မြန်မာဟူသော ဝေါဟာရသည် တိုင်းရင်းသားအားလုံကို ကိုယ်စားပြုသလား။
ဗမာတိုင်းရင်းသားတစ်မျိုးတည်းကိုသာကိုယ်စားပြုသလား။
မြန်မာနှင့်ဗမာ မတူဘူး ဟု ဖင်ပိတ်ပြီးငြင်းနေကြသော သူများအတွက်
မကြေပွဲကိုဒုတိယပိုင်းအနေဖြင့် ဆက်လက်ရေးသားတင်ပြပါမည်။
မြန်မာဟူသော ဝေါဟာရသည် တိုင်းရင်းသားအားလုံးကို ကိုယ်စားမပြုဘဲ ဗမာတိုင်းရင်းသားတစ်မျိုးတည်းကိုသာ ကိုယ်စားပြုတယ်ဆိုတာကို သမိုင်းတွေ၊
အချက်အလက်တွေကို အသာထားပြီး လူပြိန်းနားလည်သောနည်း (ဥပမာ)များဖြင့် တင်ပြသွားပါမည်။

ဘာသာစကား

နိုင်ငံခြားသား မျက်နှာဖြူကောင်တစ်ယောက်ကို မြန်မာနိုင်ငံသားတစ်ယောက်က မေးတယ်ဆိုပါစို့။
‘’ခင်များ မြန်မာစကားပြောတတ်ပါသလား(သို့)ဗမာစကားပြောတတ်ပါသလား’’ဟု သွားမေးခဲ့လျှင်
ထိုနိုင်ငံခြားသားက ပြောတတ်တယ်လို့ ဖြေလိုက်တယ်ဆိုပါစို့။ထိုအခါ ဗမာစကားပြောတတ်သလားလို့ မေးတာကို ထိုနိုင်ငံခြားသားက ဗမာစကားကိုရွတ်ပြလိမ့်မည်။ မြန်မာစကားတတ်သလားလို့ မေးတဲ့မေးခွန်းကိုလည်း သူရွတ်ပြမည့် ဘာသာစကားက ဘယ်ဘာသာစကားလို့ ထင်ပါသလဲ။
ဗမာစကားပါဘဲ။ ပြသနာက အဲဒီမှာ စတွေ့တော့တာပါဘဲ။ ဗမာစကားတတ်သလားဆိုတာကို ဗမာစကား
ရွတ်ပြတာ မဆန်းပေမယ့် မြန်မာစကား တတ်သလားလို့ မေးခြင်းကို ဗမာစကား ရွတ်ပြတာကတော့
လုံးဝ ထူးဆန်းသွားပါပြီ။ ဘာလို့လဲဆိုတော့ ခင်များတို့ဘဲ ပြောထားတယ်လေ။ မြန်မာဆိုတာ တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတယ်လို့ ပြောထားတာကိုး။ဒီတော့ သူပြောလိုက်တဲ့ မြန်မာစကားဆိုတာ
တိုင်းရင်းသား အားလုံးကို ကိုယ်စားပြုတဲ့ ဘာသာစကားဖြစ်ရတော့မယ်လေ။ဒါကြောင့် သူပြောတဲ့
မြန်မာစကားလို့ဆိုရာဝယ် (၁၃၅)မျိုးသော တိုင်းရင်းသားများ၏ ဘာသာစကားကို တတ်မြောက်မှသာလျှင်
မြန်မာစကားတတ်သည်ဟု ဆိုနိုင်ပေမည်။ယခု သူတတ်သော မြန်မာစကားဆိုသည် ဗမာစကားတတ်ခြင်းကို
သူဆိုလိုခြင်းဖြစ်သည်။ သို့ဆိုလျှင် သူပြောတဲ့ မြန်မာစကားဟာ တိုင်းရင်းသားအားလုံး၏ ဘာသာစကားကို ကိုယ်စားပြုသလား၊ဗမာဘာသာစကားတစ်ခုတည်းကို သာ ကိုယ်စားပြုသလားဆိုတာ ခင်များတို့ တွေးကြည့်လို့
ရမှာပါ။ဒီတစ်ချက်တည်းနဲ့တင် မြန်မာစကားဟာ တိုင်းရင်းသားအားလုံး၏ဘာသာစကားအားလုံးကို လုံးဝကိုယ်စားမပြုဘဲ ဗမာဘာသာစကားတစ်ခုတည်းကိုသာ ကိုယ်စားပြုနေကြောင်း လေ့လာသုံးသပ်ရသည်။
သို့အတွက် မြန်မာစကား=ဗမာစကား
မြန်မာ=ဗမာ သာလျှင် ဖြစ်ပြီး မြန်မာဟူသော ဝေါဟာရသည် ကျန်တိုင်းရင်းသားအားလုံးကို လုံးဝလုံးဝ
ကိုယ်စားမပြုဆိုသည်မှာ သည်ဥပမာတစ်ခုတည်းနဲ့တင် ပေါ်လွင်ထင်ရှားနေပါသည်။
အကယ်လို့ မြန်မာစကားသည် တိုင်းရင်းသားအားလုံး၏ ဘာသာစကားကို ကိုယ်စားပြုပါသည်ဟု
ဖင်ပိတ်ငြင်းပါက ဗမာမြန်မာတို့မှာ ဘာသာစကားမရှိဘဲ ဖြစ်သွားပါလိမ့်မည်။

စာပေ

စာပေသည် လူမျိုးတစ်မျိုးအဓွန့်ရှည် တည်တံ့ဖို့အတွက် အသက်တမျှအရေးပါသည်။
ဘာသာစကားနှင့် စာပေ မရှိပါက လူမျိုးပါ ပျောက်သွားပါလိမ့်မည်။မြန်မာနိုင်ငံရှိတိုင်းရင်းသား
အတော်များများတွင်လည်း ကိုယ်ပိုင်စာပေကိုယ်စီရှိကြသည်။

ရခိုင်တိုင်းရင်းသား
ရခိုင်စာပေ

မွန်တိုင်းရင်းသား
မွန်စာပေ

ကရင်တိုင်းရင်းသား
ကရင်စာပေ

သျှမ်းတိုင်းရင်းသား
သျှမ်းစာပေ

ဗမာတိုင်းရင်းသား
ဗမာစာပေ ( မရှိပါ)
မြန်မာစာ
(နိုင်ငံတော်အစိုးရ၏ တရားဝင်ထုတ်ပြန်ထားသော မြန်မာစာသာ ရှိပါသည်။)
ကဲသည်နေရာမှာ ကြည့်ကြရအောင် ။သည်နေရာမှာ မြန်မာစာဆိုတာ
တိုင်းရင်းသားအားလုံးကို ကိုယ်စားမပြုဘဲ ဗမာတိုင်းရင်းသားတစ်ခုတည်းကိုသာ
ကိုယ်စားပြုနေသည်မှာ ထင်ရှားပေါ်လွင်နေပါသည်။
သည်မြန်မာစာဟာ ၊ဗမာတိုင်းရင်းသားတစ်ခုတည်းကို
ကိုယ်စားပြုတာမဟုတ်ဘူး။တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုပါတယ်လို့သင်တို့ပြောရဲသေးလား။
ဖြေကြည့်လိုက်ကြပါအုံး။မဖြေရဲဘူးမလား။အကယ်လို့သင်တို့ကသာ မြန်မာစာဟာ တိုင်းရင်းသားအားလုံးကို
ကိုယ်စားပြုပါတယ်။ဗမာတစ်မျိုးတည်းကို ကိုယ်စားမပြုဘူးလို့ ပြောလာခဲ့ရင် ခင်များတို့ဟာ
ကိုယ့်ကိုယ်ကို ‘’ငါတို့မှာ ကိုယ်ပိုင်စာပေမရှိဘူး’’လို့ ၀န်ခံရာ ရောက်သွားမယ်ဆိုတာ သဘောပေါက်ဖို့ကောင်းပါတယ်။
ဒါကြောင့် ကျနော်ပြောပါတယ်။အမြင်မှန်ရစမ်းပါ။
မြန်မာ=ဗမာ ပါလို့လို့ဝန်ခံလိုက်ပါလို့ပြောနေတာပေါ့။သင်တို့ရဲ့အရှက်တရားကို သင်တို့ကိုယ်တိုင်
ဘာလို့ ခွဲချင်ကြတာပါလိမ့်။
ရိုးရာပွဲတော်

