ။ သို့ သော် တိုင်းပြည်ကို ကို်ယ်ကျိုး စွန့်  ကာတည်ဆောက်ပြု ပြင်ရန် လက်တွေ့ အလုပ်အကြွေးပြု နေသော ဒေါ်အောင်ဆန်းစုကြည် နှင့် အခြားကိုယ်ကျိုးစွန့် အနစ်နာခံ နေသူများ ကို မဆီမဆိုင် သင်္ကန်းမှ အားမနာ.....သိမ်ဖျင်းသော စိတ်ဓါတ်ဖြင့် အပုပ်ချနေခြင်း ကိုတော့ ရပ်သင့်ပါပြီ..... ဒါဟာ တိုင်းပြည် မှာ ရှိတဲ့ မျိုးဆက်သစ်လူငယ်တွေ ရဲ့ မျော်လင့်ချက် ရောင်နီ ကို ရိုက်ချိုး ပစ်လိုက်တာပါပဲ ဒီလူတွေ ဟာ အနာဂါတ် မြန်မာပြည်သူပြည်သား... ကျွှန်ုပ်တို့ ၏ ဆွေမျိုး သားသမီးမျိုးဆက် တို့ ၏ ...ကောင်းမွန်သော စစ်မှန်သော တရားမျှတသော စနစ်တစ်ခု ရရှိ ရန် အလုပ် ဖြင့် သက်သေ ပြနေသူများဖြစ်ပါတယ်....ပြည်သူအားလုံးအတွက်ကောင်းမွန်သောပညာရေး ကျန်မာရေးစောင့်ေ၇ှာက်မှု .. စီပွားရေး ..လုံခြုံရေး အေးချမ်းသာယာရေး စတဲ့ ကောင်းမွန်သော စနစ်တစ်ခု ရရှိစေရန် ကိုယ်ကျိုးစွန့်  တောင်ရွက်နေသူများဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့  စိတ်ထဲ ရှိနေသော ညစ် ညမ်းသည့် လူမျိုးရေး မုန်တီးမှု အညှိုး ကို အခြေပြု၍ ပြည်သူ အားလုံးရဲ့ မျော်လင့်ချက် ကို ရိုက်ချိုးဖျက် ဆီးနေခြင်းမှ ရပ် တန်းသင့်ပါပြီ ငါ့အမျိုး...ငါ့ ဟာ ငါ ဆရာ ဆိုတဲ့ သာသနာပ အယူ နဲ့  အကြောင်းပြ ဖို့ စိတ်မကူးကြပါနဲ့ တော့ လူတွေ အားလုံး အကြောင်းမှန်ကို သိနေကြပါပြီ ကျေးလက် က မသိနားမလည်တဲံ ရိုးသားတဲ့ တောင်သူ မိသားစု တွေ ကို အဆိပ်တရား ဆက်ဖြန့် နေခြင်း ကို ရပ် ကြသင့်ပါပြီ သင်္ကန်းကို အားနာပေမဲ့ မတရားတာကို အားမနာတတ်ပါ ။ ကြိုတင် ၀န်ခံထားပါရစေ ဒီပို့စ်က ဗုဒ္ဓဒေသနာဟောမိန့်ချက် မဟုတ်ပါ မြန်မာပုထုဇဉ်တစ်ဦးရဲ့ ပါးစပ်ထွက်သာ ဖြစ်ပါကြောင်း ဓမ္မမိတ်ဆွေအပေါင်း ရှောင်လိုက ရှောင်သွားကြပါကုန် အတိတ် ... အဲဒိအတိတ်တွေ ... မေ့ချင်ခဲ့တယ် မေ့ချင်ယောင်လဲ ဆောင်နေခဲ့တယ် ။ ဘုန်းကြီးနဲ့ နိုင်ငံရေး လားလားမှ မတန်ဆိုတဲ့ ရီနေဆန့်ခေတ်မှာ သင်္ကန်းဝတ်ခဲ့သူတွေမို့ နိုင်ငံရေးအမှိုက်အရှုတ်များက ဆွမ်းသပိတ်ထဲထိ ကျခဲ့တဲ့ ဥပေက္ခာမပွားနိုင်ခဲ့တဲ့ အတိတ်ညဆိုးတွေ..