(၁) တကယ်လို့ ကိုယ့်ကို အဖော်ပြုပေးသူမရှိတဲ့အခါ တယောက်တ
ည်း သီချင်း နားထောင်
ပါ၊ စာဖတ်ပါ၊ စာရေးပါ။ ဒါဟာ ကောင်းတဲ့အကျင့်ဖြစ်တယ်။

(၂) တကယ်လို့ တယောက်တည်း အထီးကျန် ဝမ်းနည်းတဲ့အခါေ
ထာင့်တနေရာမှာ ဒါမှ
မဟုတ် စောင်ကို ခေါင်းမြီးခြုံပြီး ငိုလိုက်ပါ။ တခြားလူရဲ့နှစ်သိမ့်မ
ှုတွေ မလိုပါဘူး။ ငိုပြီးတာနဲ့ စိတ်တွေလန်းဆန်းလာလိမ့်မယ်။

(၃) စိတ်ထိခိုက်တဲ့အခါ ယုံကြည်ရတဲ့သူငယ်ချင်းကို ရင်ဖွင့်ပါ။ တ
ယောက်တည်း စိတ်ညစ်
စရာတွေကို ရင်ထဲ သိုဝှက်ထားရင် ကိုယ့်ကိုယ်ပိုပြီး စိတ်ထိခိုက်စေ
တယ်။

(၄) မပျော်ရွှင်တဲ့အချိန်မှာ ကောင်းကင်ပြာကို မော်ကြည့်ပါ။ ကြယ်
တွေကို ရေတွက်ပါ။ အ
ပြောကျယ်တဲ့ ကောင်းကင်မှာ ကိုယ်နဲ့ သက်ဆိုင်တဲ့ အချစ်တခုတေ
ာ့ရှိလိမ့်မယ်။
"ငါ မဆိုးဘူး" ဆိုပြီး ကိုယ့်ကိုယ် ယုံကြည်မှုတခုတော့ ပေးပါ။

(၅) မိသားစုအပါအဝင် ကိုယ်နှစ်သက်တဲ့သူရဲ့ မွေးနေ့ကို မှတ်ထာ
းပါ။ ကိုယ့်မွေးနေ့ကိုလည်း
မှတ်ထားပါ။ မွေးနေ့မှာ လက်ဆောင်ပေးသူ မရှိရင် ဝမ်းမနည်းပါ
နဲ့။ လှပတဲ့လက်ဆောင်တွေ
ဝယ်ပြီး အဖေ၊ အမေကို ပေးနိုင်ပါတယ်။

(၆) အားလပ်ချိန်မှာ ငြိမ့်ညောင်းတဲ့ သီချင်းလေးတွေ နားထောင်ပါ
၊ စာကောင်းလေး
တွေရှာဖတ်ပါ။ ခဏတာ အိပ်စက်ပါ။

(၇) အခုချိန်ကစပြီး ထက်မြက်သူဖြစ်ပါစေ။ ငါ့ကိုလွမ်းလား? ချစ်
လားလို့ တဘက်သားကို
သွားမမေ့ပါနဲ့။ တကယ်လို့ သူလွမ်းရင်၊ သူချစ်ရင် သူဘာသာသူေ
ပြာလိမ့်မယ်။ ကိုယ်
သွားမေးနေရင် သူဘဝင်မြင့်သွားလိမ့်မယ်။

(၈) ကိစ္စတချို့၊ လူတချို့ကြောင့် ကိုယ့်ကိုယ် သိပ်မရက်စက်မိစေနဲ့။
ဥပမာ-ထမင်း
မစားတာ၊ငိုတာ၊ အခန်း အောင်းတာ၊ စိတ်အနှောင့်အယှက်ဖြစ်တာ
...ဒါတွေက လူနုံ့
လူအ,တွေ လုပ်တဲ့အလုပ်ဖြစ်တယ်။ တခါတလေမှာ နုံ့အ,တာပဲ။

(၉) ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် သူတပါးနောက်ကွယ်မှာ
သူ့မကောင်းကြောင်း
မပြောပါနဲ့။ ပြောခဲ့ရင်လည်း ကောင်းကြောင်းပဲပြောပါ။ မိတ်ဆွေ
တဦး ပိုတာက ရန်သူ
တယောက် တိုးတာထက် ပိုကောင်းပါတယ်။

(၁ဝ) တခါတလေမှာ ကားပိုင်းဆက်တွေ ကြည့်လို့ရတယ်။ ဒါပေမ
ယ့် မှိန်းမသွားရဘူး။
တခါတလေမှာ ဆံပင်တွေ ရှုပ်ပွကြည့်လို့ရတယ်။ ဒါပေမယ့် အချိန်
အခါနဲ့ ကိုက်ညီရမယ်။
တခါတလေမှာ ညစ်ညစ်ပတ်ပတ်တွေ ဆဲကြည့်လို့ ရတယ်။ ဒါပေ
မယ့် ကိုယ့်တယောက်
တည်းရှိချိန် ဒါမှမဟုတ် အရင်းဆုံးသူငယ်ချင်းရှေ့ဖြစ်ရမယ်။ ဆဲပြီး
တာနဲ့ ကိုယ့်ကို စိတ်ညစ်စေတဲ့အရာတွေ မေ့ပစ်နိုင်ရမယ်။

(၁၁) အတတ်နိုင်ဆုံး လူတွေနဲ့ မငြင်းခုန်မိအောင် ကြိုးစားပါ။ ဒေါ
သထွက်နေသူ တ
ယောက်က ကိုယ့်ခံစားချက်ကို မထိန်းနိုင်တဲ့ အရူးတယောက်နဲ့ တြူ
ပီး အရမ်းကြောက်
ဖို့ကောင်းပါတယ်။သည်းခံပြီး ပြဿနာရင်းမြစ်ကိုရှာပါ။ စိတ်တွေ တ
ည်ငြိမ်ချိန်မှ ဖြေရှင်းပါ။
                                ကျော်မိုးလွင်

0 comments:

Post a Comment

 
Top