သျှမ်းတိုင်းရင်းသား
တန်ဆောင်တိုင်မီးပုံးပျံပွဲတော်(ကျနော်သိသလောက်သာ တင်ပြခြင်းဖြစ်သည်။)

ကရင်တိုင်းရင်းသား
ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်(ကျနော်သိသလောက်သာ တင်ပြခြင်းဖြစ်သည်)

ကချင်တိုင်းရင်းသား
မနော်ပွဲတော် (ကျနော်သိသလောက်သာ တင်ပြခြင်းဖြစ်သည်)

ရခိုင်တိုင်းရင်းသား
ရခိုင်ရိုးရာရထားဆွဲပွဲတော်၊ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်၊ရခိုင်ရိုးရာ ကျင်ပွဲတော်၊ရခိုင်ရိုးရာလောင်းပြိုင်ပွဲ၊
ရခိုင်ရိုးရာ ရီလောင်းပွဲ(ရခိုင်ရိုးရာသင်္ကြန်ပွဲ)တော်)
(စစ်အစိုးရခေတ်တုန်းကဗမာမြန်မာအစိုးရသည် ရခိုင်ရိုးရာသက်ြန်ပွဲတော်ကို ကျင်းပခွင့်မပြုဘဲ
မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အဖြစ်သာ ကျင်းပခွင့်ပြုခဲ့သည်။ယခုချိန်ထိလည်း ရခိုင်ပြည်မြို့တော်
စစ်တွေတွင် ဗဟိုမန်းဒပ်ကို ရခိုင်ရိုးရာသင်္ကြန်နဲ့ ကျင်းပခွင့်မပြုဘဲ မြန်မာ့(ဗမာ)ရိုးရာသင်္ကြန်ပွဲတော်
အနေဖြင့်သာ ကျင်းပခွင့်ပြုသည်။သည်အချက်တစ်ချက်တည်းနဲ့တင် သူတို့ဗမာမြန်မာအစိုးရ၏
တိုင်းရင်းသားယဉ်ကျေးမှုအပေါ်လွှ့မ်းမိုးလိုသော၊တိုင်းရင်းသားယဉ်ကျေးမှုကို
ပျောက်ပျက်စေလိုသောအတွင်းစိတ်ကို ခန့်မှန်းလို့ရသည်။