။ မြန်မာ့နိုင်ငံရေး အမှောင်ညတွေက ဘယ်နေ့မှာ လင်းလေမလဲ ? အဓမ္မကို ဖီဆန်ဖို့အတွက် အရဟတ္တဓဇ သင်္ကန်းတော်မြတ်က အဟန့်အတားတစ်ခုအဖြစ် ပြန်မကြည့်မိနိုင်လောက်အောင် ခေတ်စနစ်ရဲ့ ဇာတ်နာကြီးကို ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ ဒီနေ့ထိ ကနေကြရဆဲ နိုင်ငံရေး မတည်ငြိမ်လျှင် သာသနာရေးလဲ ကောင်းစွာ ထွန်းကားစည်ပင်အောင် မပြုနိုင်တော့ကြောင်း ရှင်တော်ဗုဒ္ဓ ဟောချခဲ့သည်မှာ မှန်လွန်းပေစွ ။ သင်္ကန်းဝတ်တွေဟာ မိမိအလုပ်ကို (ခေတ္တ)ရပ်နားပြီး သပိတ်စခန်းအမျိုးမျိုး .. တောင်းဆိုမှု အဖုံဖုံ လူထုတိုက်ပွဲ ပြည်သူ့အသိုက်အအုံနဲ့အတူတူ ပါဝင်ခဲ့ရုံသာမက လမ်းမတွေထက်မှာ ချွေးစက် သွေးစက်များနဲ့ စတေးခဲ့ကြ .အကျဉ်းထောင်ရုံအိုတွေထဲမှာ အရှက်မဲ့စွာ ၀ါဆိုခဲ့ကြတယ် အကျဉ်းသားဖြစ်တော်စဉ်က သင်္ကန်းနဲ့ မတန်ပေစွ ။ ဒီဇာတ်နာကြီးရဲ့ တစ်ဒေါင့်တစ်နေရာမှာ ဒီမြေဒီရေ ဒီပြည်သူ ဒီတိုင်းရင်းသားတွေကြားက ပေါက်ဖွားလာကြခဲ့တဲ့ ဘာသာရေးဆရာ အာစရိတွေလဲ ခေါင်းရှောင်နေလို့ ရနိုင်ရိုးသတဲ့လား ? ကိုးကွယ်ခံပုဂ္ဂိုလ်လူတန်းစားအဖြစ်မှ စစ်ဖိနပ် စစ်သေနတ်ကြောင့် လူရမ်းကားသဖွယ် ပြေးလွှားခဲ့ရသလို ဆန္ဒပြထွက်တိုင်းနောက်ဆုံးအခြေအနေမှာ အသက်ပါ စတေးကြ .. စစ်ကြောရေးငရဲခန်းမှာ (၁၃၅)စုသော အမျိုးများအတွက် ပေးဆပ်ခဲ့ကြ.. အမှတ်မရှိစွာ သင်္ကန်းဝတ်တို့ အသက်ပါပေးဖို့ အကြိမ်ကြိမ် အဓိဋ္ဌာန်ချခဲ့ကြတယ် ။ ၂၀၀၇ သံဃာ့တပ်ဦးမှာ ဓာတ်တိုင်နဲ့ ပူးတုတ်ရိုက်ကာ ကမ္ဘာသိအရှက်ခွဲ ခံခဲ့ရသလို လက်ပံတောင်းတောင် ခရိုနီရေးမှာ ဗုံးဒဏ်တွေလဲ တသီချည်းအလှူခံခဲ့ရတယ်တစ်ခေတ်ပြီးတစ်ခေတ်နိုင်ငံရေးယဇ်ကိုပူဇော်ပသရင်းနဲ့ ဆေးရုံ ဆေးခန်းတွေက သင်္ကန်းဝတ်သူအတွက် မဟန်ပေစွ ခေတ်ကြီး ဘယ်တော့ ကောင်းမလဲ အတွေးတွေနဲ့ ထောင်ထွက်ကြီးတွေကို ခဏခဏ မေးခဲ့ရတာကလဲ အမော တကယ် မျှော်လင့်ချက်ကြီးနဲ့ မင်းကိုနိုင်ကို ထီးတော် မိုးပေးခဲ့သလို နိုင်ငံရေးသမားဆိုသူတိုင်းကို နည်းမျိုးစုံ အကူအညီ ပေးခဲ့တယ်။ ရှေးခေတ်ရဟန်းတော်များ မိခင်မိစ္ဆာနိုင်ငံများမှ စနစ်ဆိုးဒဏ်ကြောင့် တိမ်းရှောင်ထွက်ပြေးကြရသလို ပြေးစရာ မြေမဲ့တဲ့ ဒီနေ့ခေတ်မှာ ထောင်ထွက်ကိုယ်တော်ကြီးတွေလို့ (မတရားသဖြင့်) နာမည်ပျက်ရာဇ၀တ်စာရင်းနဲ့သာ ဒီမြေဒီမြေမှာ အညှင်းခံခဲ့ကြ .. သင်္ကန်းဝတ်နဲ့ မတန်ပေစွ .. တကယ်တော့ သင်္ကန်းဝတ်တွေလို့ ရင့်ရင့်သီးသီး လူ့မိစ္ဆာကြီးတွေ သုံးသလို သုံးရပေမဲ့ ကာလ/ဒေသ အခြေအနေပုဂ္ဂလနဲ့ ကိုက်ညီမည့် ဓမ္မ၀ါဒကို ဖော်ဆောင်ချင်သူတွေပါ မမှန်တာကို အမှန်ပါလို့ ဘာအတွက် လော်လီ လုပ်ကြမည်နည်း ? အဓမ္မနဲ့ တွေ့တဲ့အခါတိုင်း မနေတတ် မထိုင်တတ် တုန့်ပြန်တတ်ကြတာ သင်္ကန်းဝတ်တွေရဲ့ ၀ါဒပါ 2007 သံဃာထု ပြိုကွဲအလွန်မှာ OIC ကန့်ကွက်ပွဲနဲ့ အဓမ္မတော်လှန်ရေးအတွက် တစ်နိုင်ငံလုံး သံဃာ့အင့်အားကို ပြန်စုရတာက မတရားလမ်းလျှောက်ပွဲလို့ ဆိုဦးမလား ? ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူတွေကို NLDကို အမှန်မခြစ်ရင် ငါနဲ့ တွေ့မယ်လို့ မတရားတဲ့ ဒီမိုကရေစီ သြ၀ါဒမိန့်ခွန်းရှည်တွေ ခြွေကြရင်း စိုးရိမ်စိတ်တွေ ပိုခဲ့ကြ.. မတရားကို မတရားနဲ့ဘဲ ယှဉ်မိကြသည်ထိ (ပုဂ္ဂိုလ်ရေးမုန်းတီးမိသည်ထိ) အာဏာရှင်စနစ်ကို မုန်းတီးပစ်ခဲ့ကြတယ်.. သင်္ကန်းဝတ်နဲ့ မတန်ပေစွ အနု အကြမ်း ဇာတ်ကောင်မျိုးစုံသုံးနေတဲ့ ဘောင်ဘီချွတ် မင်းသားကြီးတွေကို မယုံကြည်ခဲ့သလို နည်းနည်းလေးမှ မျက်နှာသာမပေးတဲ့ အန်တီစုကြီးကိုလဲ ခုတော့ တကယ် စိတ်မကောင်းစွာနဲ့ ခပ်ပြတ်ပြတ်ဘဲ ပြောမယ် အားမပေးရဲ့ဝံ့ကြတော့ .. ဘယ်ဆီမှန်းမသိတဲ့ တတိယသူရဲကောင်းကို မျှော်ကိုးမိကြရပြန်သည် ကနေ့ထိ အဓမ္မ၀ါဒီတွေ့ရဲ့ လူစုခွဲခြင်းကို ခံရခဲ့ပေမဲ့ ဒီနေ့ အင်းစိန်မှာ လူပြန်စုနေပါပြီ .. ပဋိယတ် ပဋိပတ် လုပ်ငန်းစဉ်တွေ မဟုတ်ပေမဲ့ အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးဆိုတဲ့ မြန်မာပြည်သား ဘိုးဘွားတို့ ချမှတ်ပေးခဲ့တဲ့ အမွေအနှစ်တွေနဲ့ လူငယ်မျိုးဆက်သစ်တွေပါ ပါဝင် ဖွဲ့စည်းနေကြပြီ ။ သင်္ကန်းဝတ်တွေဟာ လိုအပ်တဲ့အချိန်မှာ အန်တီစုကို သောက်သောက်လဲ ကြိုဆို အားပေး ကာကွယ်/၀န်းရံပေးခဲ့ကြသလို မိမိမူ မိမိဝါဒအတိုင်း အဓမ္မ၀ါဒကို အားပေးလာရင်လဲ ဥပေက္ခာရှုဖို့ ၀န်မလေးတတ်ကြ အားမနာတတ်ကြ ။ ရန်သူမရှိ မိတ်ဆွေမရှိ နိုင်ငံရေးဝါဒကို ကြိုသိကြပေမဲ့ တရားကို မင်သလို ပုဂ္ဂိုလ်လဲ ခင်ချင်တတ်ကြတဲ့ မြန်မာပြည်ဖွား တိုင်းရင်းသားစုံလင်တဲ့ ဂါမ၀ါသီ သင်္ကန်းဝတ်များအတွက် လက်သုံးစကားက (၁၃၅)မျိုးသော အမျိုးတွေပေါ် အစွဲဥပါဒါန် မကင်းတဲ့ အမျိုးသားရေးဝါဒသာ ဖြစ်နေဆဲ ပုထုဇဉ်ဆန်နေဆဲ ဒါပေမဲ့ မချစ်သော်လဲ မမုန်းတတ်ကြတဲ့ သင်္ကန်းဝတ်တွေဟာ အမေကျော် ဦးလေး/အဘကို မလွမ်းတတ်သလို မိဘမဲ့ဘ၀နဲ့ အနေကြာခဲ့ပြီမို့ အမေ စွန့်ခဲ့ရင်တောင် ကိုယ့်မူ ကိုယ့်ဝါဒနဲ့ ရဲရဲ လျှောက်နိုင်ကြတယ် တကယ်တော့ စစ်တန်းလျားကို စစ်သားတွေ ပြန်မှ သင်္ကန်းဝတ် သားတော်မြတ်တွေကျောင်းသင်္ခမ်းဆီ ပြန်ချင်ကြတယ်ဆိုတာ အန်တီစု အသိပါ မိဘမဲ့တစ်ယောက်လို တကယ် စိတ်မကောင်းပါ မိဘမေတ္တာကို သားတိုင်း ခံယူချင်ကြတယ် ၉၆၉ - တံဆိပ်တော်မြတ်ကို မနာလိုစွာ မိတ္ထီလာ အုတ်ကန် လာရှိုး အကြမ်းဖက်နာမည်ဆိုးနဲ့ အမျိုးမျိုးတပ် အကြံအောင်လို့ တစ်ဟားဟား ရယ်သူ မိစ္ဆာဝါဒီတွေ သူတို့ ၀ါဒ သူတို့ တာဝန်ကျေကြပါပေတယ် ဒီသင်္ကန်းဝတ်တွေရဲ့ ကျေးဇူးမကင်းခဲ့တဲ့ ခရီးတူ လျှောက်ခဲ့သူအချင်းချင်း ပညာမတတ်တဲ့ ကတုံးတွေ လို့ ဆဲဆိုအပုတ်ချသူ လူတတ်ကြီးတွေ တာဝန်က မြန်မာပြည်ရဲ့ ပဝေဏီ ဇာတ်နာကြီးကို နိုင်အောင်သာ ကကြဖို့ပါပဲ..လွှတ်တော်အပေါက်ဝထိ သင်္ကန်းဝတ်တွေ လိုက်ပို့ပေးခဲ့သည်ကို မေ့ချင်လဲ မေ့ကြပါလေ ဓမ္မစကူးလ် ၉၆၉အင်းစိန် အမျိုးဘာသာ သာသနာကာကွယ်ရေး လုပ်နေကြတာဟာ မြန်မာပြည်ရဲ့ ဒီမိုကရေစီဒီရေ အရွေ့ မှာ လိုက်ပါရွှေ့ နေကြရတဲ့ ကာလဒေသ စံနှုန်းညီ ဟာကွက်တစ်ခုကို ထုံးစံအတိုင်း တာဝန်ယူနေရတာလို့ ထပ် ရှင်းပြရင် ထပ် ငြင်းကုန်မလား ။ တိုင်းရင်းသားစုံလင်တဲ့ ဗုဒ္ဓဘာသာဝတ်စုံရှင်တို့ရဲ့ အင်းစိန် သံဃာ့အစည်းအဝေးကြီးရဲ့ အမှား/အမှန်ကို သမိုင်းတွေက ဖော်ရေးကြလိမ့်မယ်.. ထောက်ခံကြောင်း မထောက်ခံကြောင်း အာညောင်းအောင် ငြင်းစရာ ဆဲစရာ အပုတ်ချစရာ လိုအံ့ မထင် သင်္ကန်းဝတ်တွေဟာ သင်္ကန်းတော်မြတ်ကို စောင့်ရှောက်ကာကွယ် အားနာ ရိုသေလှ၍သာ ဤသို့ဤပုံ အချိန်ကုန် လူပန်း အနာဂတ်အတွက် ဓမ္မလမ်းကို ဓမ္မ၀ါဒီပီပီ အမုန်းခံ ဖောက်နေကြခြင်းပါ ကိုယ့်ကိုယ်တောင် ပြန်မသတ်ကောင်းတဲ့ ၀ါဒ ကိုယ့်ပစ္စည်းကိုပင် (မှား)ခိုးခွင့်မရတဲ့ သင်္ကန်းဝတ်တို့ရဲ့ ၀ါဒ .. သူတစ်ပါး သတ်ဖို့ ဖျက်ဖို့ လုယူစော်ကားဖို့ အားပေးတယ်ဆိုတာ ဟုတ်နိုင်ရိုးတဲ့လား ? နိုင်ငံတော်ဥပဒေထက် သေးစိတ်တိကျလှတဲ့ ဗုဒ္ဓ၀ိနည်းသမားတွေက အဆိပ်တရားတွေကို မသိနားမလည်တဲ့ ကျေးလတ်တွေထိ ဖြန့်ဖြူးကြဟု ဘယ်လို့ ဘယ်လိုနဲ့ တွေးမိ ထင်မိ ရေးမိကြပါလိမ့် ! မိစ္ဆာဝါဒီတွေကို တံခါးဖွင့်ဟပေးချင်သူဆိုရင် ကိုယ်တိုင် မိစ္ဆာဝါဒီဲဂိုဏ်းဝင် ဖြစ်လိမ့်မည်..သင်္ကန်းဝတ်တို့က နစ်နာကြေး မတောင်းတတ်သလို နိုင်တဲ့အခါမှာတောင် ညှာတာတတ်ပါတယ်.. ဒီနေရာမှာ ၂၀၀၇ ကာလက စစ်တန်းလျားသို့ ပြန်ကာ အရပ်သားအစိုးရ ပြောင်းပေးလျှင် စစ်ရာဇ၀င်ကြွေးကို ပြည်သူများကမတောင်းဆိုရေးကတိများ ပေးစေချင်ခဲ့ကြသည့် ရွှေဝါရောင်သာဓကတို့က သင်္ကန်းဝတ်တွေရဲ့ အမျိုးသားညီညွတ်ရေး မေတ္တာ စေတနာပြယုတ်တွေပါ ။ သံဃာတော်များက သင်္ကန်းကို အားနာပါတယ်အဓမ္မ၀ါဒကို အားမနာတတ်တာပါ .. ဒီနေ့လုပ်သမျှ အမှားလား အမှန်လား အနာဂတ်မှာ သမိုင်းက သက်သေပြမှာမို့ ဒီတင်ပဲ ရပ်နားပါရစေ (၃)ရက်တာ စည်းဝေးနေသော အင်းစိန် အမျိုးဘာသာ သာသနာကာကွယ်စောင့်ရှောက်ရေး အစည်းအဝေး အောင်မြင်ပါစေ .. ဓမ္မစကူးလ်များ သိန်းသန်းချီ ပေါ်ပေါက်ပါစေ အကြမ်းမဖက် ၉၆၉ ဓမ္မစက် အဆက်မပြတ် လည်ပတ်နိုင်ပါစေ .. ဟု ဆုမွန်ပြုလျက် သံဃာတော်အရှင်မြတ်တို့ကို သင်္ကန်းဝတ်တွေဟု လူ့မိစ္ဆာကြီးများ သုံးထားသည့်အတိုင်း သုံးနှုန်းလိုက်သည်ကို နားလည်ခွင့်လွှတ်ပေးကြဖို့ တောင်းပန်ပါတယ် . အောက်ဖော်ပြပါ လင့်ခ်မှ သင်္ကန်းမှ အားမနာ - ဆိုတဲ့ စကားလုံးကြောင့် ခံစားမိသမျှ ရေးချမိတာပါ သံဃာ့ဖခင်ကြီးများ ပါဝင်သော နိုင်ငံလုံးဆိုင်ရာ သံဃာအဖွဲ့အစည်းကို မတရား ဝေဖန်သူ ဗုဒ္ဓစာပေကို အမှားဖြစ်အောင် ဖျက်ဆီးသူတွေကို သင်္ကန်းဝတ်ထားသူ မိမိက အားမနာတတ်ပါ. သို့သော် တရားမျှတသော အစ္စလာန် ခရစ်ယာန် ဟိန္ဒူဘာသာဝင်မိတ်ဆွေများကို အစဉ်လေးစားလျက်ပါ။ ကျော်မိုးလွင်

0 comments:

Post a Comment

 
Top