ဗမာတိုင်းရင်းသား
ဗမာရိုးရာ သင်္ကြန်ပွဲတော်၊ဗမာရိုးလှေပြိုင်ပွဲ
(သည်လိုမျိုး ဗမာရိုးရာပွဲတော်ဆိုပြီး သင်တို့ကြားဖူး၊မြင်ဖူးကြပါသလား။
ကျုပ်တစ်သက်နဲ့တစ်ကိုယ်ဖြင့် တစ်ခါမှတောင် မကြားဖူး၊မမြင်ဖူးရိုးအမှန်ပါ)။
သို့သော်
မြန်မာ့ရိုးရာ လှေပြိုင်ပွဲ၊မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်
သည်ပွဲတော်တော့ ရှိတယ်မလား။ကြားဖူး၊မြင်ဖူးကြတယ်မလား။
ဒါဆိုရင်ဖြင့် ဒီမြန်မာ့ရိုးရာပွဲတော်ဆိုတဲ့ ပွဲတော်တွေဟာ (၁၃၅)မျိုးသော
တိုင်းရင်းသားတွေကိုယ်စားပြုပါသလား။ဗမာတိုင်းရင်းသားတစ်မျိုးတည်းကိုသာ ကိုယ်စားပြုပါသလား။
သေချာစဉ်းစားကြည့်ကြနော်။သေချာစဉ်းစား။အဖြေကတော့ အဲဒီမြန်မာ့ရိုးရာဆိုသောပွဲတော်သည်
ကျန်တိုင်းရင်းသားတွေကို လုံးဝလုံးဝကိုယ်စားမပြုဘဲ ဗမာတိုင်းရင်းသားတစ်ခုတည်းကို ကိုယ်စားပြုပါသည်။
အကယ်လို့ သင်တို့အနေဖြင့် မြန်မာ့ရိုးရာပွဲတော်သည် တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုပါသည်ဟု
ပြောလာခဲ့သော် သင်တို့မှာ ကိုယ်ပိုင် ဗမာရိုးရာပွဲတော် ဘာမှ မရှိဘူးဖြစ်သွားမယ်ဆိုတာ ရိပ်မိပါသလား။
ဘာလို့လဲဆိုတော့ မြန်မာ့ရိုးရာပွဲတော်သာရှိပြီး ဗမာရိုးရာပွဲတော်လို့မှ မရှိတာကိုး။ဒီတော့
မြန်မာ့ရိုးရာပွဲတော်သည် ဗမာတစ်မျိုးတည်းကို ကိုယ်စားမပြုပါဘူးလို့ ဖင်ပိတ်ငြင်းလာခဲ့လျှင် သင်တို့မှာ
ကိုယ်ပိုင် ရိုးရာပွဲတော်မရှိကြောင်း တိုင်းရင်းသားအားလုံးကို ကြော်ငြာသလိုဖြစ်သွားပါလိမ့်မည်။
ဒါကြောင့်မို့ ကျနော်ပြောနေတာပေါ့။မြန်မာ=ဗမာ မြန်မာဟူသော ဝေါဟာရသည်
ဗမာတိုင်းရင်းသားတစ်မျိုးတည်းကိုသာ ကိုယ်စားပြုပါသည်။သင်တို့လည်း မြန်မာ=ဗမာ ကို လက်ခံဖို့
သင့်နေပြီနော်။စိတ်ကူးမလွဲကြနဲ့တော့ ကိုရွှေ ဗမာမြန်မာတွေ။စေတနာနဲ့ ပြောတာပါ။

ရိုးရာအက

ကရင်တိုင်းရင်းသား

ကရင်ရိုးရာ ဒုံးယိမ်းအက(သိသလောက်သာ တင်ပြခြင်းဖြစ်သည်၊နောက်ထပ်ကျန်နိုင်ပါသေးသည်)

ရခိုင်တိုင်းရင်းသား
ရခိုင်ရိုးရာသျှင်ဒိုင်အက၊ဆီမီးခွက်အက၊ရခိုင်ရိုးရာ တလားအက၊ရခိုင်ရိုးရာ ဗုဓပူဇနိယအက၊
ရခိုင်ရိုးရာ ငစွေအက၊ရခိုင်ရိုးရာကျွဲကျောင်းသားအက၊ရခိုင်ရိုးရာ ကျင်အက၊ရခိုင်ရိုးရာ လှေလှော်အက

ဗမာတိုင်းရင်းသား

ဗမာရိုးရာအက ဆိုပြီး တစ်ယောက်မှ မပြောကြပါ။အစိုးရကလည်း မသုံးပါ။
မြန်မာ့ရိုးရာယိမ်းအက၊မြန်မာ့ရိုးရာအပျိုတော်အက၊ဦးရွှေရိုးဒေါ်မိုးအကဆိုပြီး မြန်မာ့ရိုးရာ အကသာရှိသည်။

အထက်ပါ မြန်မာ့ရိုးရာအကထဲကရှေ့ကနှစ်ခုကို အသာထားပြီး လူသိများသော မြန်မာရိုးရာ ဦးရွှေရိုးဒေါ်မိုးအက
သည် တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုသလား။ဗမာတိုင်းရင်းသားတစ်ခုတည်းကို ကိုယ်စားပြုပါသလား။
အဲဒီဦးရွှေရိုးအကသည် တိုင်းရင်းသားအားလုံးကို လုံးဝကိုယ်စားမပြုပါ။ဗမာတိုင့်းရင်းသားတစ်ခုတည်းကိုသာ
ကိုယ်စားပြုပါသည်။ဒါကြောင့် ကျနော်ပြောသော မြန်မာ=ဗမာ ။မြန်မာဟူသော ဝေါဟာရသည်
ဗမာတိုင်းရင်းသားတစ်ခုတည်းကိုသာကိုယ်စားပြုပြီး မြန်မာနှင့် ဗမာ အတူတူဆိုသည်ကို
သက်သေပြတဲ့ထဲမှာ သည်ရိုးရာအကလည်း ပါဝင်ပေသည်။ဘာ…တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုပါတယ်
လို့ ငြင်းအုံးမလို့လား။ဒါဆိုရင် ခင်များတို့မှာ ကိုယ်ပိုင်ရိုးရာအက တစ်ခုမှမရှိသလိုဖြစ်မသွာံးဘူးလား။
အဲလိုအဖြစ်ခံချင်ရင် မြန်မာနှင့်ဗမာသည် အတူတူဘဲ။မြန်မာနှင့်ဗမာသည် တိုင်းရင်းသားအားလုံးကို မျက်စိလည်အောင် ဗမာမြန်မာအစိုးရကိုယ်တိုင် နားလှည့်ပြီး ပါးကချနေသော နည်းဗျူဟာတစ်ခုသာဖြစ်သည်။



နောက်ထပ်ရေးစရာတွေ၊သာဓကပြစရာတွေကရှိသေးသော်လည်း သည်လောက်နဲ့ဘဲ အဆုံးသတ်ပါတော့မယ်။အထက်ကသာဓက တွေ၊ဥပမာတွေကို ဖတ်ကြည့်လိုက်ရင် ဗမာနှင့် မြန်မာဆိုတာ
အတူတူဘဲဆိုတာ လှည့်စားခံနေရတဲ့တိုင်းရင်းသားတွေအနေဖြင့် သဘောပေါက်လောက်ပြီထင်ပါတယ်။
တကယ်တော့ မြန်မာ=ဗမာဆိုတာ အားလုံးအတူတူပါ။’’မြန်မာ’’ဆိုသည်မှာ
စာနဲ့ပေနဲ့ရေးတဲ့နေရာမှာသုံးပြီး ‘’ဗမာ’’ဆိုသော စကားလုံးကတော့ သာမန်လူမှုပတ်ဝန်းကျင် နေ့စဉ်
ပြောနေကျစကားလုံးတွေအဖြစ် သုံးပါသည်။သို့သော် သူတို့နှစ်ခုက ဘာဘူကြီးနဲ့ အလာကြီးလို
တစ်မျိုးတည်းပါ။ခင်များတို့ရဲ့ ဘုရားသခင်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြောဖူးပါတယ်။
မြန်မာဆိုတာက စာအဖြစ်နဲ့ ရေးတာ။’’ဗမာ’’ဆိုတာက သူသူငါငါ စကားပြောတဲ့အခါမှာ သုံးတာဆိုပြီး ပြောဖူးပါ၏။နောက်တစ်ချက်က ‘’မြန်မာ’’ဟူသော အသုံးအနှုံးသည် Officially အနေဖြင့် ယဉ်ယဉ်ကျေးကျေး အဆင်မြင့်မြင့်သုံးခြင်းဖြစ်ပြီး ‘’ဗမာ’’ဆိုသော စကားကတော့ ဆိပ်ကားသမားကအစ သူတောင်းစားအဆုံး
လူတန်းစားမရွေး သုံးစွဲကြသော စကားတစ်ခုသာဖြစ်သည်။ကျုပ်တို့ရခိုင်တွေကို Arakan ဟုခေါ်ဆိုနိုင်သလို
ခင်များတို့ ဗမာတွေကိုလည်း မြန်မာဆိုပြီး ခေါ်ခြင်းသာဖြစ်သည်။
Arakan=ရခိုင်
မြန်မာ=ဗမာ
တိုင်းရင်းသားအားလုံးနီးပါးသည် မိမိတို့အနေဖြင့် ဗမာမြန်မာအစိုးရ၏
မသိမသာမှ သိသိသာသာ မြန်မာမှု ပြုခံနေရသည်ကို ရိပ်မိကြပုံလုံးဝမပေါ်ပါ။
ဗမာမြန်မာအစိုးရဟာ တိုင်းရင်းသားတွေရဲ့ (အထူးသဖြင့်ရခိုင်တွေ)ရဲ့ စာပေ၊
ယဉ်ကျေးမှုအစဉ်အလာ၊ရှေးဟောင်းအမွေအနှစ် စတဲ့သက်မဲ့အရာတွေနှင့် သက်ရှိလူတွေကို
မြန်မာမှု ပြုနေသည်။သက်ရှိလူကို မြန်မာမှုပြုသော နည်းလမ်းများကတော့
ယခုနောက်ပိုင်း မှတ်ပုံတင်လုပ်သည့်အခါ သက်ဆိုင်ရာ ပြည်နယ်ပြင်ပရောက်(ဥပမာရန်ကုန်ရောက်)တိုင်းရင်းသားတစ်ယောက် မှတ်ပုံတင်လုပ်လျှင်
လူမျိုးနေရာမှာ မူရင်းတိုင်းရင်းသားနာမည်အစား မြန်မာ ဆိုပြီး လုပ်ပစ်သောနည်း၊
သွေးရောစေသောနည်း၊တိုင်းရင်းသားတို့၏ဘာသာစကားနဲ့ စာပေကို ပျောက်ကွယ်အောင် လုပ်သောနည်း
တွေဘဲဖြစ်ပါတယ်။ဒါကြောင့် ကျုပ်တို့လက်တစ်ဆုပ်စာ တိုင်းရင်းသားတွေအနေဖြင့်
မိမိတို့၏ဘာသာစကားနှင့်စာပေကို အပူတပြင်းထိန်းသိမ်းရန်လိုအပ်နေပြီး ဗမာမြန်မာအစိုးရ၏
မြန်မာမှုပြုခြင်းမခံရအောင်လည်း မျက်ခြေမပြတ်သတိထားစောင့်ကြည့်ကာ
မိမိလူမျိုး ၊မိမိယဉ်ကျေးမှု မြန်မာမှုအပြုမခံရအောင် ၊၀ါးမျိုမခံရအာင် ထိန်းသိမ်းစောင့်ရှောက်သင့်ပါသည်။
နောက်ဆုံးပြောချင်တာကတော့ မြန်မာဟူသော ဝေါဟာရသည် တိုင်းရင်းသားအားလုံးကို ကိုယ်စားမပြုသဖြင့် ပြည်ထောင်စုသမ မြန်မာနိုင်ငံတော်အစား ပြည်ထောင်စုသမတ ရွှေနိုင်ငံတော်လို့ ပြောင်းလဲလိုက်က ပိုမိုသင့်တော်ပါလိမ့်မည်။သိုမဟုတ်ပါက ကျုပ်တို့နိုင်ငံကို ဗမာမြန်မာ
တစ်ခုတည်းက ပိုင်ဆိုင်သလိုမျိုး ဖြစ်နေပါသည်။
                                             ကျော်မိုးလွင်


0 comments:

Post a Comment

 
Top